© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Growth Experiment

or

Growth Experiment ဘယ်လိုပြုလုပ်မလဲ?
အောင်မြင်တဲ့ မားကတ်တင်းနည်းဗျူဟာတွေတည်ဆောက်နိုင်ဖို့အတွက်ဆိုရင် Growth Experiment ပြုလုပ်ဆောင်ရွက်ဖို့အတွက်လိုအပ်ပါတယ်။
Growth Experiment ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေကို Hypotheses တွေ စမ်းသပ်လုပ်ဆောင်နိုင်ဖို့၊ campaign တွေ ဆောင်ရွက်နိုင်ဖို့အတွက်နဲ့ ရေရှည်မှာ အောင်မြင်မှုတွေဖြစ်စေဖို့အတွက် အကူညီပေးနိုင်ပါတယ်။
Grow Experiment ကို စနစ်တကျအသုံးပြုနိုင်ဖို့အတွက် အဆင့် ( 6 ) ဆင့်ကို သိထားဖို့လိုပါတယ်။
⭐ Experiment Name
Growth Experiment ပြုလုပ်ဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမယ့်အဆင့်ကတော့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နဲ့အတူ သေချာစီစဉ်ဆောင်ရွက်ထားတဲ့ Experiment Name တစ်ခု စီစဉ်ဆောင်ရွက်ဖို့အတွက်ဘဲ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အခြေခံကောင်းစေဖို့အတွက် တိကျတဲ့ ပန်းတိုင်တစ်ခုကမဖြစ်မနေလိုအပ်သလို၊ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်အတွက် ကိုက်ညီမှုရှိပြီး ရည်ရွယ်ချက်ရှိတဲ့ နာမည်တစ်ခုသတ်မှတ်ထားဖို့ကလဲ အခရာကျပါတယ်။
⭐ Brainstorms
Growth Experiment ပြုလုပ်ဖို့အတွက် နောက်ထပ် အရေးပါတဲ့အဆင့်ကတော့ Brainstorms ဘဲဖြစ်ပါတယ်။ Brainstorms အဆင့်မှာဆိုရင်တော့ မားကတ်တင်းပြုလုပ်ခြင်းတွေ၊ product development ပြုလုပ်ခြင်းတွေ၊ data analysis ပြုလုပ်ခြင်းတွေကနေတဆင့် အားလုံးကိုခြုံငုံမိစေတဲ့အဆင့်ကိုသွားနိုင်ဖို့အတွက် ဆောင်ရွက်ရပါမယ်။ ဒီနေရာမှာ ဆုံးဖြတ်မှုတွေပြုလုပ်တာထက် တီထွင်ဖန်တီးနိုင်စွမ်းနဲ့၊ အကြံဉာဏ်ကောင်းတွေ လွတ်လပ်စွာဖြစ်ပေါ်နိုင်ဖို့အတွက်ကိုဘဲ အသားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ Mind mapping တို့လို၊ SWOT analysis ပြုလုပ်ခြင်းတို့လို၊ Six Thinking Hats နည်းလမ်းအသုံးပြုခြင်းတို့လို နည်းလမ်းတွေကိုလဲအသုံးပြုနိုင်ပါတယ်။
⭐ Prioritize
နောက်တစ်ဆင့်ကတော့ နည်းဗျူဟာကျ ဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက် ဦးစားပေးမှုတွေပြုလုပ်ရမှာဘဲဖြစ်ပါတယ်။ ဦးစားပေးမှုတွေပြုလုပ်တဲ့အခါမှာ သက်ရောက်မှုတွေ၊ လိုက်လျောညီထွေဖြစ်ခြင်းတွေ၊ လိုအပ်တဲ့ အရင်းအမြစ်တွေကိုထည့်သွင်းစဉ်းစားပြီး ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီမှု ရှိမရှိ၊ return on investment အခြေအနေ၊ နည်းဗျူဟာအသုံးပြုမှု စတဲ့အခြေအနေတွေကိုလဲ တွက်ချက်စဉ်းစားရမှာဖြစ်ပါတယ်။
⭐ Build
ဦးစားပေးတွေကိုဆုံးဖြတ်ပြီးတဲ့အခါမှာ winning idea ရရှိလာတာနဲ့တပြိုင်နက် တွေးခေါ်မှုတွေကို လက်တွေ့ဖြစ်လာအောင် စတင်တည်ဆောက်ရပါတော့မယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ အချိန်တွေ၊ key performance indicators ( KPIs ) တွေ အသုံးပြုထားတဲ့အပေါ်မှာ အသေးစိတ်အစီစဉ်တွေချမှတ်ပြီး စမ်းသပ်မှုတွေပြုလုပ်ကာ စတင်ဖို့လိုပါတယ်။
⭐ Test
စမ်းသပ်ဖို့အတွက်ဆိုတာကလဲ Growth Experiment အတွက် မဖြစ်မနေလိုအပ်တဲ့အဆင့်တစ်ခုပါ။ ဖြစ်လာနိုင်ခြေရှိတဲ့ variables အမျိုးမျိုးကိုထည့်သွင်းစဉ်းစားပြီး ကြိုတင်စမ်းသပ်ထားရပါမယ်။ ဒီနေရာမှာ ad versions အမျိုးမျိုးအသုံးပြုကြည့်တာတွေ၊ website copy တွေကို tweak ပြုလုပ်ကြည့်တာတွေ စသဖြင့် ဆောင်ရွက်နိုင်ပါတယ်။
⭐ Analyze
Growth Experiment ပြီးဆုံးသွားတဲ့အခါမှာ နောက်ဆုံးအဆင့်အနေနဲ့ Analyze လုပ်ဖို့ကိုလဲ မေ့ထားလို့မရပါဘူး။ ရရှိသမျှအချက်လက်တွေကို စုဆောင်းပြီး လိုအပ်တဲ့ပြောင်းလဲမှုတွေလုပ်ဖို့လိုသလို၊ အနာဂါတ်ဆက်သွားရမယ့် လမ်းကြောင်းချမှတ်ဖို့လဲလိုပါတယ်။
Growth Experiment ဆိုတာကတော့ မားကတ်တင်းဆောင်ရွက်နေသူတို့အဖို့ အစွမ်းထက် tool တစ်ခုဖြစ်ပြီး နည်းဗျူဟာတွေကို ပိုကောင်းအောင် ဆောင်ရွက်ပေးနိုင်သလို business growth ဖြစ်အောင်လဲ ဆောင်ရွက်ပေးနိုင်ပါတယ်။
Growth Experiment အကြောင်းကို ကောင်းကောင်းနားလည်ပြီး Growth Experiment Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar Growth Experiment ဘယ်လိုပြုလုပ်မလဲ? https://sapwar.com"