© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to 7-Steps Marketing Plan

or

Marketing Plan ( 7 ) ဆင့်ကို လွယ်ကူရိုးရှင်းစွာ ဘယ်လိုအသုံးပြုမလဲ?
နှစ်ဆယ့်တစ်ရာစု စီးပွားရေးလုပ်ကိုင်ရာမှာ အောင်မြင်မှုရရှိစေဖို့အတွက်နဲ့ လုပ်ငန်းကဆက်လက်ဖွံ့ဖြိုးကြီးထွားနေစေဖို့အတွက်ဆိုရင် သေချာသတ်မှတ်ထားတဲ့စနစ်ကျတဲ့ marketing plan တစ်ခုလိုအပ်ပါတယ်။
Sapwar ကနေ မားကတ်တင်းဆောင်ရွက်နေသူတို့အဖို့ လွယ်ကူအဆင်ပြေစေဖို့အတွက် 7 Steps Marketing Plan Template ကို ဖန်တီးထားပေးပါတယ်။ 7 Steps Marketing Plan Template မှာတော့ အဆင့် ( ၇ ) ဆင့်ပါဝင်ပြီး တစ်ဆင့်ချင်းစီကို အသေးစိတ်နားလည်ထားပြီး ပေါင်းစပ်အသုံးပြုတက်ဖို့လိုပါတယ်။
✨ Titles
ပထမဆုံးအဆင့်ကတော့ ကိုယ့် brand ရဲ့ identity ကို သတ်မှတ်ထားဖို့အတွက်ဘဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းကဘယ်လို ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုကို ဘယ်လိုပုံစံမျိုးနဲ့ ပေးနေပြီး customer တွေအမြင်မှာ ဘယ်လိုရပ်တည်နေတဲ့လုပ်ငန်းတစ်ခုလဲဆိုတဲ့ identity တစ်ခုကို တည်ဆောက်ထားဖို့အတွက်လိုပါတယ်။ ခိုင်မာတဲ့ brand identity တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ Target Audience တွေအနေနဲ့ အမှတ်ရနေစေပြီး သူတို့အတွက် အဓိပ္ပါယ်တစ်ခုခုပေးစွမ်းနိုင်ဖို့အတွက်လိုပါတယ်။
✨ Metrics
ဒုတိယအဆင့်ကတော့ ရည်မှန်းချက်ပန်းတိုင်တွေကို စနစ်တကျပြန်လည်တိုင်းတာနိုင်ဖို့အတွက် Metrics တွေထားရှိဖို့အတွက်ဘဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကလဲ ရှင်းလင်းပြတ်သားနေပြီး တိုင်းတာလို့ရတဲ့ အရာဖြစ်ဖို့အတွက်လိုပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်က ရောင်းအားတတ်ချင်တာဘဲဖြစ်ဖြစ်၊ ဈေးကွက် ရှယ်ယာပိုရယူချင်တာဘဲဖြစ်ဖြစ်၊ brand awareness ဖြန့်ဝေချင်တာဘဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေကို တိုင်းတာနိုင်တဲ့ Metrics တွေထားရှိဖို့လိုပါတယ်။
✨ Market
နောက်တစ်ဆင့်ကတော့ Target Market အကြောင်းကို အတွင်းကျကျသိရှိနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Target market အကြောင်းကောင်းကောင်းသိရှိနိုင်ဖို့အတွက်ဆိုရင်တော့ audience ရဲ့ demographic data တွေအရဘဲဖြစ်ဖြစ်၊ ကြိုက်နှစ်သက်မှုတွေအရဘဲဖြစ်ဖြစ်၊ ဝါသနာစိတ်ဝင်စားမှုတွေအရဘဲဖြစ်ဖြစ် market research သေချာပြုလုပ်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ်ဦးတည်ထားတဲ့ customer တွေရဲ့ လိုအပ်ချက်တွေကို အသေးစိတ်သိရှိနိုင်ပြီး ထိရောက်တဲ့ marketing efforts တွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
✨ Message
ကိုယ့်လုပ်ငန်းရဲ့ marketing message ဆိုတာကတော့ ကိုယ့်လုပ်ငန်း brand နဲ့ ကိုယ် ဦးတည်တဲ့ target audience ကြားမှာရှိတဲ့ တံတားတစ်စင်းလိုပါဘဲ။ Target Audience ဆီကို message ပေးပို့တဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ value proposition ကို ပုံဖော်နိုင်တဲ့ ရှင်းလင်းပြတ်သားတဲ့ ပြိုင်စံရှား message တွေပေးပို့ဖို့လိုပါတယ်။ customer တွေအနေနဲ့ ကိုယ့်ပြိုင်ဖက်လုပ်ငန်းတွေဆီကနေခွဲထွက်ပြီး ကိုယ့်လုပ်ငန်းကိုထူးခြားတယ်မြင်စေဖို့အတွက်၊ ကိုယ့်ကုန်ပစ္စည်း( သို့ ) ဝန်ဆောင်မှုတွေကို အာရုံစိုက်လာစေဖို့အတွက် message က အလွန်အရေးကြီးပါတယ်။
✨ Media
ကိုယ်ရည်ရွယ်ထားတဲ့ လူအုပ်စုတစ်ခုဖြစ်တဲ့ Target Audience ဆီကို ရောက်ဖို့အတွက်ဆိုတာကလဲ Media မှန်ကန်စွာရွေးချယ်နိုင်မှုနဲ့ များစွာသက်ဆိုင်ပါတယ်။ ကိုယ့်လုပ်ငန်းကနေ ဦးတည်ထားတဲ့ audience တွေက ဘယ်လို platforms တွေကို အသုံးပြုသလဲ? ဘယ်လိုအချိန်တွေမှာ ဘယ်လို platforms တွေကို သုံးလဲ? Traditional advertising media တွေနဲ့ digital advertising media တွေကို ဘာတွေအသုံးပြုကြလဲ အစရှိသဖြင့်ထည့်သွင်းစဉ်းစားထားဖို့အတွက်လိုပါတယ်။ ဒါမှသာ audience နဲ့ ကိုက်ညီစေမှာဘဲဖြစ်ပါတယ်။
✨ Money
ထိရောက်တဲ့မားကတ်တင်းပြုလုပ်ဆောင်ရွက်ခြင်းမှာ ငွေကြေးရင်းနှီးမြှပ်နှံမှုကလဲ လိုအပ်ပါတယ်။ ဒီနေရာမှာလဲ Budget ကို စနစ်တကျခွဲဝေအသုံးပြုတက်ဖို့အတွက်နဲ့ ROI ( return on investment ) ကောင်းစေမယ့် channel တွေကို ရှာဖွေအသုံးပြုတက်ဖို့လိုပါတယ်။ အသုံးစရိတ်တွေကို သေချာစောင့်ကြည့်သုံးစွဲဖို့အတွက်လိုသလို marketing channels တွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲခွဲဝေသုံးစွဲနိုင်အောင်လဲ ပြင်ဆင်ထားဖို့လိုပါတယ်။
✨ Milestones
Milestones လေးတွေချမှတ်ခြင်းက ကိုယ့်ရဲ့ တိုးတက်မှုတွေကို ခြေရာခံလို့ရစေနိုင်သလို ဆုံးဖြတ်ချက်တွေချဖို့လဲအထောက်အကူပြုစေနိုင်ပါတယ်။ ကိုယ့်ရဲ့ မားကတ်တင်းနည်းဗျူဟာတွေရဲ့ ထိရောက်မှုကို သေချာ လေ့လာစမ်းစစ်ပြီး ပုံမှန် လိုအပ်သလို ပြုပြင် ပြောင်းလဲမှုတွေပြုလုပ်နိုင်ပါတယ်။
7 Steps Marketing Plan ရဲ့ အချက် ( ၇ ) ချက်မှာ တစ်ချက်ချင်းစီကို စနစ်တကျ လေ့လာအသုံးချတက်ဖို့လိုသလို၊ အားလုံးပေါင်းစပ်အသုံးပြုရင်လဲ ထိရောက်တဲ့ မားကတ်တင်းနည်းဗျူဟာတွေကို ဖန်တီးနိုင်မှာဘဲဖြစ်ပါတယ်။
7 Steps Marketing Plan အကြောင်းကို ကောင်းကောင်းနားလည်ပြီး 7 Steps Marketing Plan Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of 2 people and text that says "sapwar .· Marketing Plan (7] ဆင့်ကို လွယ်ကူရိုးရှင်းစွာ ဘယ်လိုအသုံးပြုမလဲ https://sapwar.com"