© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to 4 Acitons Framework

or

4 Action Framework ကို ကောင်းကောင်းအသုံးပြုတတ်ပြီလား?
4 Actions Framework ဆိုတာကတော့ W. Chan Kim နဲ့ Renée Mauborgne ကနေ သူတို့ရဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “Blue Ocean Strategy” ဆိုတဲ့ စာအုပ်ထဲမှာ မိတ်ဆက်ခဲ့တဲ့ နည်းဗျူဟာစီမံခန့်ခွဲမှုဆိုင်ရာ Tool တစ်ခုဖြစ်ပါတယ်။
4 Actions Framework မှာဆိုရင်တော့ Reduce, Raise, Eliminate, Create ဆိုပြီး ( ၄ ) ချက် ပါဝင်ပါတယ်။ ဒီအချက် ( ၄ ) ချက် ပေါ် အခြေခံပြီး မေးခွန်းတွေထုတ်ကာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ နယ်ပယ်ထဲမှာ ဖြစ်ပေါ်နိုင်တဲ့ ပြိုင်ဆိုင်မှုတွေကို ခွဲခြမ်းလေ့လာနိုင်ပါတယ်။
ဒီ ( 4 ) ချက်ကို အခြေခံပြီး အကြမ်းအားဖြင့် မေးခွန်း (4) ခု စဉ်းစားနိုင်ပါတယ်။
Reduce • ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်ထဲမှာ စံနှုန်းသတ်မှတ်မှုအောက်ကို ဘယ်အချက်တွေလျော့ချမလဲ?
Eliminate • ကိုယ့်လုပ်ငန်းနယ်ပယ်ထဲမှာ ဘယ်အချက်တွေကိုတော့ လုံးဝပပျောက်အောင်လုပ်သင့်လဲ?
Raise • လုပ်ငန်းနယ်ပယ်ရဲ့ စံနှုန်းသတ်မှတ်ချက်တွေအပေါ်ရောက်အောင် ဘယ်အချက်တွေကို မြှင့်တင်ပေးဖို့လိုလဲ?
Create • ကိုယ့်လုပ်ငန်းနယ်ပယ်ထဲမှာ တစ်ကြိမ်တစ်ခါမျှ မကမ်းလှမ်းဖူးတဲ့ ဘယ်လိုအရာတွေတွေ ဖန်တီးမလဲ?
4 Actions Framework ကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်လုပ်ငန်းရပ်တည်နေတဲ့ နယ်ပယ်နဲ့ပတ်သက်ပြီး ယူဆချက်တွေ၊ မေးခွန်းတွေများစွာထုတ်ဖို့အတွက်လိုပါတယ်။ ကိုယ့်ရဲ့ ပြိုင်ဖက်လုပ်ငန်းတွေရဲ့ ယူဆချက်တွေနဲ့ ပတ်သက်ပြီးတော့လဲ ကြိုတင်ခန့်မှန်းမှုတွေပြုလုပ်ဖို့လိုပါတယ်။
ဒီနေရာမှာဆိုရင်တော့ . . . .
❄️ ဖောက်သည်ကို ဦးတည်တဲ့ပုံစံနဲ့သွားဖို့လိုပါတယ်။
ကိုယ့်လုပ်ငန်းရှိဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ ကြိုက်နှစ်သက်မှုတွေအပေါ်မှာ သေချာအာရုံစိုက်ထားရပါမယ်။ ဒါမှသာ Target Audience ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ value တွေကို ကိုယ့်လုပ်ငန်းကနေ ပေးနိုင်စွမ်းရှိမှာဘဲဖြစ်ပါတယ်။ Customer တွေရဲ့ လိုအပ်ချက်တွေကို သိနိုင်ဖို့အတွက် ဈေးကွက်သုတေသနပြုလုပ်တာတွေ၊ နည်းဗျူဟာကျ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ ဖောက်သည်တွေရဲ့ တုံ့ပြန်ချက်တွေကို လေ့လာတာတွေပြုလုပ်နိုင်ပါတယ်။
❄️ အမှန်တကယ်အကောင်အထည်ဖော်ဖို့နဲ့ လေ့လာစမ်းသပ်ဖို့လိုပါတယ်။
4 Actions အတွက် မေးခွန်းတွေထုတ်ပြီးတဲ့အခါမှာ တစ်ခုချင်းစီအတွက် ပြုလုပ်မယ့်လုပ်ဆောင်ချက်တွေကို သတ်မှတ်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့လိုပါတယ်။ နည်းဗျူဟာအသစ်တွေကိုလဲ အချက်အလက်တွေစုဆောင်းဖို့အတွက်နဲ့ သူ့ရဲ့ ထိရောက်မှုတွေကို လေ့လာဖို့အတွက် လေ့လာစမ်းသပ်မှုတွေအရင်ပြုလုပ်ဖို့လိုပါတယ်။
❄️ စဉ်ဆက်မပြတ် လေ့လာစမ်းစစ်ခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းတွေပြုလုပ်ဖို့လိုပါတယ်။
ဒီနေ့မှာ ကိုယ်လုပ်ကိုင်နေတဲ့ပုံစံတွေက နောက်တစ်ရက်အလုပ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ မသေချာတဲ့ တိုးတက်ပြောင်းလဲနေတဲ့ခေတ်ဖြစ်တာကြောင့် ကိုယ့်ရဲ့ မားကတ်တင်းနည်းဗျူဟာတွေ၊ တိုင်းတာတဲ့ စံနှုန်းတွေကို သေချာ လေ့လာစမ်းစစ်ပြီး ဈေးကွက်အခြေအနေ၊ ဖောက်သည်တွေရဲ့ တုံ့ပြန်မှုတွေနဲ့၊ ရုတ်တရက်ထွက်ပေါ်လာနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့လိုပါတယ်။
4 Actions Framework ဆိုတာကတော့ ကိုယ့်လုပ်ငန်းကို လည်ပတ်နေတဲ့ နယ်ပယ်ထဲမှာ ပိုပြီးအောင်မြင်စေနိုင်ဖို့အတွက်နဲ့ Unique Value Proposition တစ်ခုကို ဖန်တီးပေးနိုင်ဖို့အတွက် မားကတ်တင်းပြုလုပ်သူတွေကို ကူညီပေးနိုင်တဲ့ tool တစ်ခုဖြစ်တာကြောင့် စနစ်တကျအသုံးပြုနိုင်လေလေ အကျိုးကျေးဇူးများနိုင်လေလေပါဘဲ။
4 Actions Framework အကြောင်းကို ကောင်းကောင်းနားလည်ပြီး 4 Actions Framework Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text