© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Audience Analysis

or

Audience Analysis ဘယ်လိုပြုလုပ်မလဲ?
မားကတ်တင်းပြုလုပ်ဆောင်ရွက်တဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ Audience တွေနဲ့ ထိရောက်စွာ ပြောဆိုဆက်ဆံနိုင်ဖို့အတွက်က အရေးကြီးပါတယ်။
Audience တွေဆီကို ကိုယ်ပေးပို့ချင်တဲ့ သတင်းအချက်အလက်တွေမှန်ကန်စွာပေးပို့နိုင်ပြီး Audience တွေရဲ့ စကားသံတွေကို ကောင်းမွန်စွာလက်ခံနိုင်ဖို့ တစ်နည်းအားဖြင့် ထိရောက်တဲ့ ပြောဆိုဆက်ဆံရေးတွေအတွက် Audience Analysis ပြုလုပ်ဖို့လိုအပ်ပါတယ်။
Audience Analysis ဆိုတာကတော့ လူတစ်ဦးချင်းဆီကိုဘဲဖြစ်ဖြစ် အဖွဲ့စည်းတစ်ခုကိုဘဲဖြစ်ဖြစ် သက်ဆိုင်ရာ Target Audience ရဲ့ လိုအပ်ချက်တွေ၊ နှစ်သက်မှုတွေ၊ ဝိသေသျလက္ခဏာတွေကို အသေးစိတ်သိရှိစေနိုင်ဖို့ ဆက်သွယ်ပြောဆိုဆက်ဆံနိုင်ရန်အတွက် အားထုတ်ကြိုးပမ်းမှုတွေပြုလုပ်ခြင်းဘဲဖြစ်ပါတယ်။
ထိရောက်တဲ့ Audience Analysis ပြုလုပ်ဆောင်ရွက်ဖို့အတွက်ဆိုရင်တော့ အဆင့် ( 5 ) ဆင့်ရှိပါတယ်။
1. ရည်မှန်းချက်ကို သတ်မှတ်ခြင်း
ကိုယ့်လုပ်ငန်းအနေနဲ့ Audience တွေနဲ့ ဘာကြောင့်ဆက်သွယ်ပြောဆိုဆက်ဆံရလဲဆိုတာကိုသိရှိပြီး၊ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုရှင်းလင်းစွာ သတ်မှတ်ထားဖို့အတွက်လိုပါတယ်။ ရည်ရွယ်ချက်ကို ရှင်းလင်းစွာသတ်မှတ်ထားပြီးမှသာလျှင် ကိုယ်လိုချင်တဲ့ရလဒ်တွေနဲ့ ဒါတွေပြည့်မှီနိုင်ဖို့အတွက် ကိုယ့်ရဲ့ Audience တွေကို ဆောင်ရွက်ရမယ့် action တွေကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။
2. Demographic Analysis ပြုလုပ်ခြင်း
ကိုယ့် Audience တွေရဲ့ အသက်အရွယ်၊ ကျား/မ၊ ပညာအရည်အချင်း၊ အလုပ်အကိုင် အစရှိတဲ့ အချက်အလက်တွေနဲ့ အခြားသော Demographic အချက်အလက်တွေကို စုဆောင်းရပါမယ်။ ဒီအချက်အလက်တွေကို စုဆောင်းခြင်းဖြင့် ကိုယ့်ရဲ့ Audience က ဘယ်သူဖြစ်တယ်ဆိုတဲ့ အခြေခံအချက်အလက်တွေကို ကောင်းစွာနားလည်စေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။
3. Psychographic Analysis ပြုလုပ်ခြင်း
ကိုယ့်လုပ်ငန်းကနေ သတ်မှတ်ထားတဲ့ Target Audience ရဲ့ ခံယူချက်သဘောထားတွေ၊ တန်ဖိုးထားမှုတွေ၊ နေထိုင်မှုပုံစံတွေ၊ စိတ်၀င်စားမှုတွေကို လေ့လာစမ်းစစ်ရပါမယ်။ ဒီအချက်အလက်တွေကို လေ့လာစမ်းစစ်သိရှိခြင်းဖြင့် ကိုယ့်ရဲ့ Audience တွေအနေနဲ့ ကိုယ့်လုပ်ငန်းကပေးတဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုလက်ခံရရှိနိုင်မလဲဆိုတာကို လေ့လာဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
4. Behavioral Analysis ပြုလုပ်ခြင်း
ကိုယ့်လုပ်ငန်းရဲ့ Audience တွေရဲ့ အပြုအမူတွေနဲ့ အလေ့အကျင့်တွေကို လေ့လာစမ်းစစ်ရပါမယ်။ Audience တွေရဲ့ ပစ္စည်းတစ်ခုကို ၀ယ်ယူတဲ့ပုံစံ၊ Social Media တွေပေါ်မှာ ပြုလုပ်တဲ့ Activity တွေနဲ့ သူတို့အနေနဲ့ Message လက်ခံရရှိတဲ့အပေါ်မှာ ကြိုက်နှစ်သက်မှုပုံစံတွေကို သိရှိခြင်းဖြင့် ကိုယ့်လုပ်ငန်းအနေနဲ့ Audience တွေဆီကို အရောက်သွားနိုင်မယ့် နည်းလမ်းတွေကို လေ့လာစမ်းစစ်နိုင်ပါမယ်။
5. နည်းဗျူဟာတည်ဆောက်ခြင်း
နောက်ဆုံးအဆင့်အနေနဲ့ကတော့ Audience ကို ဗဟိုပြု အသားပေးတဲ့ နည်းဗျူဟာတွေတည်ဆောက်ဖို့အတွက်ဘဲဖြစ်ပါတယ်။
ဒီအဆင့်မှာဆိုရင်တော့ ကိုယ့်ရဲ့ Target Audience နားလည်တဲ့ ဘာသာစကား၊ နားလည်တဲ့ပုံစံနဲ့ ကိုက်ညီတဲ့ Message တွေကို အသေးစိတ်ဖန်တီးပေးပို့ရပါမယ်။
ကိုယ့် Audience ရဲ့ အလေ့အကျင့်တွေပေါ်မူတည်ပြီး ကိုက်ညီမှုရှိတဲ့ communication channels တွေ ရွေးချယ်ရပါမယ်။
ကိုယ့်ရဲ့ Audience တွေဆီက Feedback တွေကို စဉ်ဆက်မပြတ် ပြန်ကြား‌နိုင်ဖို့အတွက်နဲ့ Feedback ပေါ်မူတည်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး ရေရှည်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်နိုင်ဖို့အတွက် သင့်လျော်တဲ့ Channel တွေကိုလဲ တည်ဆောက်ထားဖို့လိုပါတယ်။
Audience Analysis ဆိုတာကတော့ တစ်ကြိမ်တစ်ခါဘဲပြုလုပ်ရတဲ့အလုပ်တစ်ခုမဟုတ်ဘဲ အချိန်တွေ အင်အားတွေရင်းနှီးမြှပ်နှံပြီး အမြဲချိတ်ဆက်ဆောင်ရွက်နေရတဲ့ process တစ်ခုဖြစ်ပါတယ်။
Audience Analysis ကို ကောင်းမွန်စွာ နားလည်သဘောပေါက်ပြီး အသုံးပြုလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar Audience Analysis ဘယ်လိုပြုလုပ်မလဲ? % https://sapwar.com"