© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to 4P Marketing Mix

or

4 P Marketing Mix Template ကို ဘယ်လိုအသုံးပြုမလဲ?
ဒီဂျစ်တယ်မားကတ်တင်းရဲ့ ခေတ်ခါမှာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အောင်မြင်နိုင်ဖို့အတွက်ဆိုရင် စနစ်တကျ အစီစဉ်ရေးဆွဲခြင်းတွေက အခရာကျပါတယ်။ ⭐
စနစ်တကျ အစီစဉ်ရေးဆွဲဖို့ဆိုရင်လဲ စွမ်းအားထက်တဲ့ Tool တွေအသုံးပြုနိုင်ဖို့အတွက်လိုပါတယ်။ ✨
Marketing Mix လို့ သိကြတဲ့ 4Ps ( Product, Price, Place, Promotion ) ကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ဈေးကွက်ဆီကို ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေပေးပို့နိုင်အောင် ကူညီပေးနိုင်မယ့် မားကတ်တင်းနည်းဗျူဟာ Tool တစ်ခုဘဲဖြစ်ပါတယ်။
❄️ Product
Marketing Mix ရဲ့ ပထမဆုံး P ကတော့ Product ပါ။ Product ဆိုတာကတော့ ကိုယ့်စီးပွားရေးလုပ်ငန်းကနေ ပေးနိုင်တဲ့ ကိုင်တွယ်လို့ရတဲ့ အရာဘဲဖြစ်ဖြစ် မရတဲ့အရာဘဲဖြစ်ဖြစ် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဆိုလိုပါတယ်။
ပထမဆုံး ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုက ရှင်းလင်းနေဖို့လိုပါတယ်။ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေရှင်းလင်းနိုင်ဖို့အတွက် သူ့ရဲ့ features, benefits နဲ့ Unique Selling Points ( USP ) တွေကို ထုတ်နှုတ်ထားရပါမယ်။
ကိုယ့်ဖောက်သည်ရဲ့ ကုန်ပစ္စည်းဝယ်ယူပုံအဆင့်အဆင့် life cycle ကို နားလည်ဖို့လဲလိုအပ်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းက ဖောက်သည်တွေရဲ့လိုအပ်ချက်တွေကို ဘယ်လိုမှီတင်းအောင်ဖြည့်စည်းပေးနိုင်လဲဆိုတာကိုလဲ နားလည်ထားဖို့လိုပါတယ်။
❄️ Price
Marketing Mix ရဲ့ ဒုတိယ P ကတော့ Price ပါ။ Price မှာဆိုရင်တော့ ကိုယ့်ရဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုအတွက် မှန်ကန်တဲ့ ဈေးနှုန်းချမှတ်ဖို့အတွက်လိုပါတယ်။
သင့်လျော်မှန်ကန်တဲ့ ဈေးနှုန်းတစ်ခုချမှတ်နိုင်ဖို့အတွက်ဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ၊ ပြိုင်ဖက်လုပ်ငန်းတွေရဲ့ ဈေးနှုန်းသတ်မှတ်ထားမှုတွေနဲ့၊ တန်ဖိုးတွက်ချက်မှု အစရှိတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားဖို့အတွက်လိုပါတယ်။
Pricing Strategy မှာဆိုရင်လဲ Cost-plus Pricing, Value-based Pricing, Penetration Pricing အစရှိသဖြင့် မှန်ကန်သင့်လျော်တဲ့ ဈေးနှုန်းသတ်မှတ်ခြင်းနည်းဗျူဟာတွေကို စနစ်တကျစဉ်းစားဖို့လိုပါတယ်။
❄️ Place
Marketing Mix ရဲ့ တတိယ P ကတော့ Place ပါ။
Place မှာဆိုရင်တော့ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို ဖောက်သည်တွေဆီ ဘယ်လိုပို့ဆောင်ရမလဲဆိုတာကို ဦးတည်စဉ်းစားရမှာဘဲဖြစ်ပါတယ်။
ဒီနေရာမှာ ကိုယ့်လုပ်ငန်းအတွက် အသင့်လျော်ဆုံး ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေကို ဖြန့်ဖြူးနိုင်မယ့် ချန်နယ်တွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့လိုပါတယ်။
ကိုယ့်ရဲ့ Target Customer တွေဆီကို ရောက်နိုင်မယ့် Target Market ရဲ့ ပထဝီမြေမျက်နှာသွင်ပြင်နဲ့ဆိုင်တဲ့ အချက်အလက်တွေကနေစပြီး ဆက်သွယ်ပို့ဆောင်နိုင်မယ့်နည်းလမ်းတွေကိုပါစဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖောက်သည်က ကုန်ပစ္စည်း ကို လိုချင်တဲ့အခါ၊ လိုချင်တဲ့နေရာကို ပို့ဆောင်ပေးနိုင်ဖို့အတွက်ကိုလဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
❄️ Promotion
Marketing Mix ရဲ့ နောက်ဆုံး P ကတော့ Promotion ပါ။ ဒီအဆင့်မှာဆိုရင်တော့ သင့်ရဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုလုပ်ငန်းအတွက် အဆင်ပြေသင့်လျော်တဲ့နည်းလမ်းတွေအသုံးပြုပြီး communicate လုပ်ရမှာဖြစ်သလို promote လုပ်ရမှာလဲဖြစ်ပါတယ်။
ဒီအဆင့်မှာဆိုရင်တော့ ကြေငြာခြင်းတို့လို၊ promotionပေးခြင်းတို့လို၊ public relation, personal selling ပြုလုပ်ခြင်းတို့လို မားကတ်တင်းနည်းဗျူဟာတွေ ပေါင်းစပ်အသုံးပြုရမှာဘဲဖြစ်ပါတယ်။Target Audience ဆီကို ရောက်နိုင်ဖို့အတွက် ထိရောက်တဲ့ Traditional channel တွေနဲ့ Digital Channels တွေပေါင်းစပ်အသုံးပြုဖို့လိုပါတယ်။
❄️ ပေါင်းစပ်အသုံးပြုခြင်း
ကိုယ့်လုပ်ငန်းမှာ အမှန်တကယ် အောင်မြင်တိုးတက်ဖို့အတွက်ဆိုရင် 4Ps မှာရှိတဲ့ P တစ်ခုချင်းစီက အားကောင်းဖို့အတွက် လိုအပ်သလို၊ P 4 လုံး စလုံးကိုလဲ စနစ်တကျ ပေါင်းစပ်ချိတ်ဆက် အသုံးပြုနိုင်ဖို့အတွက်လိုပါတယ်။
4Ps Marketing Mix ဆိုတာကတော့ အချိန်အခါမရွေး အသုံးပြုနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ Tool တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ပြီးပြည့်စုံတဲ့ မားကတ်တင်းနည်းဗျူဟာတွေရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် များစွာ အကူအညီပေးနိုင်ပါတယ်။
4Ps Marketing Mix အကြောင်းကို ကောင်းကောင်းနားလည်ပြီး 4Ps Marketing Mix Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar ···· 4P Marketing Mix Template ကို ဘယ်လိုအသုံးပြုနိုင်မလဲ … https://sapwar.com"