© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to User Research

or

User Research ဘယ်လိုပြုလုပ်မလဲ?
အောင်မြင်နေတဲ့ မားကတ်တင်းနည်းဗျူဟာတွေကိုကြည့်လိုက်ရင် အားလုံးမှာ တူညီတဲ့အချက်တစ်ခုကတော့ User Research ပြုလုပ်ထားကြတာပါဘဲ။
User Research ဆိုတာကတော့ ကိုယ့်လုပ်ငန်းရဲ့ဖောက်သည်တွေရဲ့ အပြုအမူ၊ ကြိုက်နှစ်သက်မှုတွေ၊ မျှော်လင့်ချက်တွေအစရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အချက်လက်တွေကိုရရှိစေနိုင်တဲ့ အရာတစ်ခုဘဲဖြစ်ပါတယ်။
User Research ကို မှန်မှန်ကန်ကန်နဲ့ ကောင်းမွန်စွာပြုလုပ်နိုင်ဖို့အတွက် Sapwar ရဲ့ အချက် 6 ချက်အပေါ် အခြေခံထားတဲ့ User Research Template လေးရှိပါတယ်။
???? Research Name
User Research မပြုလုပ်ခင်မှာ ဘာအတွက် ပြုလုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ သွားချင်တဲ့ အနေအထား scope ကို ရှင်းလင်းစွာသတ်မှတ်ထားတဲ့ ပေါ်လွင်စေတဲ့ Research Name လိုအပ်ပါတယ်။
???? User Information
ဒုတိယအချက်အနေနဲ့ကတော့ User Information တွေကို ရရှိဖို့အတွက် demographics နည်းအားဖြင့်သော်လည်းကောင်း၊ Psychographic နည်းအားဖြင့်သော်လည်းကောင်း၊ customer behavior အရသော်လည်းကောင်းအချက်လက်တွေကို စုစည်းဖို့လိုအပ်ပါတယ်။ အချက်လက်တွေကိုစုစည်းပြီးမှသာလျှင် target audience ရဲ့ လိုအပ်ချက်တွေ ကြိုက်နှစ်သက်မှုတွေကိုအသေးစိတ်သိရှိပြီး profile တစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
???? First Impressions
မားကတ်တင်းခေတ်မှာ ကိုယ့်လုပ်ငန်းကို လူတွေမြင်လိုက်တဲ့ ပထမဆုံးအမြင်က အခရာကျပါတယ်။ ကိုယ့်ရဲ့ ဖောက်သည်တွေက စိတ်ထဲမှာ ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအကြောင်း ဘာတွေတွေးနေလဲ? ဘာတွေပြောနေလဲဆိုတာကို သိရှိအောင်လေ့လာရမှာဖြစ်သလို သူတို့ရဲ့ အမြင်ကိုလွှမ်းမိုးနိုင်ဖို့အတွက် impression ကောင်းတစ်ခုကိုလဲ ဖန်တီးပေးနိုင်ရမှာဖြစ်ပါတယ်။
???? Product Tutorial
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အသုံးပြုသူတွေကို လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်အောင် လမ်းညွှန်ပေးနိုင်ဖို့အတွက် ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေရဲ့ features တွေနဲ့ function တွေကို ရှင်းလင်းအောင် product tutorial တစ်ခု ဖန်တီးထားနိုင်ဖို့အတွက်ဘဲဖြစ်ပါတယ်။ User Research ပြုလုပ်နေစဉ်အတောတွင်းမှာလဲ အသုံးပြုသူတွေက tutorial တွေနဲ့ ဘယ်လိုထိတွေ့နေလဲ၊ အဆင်ပြေမှုရှိလား စသဖြင့် လေ့လာစမ်းစစ်နေရမှာဘဲဖြစ်ပါတယ်။
???? Questions
User Research မှာ မဖြစ်မနေပါဝင်သင့်တဲ့နောက်ထပ်အပိုင်းတစ်ခုကတော့ မေးခွန်းတွေထုတ်ဖို့အတွက်ပါ။ သေချာစီစဉ်ထားတဲ့ မေးခွန်းတွေထုတ်ခြင်းက အသုံးပြုသူတွေရဲ့ တွန်းအားဖြစ်စေတဲ့အချက်တွေ၊ ကျေနပ်မှုရစေတဲ့ အနေအထားတွေနဲ့ pain points တွေကိုလဲ သိရှိစေပါတယ်။ Questions တွေကိုတော့ စစ်တမ်းကောက်ယူခြင်းတွေ၊ အင်တာဗျူးပြုလုပ်တာတွေ၊ testing sessions တွေကနေတဆင့် ပြုလုပ်နိုင်ပါတယ်။
???? Overall Observations
နောက်ဆုံးတချက်ကတော့ အချက်အားလုံးကို data တွေ လေ့လာစမ်းစစ်ခြင်း၊ ဖြစ်ပေါ်နေတဲ့ ရေပန်းစားတဲ့ theme တွေ ရှာဖွေဖော်ထုတ်ခြင်း စတာတွေနဲ့ overall observations ပြုလုပ်ဖို့အတွက်ပါဘဲ။ အချက်အားလုံးကို စနစ်တကျ လေ့လာကြည့်ရှုခြင်းဖြင့် user journey ကို ချော့မွေ့စေနိုင်ရုံတင်သာမကဘဲ၊ compelling campaign တွေလဲ ဖန်တီးလာနိုင်စေမှာဖြစ်ပါတယ်။
User Research အကြောင်းကို ကောင်းကောင်းနားလည်ပြီး User Research Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text