© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Value Proposition

or

Value Proposition Template ကို ဘယ်လိုအသုံးပြုမလဲ?
Value Proposition Template ကို အသုံးပြုပြီး ကိုယ့်လုပ်ငန်းတွေပိုပြီးအောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် Value Proposition Map အကြောင်း အရင်နားလည်ထားဖို့လိုပါတယ်။
Value Proposition Map ကို ဖန်တီးအသုံးပြုခြင်း ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ သူတို့ရဲ့ ဖောက်သည်တွေဆီကို ပေးနိုင်တဲ့ Value တွေကို နားလည်သဘောပေါက်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
Value Proposition Map မှာဆိုရင် Customer Profile နဲ့ Value Map ဆိုပြီး နှစ်ပိုင်းပါ၀င်ပါတယ်။
✨ Customer Profile မှာဆိုရင်တော့ ကိုယ့်ရဲ့ Customer တွေ အနေနဲ့ ပြီးမြောက်လိုတဲ့ အလုပ်တွေ၊ သူတို့ရှောင်ရှားလိုတဲ့ အတွေ့အကြုံနဲ့ ရလဒ်တွေ၊ သူတို့ ရယူလိုတဲ့ ပန်းတိုင်တွေ ပါ၀င်ပါတယ်။
✨ Value Map မှာဆိုရင်တော့ ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေကို လမ်းကြောင်းရေးဆွဲပေးနိုင်ပြီး၊ ကိုယ့်ရဲ့ Customer တွေမှာ ရှိတဲ့ Pains တွေ ကို ကိုယ့်ဖက်က ဘယ်လိုဖြည့်စည်းပေးနိုင်မလဲဆိုတာတွေ၊ Customer တွေရဲ့ အကျိုးရလဒ်တွေ ပိုရရှိစေဖို့အချက်တွေ ပါ၀င်ပါတယ်။
Value Proposition Map တစ်ခုကို ရေးဆွဲဖို့အတွက် ဆိုရင်တော့ အဆင့် ( 6 ) ဆင့်လိုပါတယ်။
1. ပထမအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းအနေနဲ့ ဦးတည်မယ့်ဖောက်သည် လူအုပ်စုတစ်ခုကို ခွဲခြမ်းလေ့လာ သတ်မှတ်ရပါမယ်။
ကိုယ် ဦးတည်မယ့်လူအုပ်စုတစ်ခုကို သတ်မှတ်တဲ့နေရာမှာ သူတို့ရဲ့ ဝိသေသ လက္ခဏာတွေ၊ သူတို့လိုအပ်ချက်တွေ၊ အပြုအမူတွေကို နားလည်ဖို့အတွက်နဲ့ Customer Segment တွေ အတိအကျသတ်မှတ်ဖို့ လိုအပ်ပါတယ်။
2. ဒုတိယအဆင့်ကတော့ Customer Profile အသေးစိတ်သတ်မှတ်ဖို့ပါ။
ဒီအဆင့်မှာဆိုရင်တော့ ကိုယ့်ရဲ့ ဖောက်သည်တွေက တနေ့တာလုပ်ငန်းဆောင်တာတွေ၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ စိတ်ခံစားမှုတွေ အစရှိသဖြင့် ဘယ်လိုအရာတွေမှာ အောင်မြင်အောင်လုပ်ဆောင်လိုလဲဆိုတာသိဖို့လိုပါတယ်။ ဒီအဆင့်မှာ ကိုယ့်ရဲ့ ဖောက်သည်တွေရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြသနာတွေကို နားလည်ထားဖို့လိုသလို၊ သူတို့ရရှိအောင်မြင်လိုတဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုလဲ သိထားဖို့လိုပါတယ်။
3. တတိယအဆင့်ကတော့ Value Map တစ်ခုကို တည်ဆောက်ဖို့အတွက်ဖြစ်ပါတယ်။
Value Map တစ်ခုကို တည်ဆောက်တဲ့အခါမှာ ကိုယ့်လုပ်ငန်းကပေးနိုင်တဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကိုသေချာ ချမှတ်ရေးဆွဲထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုတွေက ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဘယ်လိုဖြည့်တင်းပေးနိုင်ကြောင်း၊ ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်ကြောင်းဖော်ပြဖို့လိုပါတယ်။
4. အဆင့် 4 ကတော့ Customer Profile ကို Value Map နဲ့ ကိုက်ညီအောင်ပြုလုပ်ဖို့ပါ။
ကိုယ့်လုပ်ငန်းကပေးနိုင်တဲ့ ကုန်စ္စည်းတွေ ၀န်ဆောင်မှုတွေက ကိုယ့်ထောက်သည်လိုအပ်ချက်နဲ့က်ုက်ညီမှု ရှိမရှိ၊ သူတို့အတွက် အဆင်ပြေနိုင်မှုရှိ မရှိ၊ အကျိုးကျေးဇူးဘာတွေရရှိနိုင်မယ် အစရှိသဖြင့် ကိုက်ညီဖို့လိုပါတယ်။
5. အဆင့် 5 ကတော့ ကိုယ့်ရဲ့ယူဆချက်တွေကို စမ်းသပ်ဖို့အတွက်ဖြစ်ပါတယ်။
ဒီအဆင့်မှာ ကိုယ့်ရဲ့ ယူဆချက်တွေက ကိုယ့်ဖောက်သည်တွေရဲ့ တုံ့ပြန်မှုတွေနဲ့ ကိုက်ညီလား ဘာတွေလိုအပ်နေလဲဆိုတာကို စမ်းစစ်လေ့လာရပါမယ်။ လေ့လာတဲ့နေရာမှာလဲ Interview ပြုလုပ်တာတွေ၊ စစ်တမ်းကောက်ယူတာတွေ၊ ရရှိထားတဲ့ အချက်လက်တွေကို ခွဲခြမ်းလေ့လာတာတွေပြုလုပ်ပြီး ကျိုးကြောင်းညီညွှတ်မှုရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။
6. နောက်ဆုံးအဆင့်ကတော့ ပိုတိုးတက်အောင်ပြုလုပ်ရန်ဘဲဖြစ်ပါတယ်။
ဈေးကွက်ပြောင်းလဲမှုတွေနဲ့ ဖောက်သည်တွေရဲ့ တုံ့ပြန်မှုအပေါ်မူတည်ပြီး ကိုယ့်ရဲ့ Value Proposition ကို လိုအပ်သလိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရပါမယ်။ ကိုယ့်ရဲ့ကုန်ပစ္စည်းတွေ ပိုတိုးတက်လာတာနဲ့အမျှ ကိုယ့် ဖောက်သည်တွေအကြောင်းပိုလေ့လာပြီး Value Proposition Map ကို အမြဲ လိုအပ်သလို အဆင့်မြှင့်တင်အသုံးပြုနေရပါမယ်။
Value Proposition Map ကို အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ဖောက်သည်တွေရဲ့ ရှူ့ထောင့်ကို အမြဲ အာရုံစိုက်နေသင့်ပြီး၊ ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့ နည်းဗျူဟာတွေနဲ့ ကိုက်ညီမှုရှိသင့်တဲ့အပြင် စဉ်ဆက်မပြတ်လုပ်ဆောင်နေရမှာဘဲဖြစ်ပါတယ်။
Value Proposition Map အကြောင်းကို ကောင်းကောင်းနားလည်ပြီး Value Proposition Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။