© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to SWOT Analysis

or

SWOT Analysis ဘယ်လိုပြုလုပ်မလဲ?
အောင်မြင်ရေးလမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့ စီးပွားရေးလုပ်ငန်းတိုင်းမှာ နည်းဗျူဟာကျစီမံခန့်ခွဲခြင်းဆိုတာလိုအပ်ပါတယ်။
နည်းဗျူဟာကျကျ နည်းစနစ်ကျကျ စီမံခန့်ခွဲနိုင်ဖို့အတွက်ဆိုရင်တော့ အားသာချက်၊ အားနည်းချက်၊ အခွင့်အရေးတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို လေ့လာစမ်းစစ် အကဲဖြတ်နိုင်မယ့် SWOT Analysis ဆိုတာရှိပါတယ်။
SWOT Analysis ဆိုတာကတော့ လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုကို အတွင်းပိုင်းကနေရော ပြင်ပကနေပါ သက်ရောက်မှုရှိနေတဲ့ Strengths ( အားသာချက် ) Weaknesses ( အားနည်းချက် ) Opportunities ( အခွင့်အရေး ) Threats ( ခြိမ်းခြောက်မှု ) တွေကို လေ့လာစမ်းစစ်မှုတွေပြုလုပ်ခြင်းဘဲဖြစ်ပါတယ်။
⭐ SWOT Analysis ရဲ့ ပထမဆုံး S ကတော့ Strength ( အားသာချက် ) ဘဲ ဖြစ်ပါတယ်။
ဒီအဆင့်မှာဆိုရင်တော့ ကိုယ့်လုပ်ငန်းမှာရှိတဲ့ အကျိုးရလဒ်တွေဖြစ်ထွန်းစေနိုင်တဲ့ အားသာချက်တွေကို ရှာဖွေဖော်ထုတ်ပြီး စာရင်း ပြုစုရပါမယ်။ ဒီနေရာမှာ ကျွမ်းကျင်မှု၊ ထူးခြားတဲ့အရင်းအမြစ်တွေ၊ ခိုင်မာတဲ့ Brand တည်ဆောက်မှုတွေနဲ့ Loyal Customer တည်ဆောက်ထားမှုတွေကိုပါထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
ဒီလိုအချက်တွေကို သိနိုင်ဖို့အတွက် ကိုယ့်လုပ်ငန်းအနေနဲ့ ဘယ်နေရာမှာ ကျွမ်းကျင်မှုရှိလဲ? ပြိုင်ဆိုင်မှုတွေမှာ ဘယ်လိုအချက်တွေက ကိုယ့်လုပ်ငန်းကို အားသာစေလဲ၊ ကွဲထွက်စေလဲဆိုတဲ့ မေးခွန်းတွေနဲ့ပြန်စမ်းစစ်ကြည့်နိုင်ပါတယ်။
⭐ SWOT Analysis ရဲ့ ဒုတိယမြောက်တစ်လုံးဖြစ်တဲ့ W ကတော့ Weakness ( အားနည်းချက် ) ဘဲဖြစ်ပါတယ်။
အားနည်းချက်တွေကို သိရှိလိုတယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းအနေနဲ့ အခက်ခဲတွေ စိန်ခေါ်မှုတွေကို ဘယ်လိုအချိန် အနေအထားတွေမှာ ရင်ဆိုင်ရနိုင်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်။ ဒီအချက်မှာဆိုရင်တော့ ကိုယ့်လုပ်ငန်းဝန်းကျင်ကို ကန့်သန့်နေတဲ့အရင်းအမြစ်ရရှိမှုတွေ၊ တိကျသေချာတဲ့ ကျွမ်းကျင်မှု မရှိတာတွေ၊ လုံလောက်ကျွမ်းကျင်စွာ လည်ပတ်နိုင်ခြင်းမရှိတာတွေကို လေ့လာစမ်းစစ်ရပါမယ်။
ဒီအချက်တွေကိုသိနိုင်ဖို့အတွက် ကိုယ့်လုပ်ငန်းရဲ့ ဘယ်လိုနယ်ပယ်တွေမှာ တိုးတက်ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်လဲ? ကိုယ့်လုပ်ငန်းမှာ ဘယ်လိုမျိုးအခက်ခဲ စိန်ခေါ်မှုတွေရင်ဆိုင်ရလဲဆိုတဲ့ မေးခွန်းတွေပြန်မေးဖို့လိုပါတယ်။
⭐ SWOT Analysis ရဲ့ တတိယမြောက်တစ်လုံးဖြစ်တဲ့ O ကတော့ Opportunities ( အခွင့်အရေး ) ဘဲဖြစ်ပါတယ်။
အခွင့်အရေးတွေဆိုတာကတော့ ပြင်ပကနေသက်ရောက်မှုရှိမယ့် ဈေးကွက်ထဲဖြစ်ပေါ်နေတဲ့ ရေပန်းစားမှုတွေ၊ နည်းပညာဆိုင်ရာတိုးတက်မှုတွေ၊ နည်းစနစ်ပြောင်းလဲမှုတွေ အစရှိတဲ့ အချက်တွေဘဲဖြစ်ပါတယ်။
အခွင့်ရေးတွေကိုသိရဖို့အတွက်ဆိုရင်တော့ ကိုယ့်လုပ်ငန်းအနေနဲ့ ပြင်ပမှာ ဘယ်လို ခေတ်ရေစီးကြောင်းတွေ အခွင့်လမ်းတွေနဲ့ ကိုက်ညီလဲဆိုတာကို နားစွင့်ထားဖို့လိုပါတယ်။
⭐ SWOT Analysis ရဲ့ နောက်ဆုံးမြောက်တစ်လုံးဖြစ်တဲ့ T ကတော့ Threats ( ခြိမ်းခြောက်မှု ) ဘဲဖြစ်ပါတယ်။
ဒီအချက်မှာဆိုရင်တော့ ကိုယ့်စီးပွားရေးလုပ်ငန်းကို စိန်ခေါ်မှုတွေ ခြိမ်းခြောက်မှုတွေဖြစ်စေနိုင်တဲ့ ပြိုင်ဆိုင်မှုတွေ၊ စီးပွားရေးကျဆင်းမှု အလှည့်အပြောင်းတွေ၊ ဖောက်သည်တွေရဲ့ ဝယ်ယူမှုပုံစံပြောင်းလဲခြင်းတွေ စတဲ့ပြင်ပကသက်ရောက်နေတဲ့အချက်တွေပါဝင်ပါတယ်။
ဒီအချက်တွေကို သိရှိနိုင်ဖို့ဆိုရင်တော့ ကိုယ့်လုပ်ငန်းကို ဘယ်လိုဆိုးကျိုးတွေသက်ရောက်နေလဲဆိုတာကို နားစွင့်ထားဖို့လိုပါတယ်။
SWOT Analysis ပြုလုပ်ဖို့အတွက်ဆိုရင်တော့
???? လုပ်ငန်းအတွင်းမှာရှိတဲ့ အပိုင်းအားလုံးကိုခြုံငုံမိစေဖို့အတွက် တာဝန်ယူထားတဲ့နေရာအသီးသီးကသူတွေရဲ့ အမြင်တွေကို စုစည်းဖို့လိုပါတယ်။
???? အားသာချက်၊ အားနည်းချက်၊ အခွင့်ရေးနဲ့ ခြိမ်းခြောက်မှုတွေကို အပိုင်းအသီးသီးကအမြင်တွေ စုံလင်အောင် အားလုံးပါဝင်ဆွေးနွေးအကြံဉာဏ်ရယူရပါမယ်။
???? SWOT အပိုင်းလေးပိုင်းမှာ သက်ဆိုင်ရာ အကန့်တွေခွဲလိုက်ပြီး အရေးပါမှုတွေနဲ့ သက်ရောက်မှုရှိတဲ့အရာတွေပေါ်မူတည်ပြီး ဦးစားပေးသတ်မှတ်ထားဖို့လိုပါတယ်။
???? အချက်တစ်ခုနှင့်တစ်ခုကြားဆက်နွယ်မှုတွေနဲ့ ပေါင်းစပ်လို့ရတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။
SWOT Analysis အကြောင်းကို ကောင်းကောင်းနားလည်ပြီး SWOT Analysis Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of 1 person and text