© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Content System

or

Content System တစ်ခု ဘယ်လိုရေးဆွဲမလဲ?
ယနေ့ခေတ်လိုမျိုး အစစအရာရာတိုးတက်ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ခေတ်မှာ social media တွေပေါ်ကို မျှဝေနေတဲ့ Content တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက်ဆိုတာ စီးပွားရေးလုပ်ငန်းတွေ၊ bloggers တွေနဲ့ Website တည်ဆောက်ထားသူတွေအတွက် အလွန်အရေးကြီးပါတယ်။
Content တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် Content Management System ( CMS ) ဆိုတာကတော့ အရေးပါပြီး အသုံးဝင်တဲ့ Tool တစ်ခုဖြစ်လာပါတယ်။
Content Management System ( CMS ) ဆိုတာကတော့ Digital Content တွေကို ရိုးရှင်းစွာ ဖန်တီးနိုင်ဖို့အတွက်၊ စုစည်းနိုင်ဖို့အတွက်၊ ထုတ်ဝေနိုင်ဖို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။
Content Management System ( CMS ) ကို ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့အတွက်ဆိုရင်တော့ အဆင့် ( ၅ ) ဆင့် လိုအပ်ပါတယ်။
1. မှန်ကန်တဲ့ Content Management System ( CMS ) တစ်ခုကို ရွေးချယ်ရပါမယ်။
ပထမဆုံးအဆင့်ကတော့ ကိုယ့်လုပ်ငန်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Content Management System ( CMS ) ကို ရွေးချယ်ဖို့အတွက်ပါဘဲ။ ရွေးချယ်စရာများစွာထဲကမှ ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ ကောင်းမွန်တဲ့ အရာတစ်ခုကို ရွေးချယ်ဖို့လိုပါတယ်။
အများစုကတော့ WordPress, Joomla, Drupal နဲ့ အခြား အရာတွေကို ရွေးချယ်လေ့ရှိကြပါတယ်။ ရွေးချယ်တဲ့အခါမှာ အလွယ်တကူ တိုင်းတာနိုင်တဲ့၊ အသုံးပြုရလွယ်ကူတဲ့၊ နှစ်သက်ရာရွေးချယ်မှုတွေပြုလုပ်နိုင်တဲ့၊ Community Support ပြုလုပ်နိုင်တဲ့ အရာကိုရွေးချယ်နိုင်ဖို့လိုပါတယ်။
2. Content Management System ( CMS ) ကို တည်ဆောက်ရပါမယ်။
Content Management System ( CMS ) တစ်ခုကို ရွေးချယ်ပြီးတာနဲ့ နောက်တစ်ဆင့်ကတော့ တည်ဆောက်ဖို့အတွက်ပါ။
CMS platforms အများစုကတော့ တည်ဆောက်ဖို့ အဆင့်များစွာရှိပေမယ့် တချို့တွေမှာတော့ အဆင့်အနဲငယ်ဖြင့်သာ ဖန်တီးနိုင်ပါတယ်။ ဒီနေရာမှာတော့ User-friendly ဖြစ်ဖို့အတွက်ကိုလဲ ထည့်သွင်းစဉ်းစားရပါမယ်။
3. Content တွေကို ဖန်တီးပြီး စီမံခန့်ခွဲမှုတွေပြုလုပ်ရပါမယ်။
နောက်တစ်ဆင့်ကတော့ Content တွေကို ဖန်တီးပြီး စီမံခန့်ခွဲမှုတွေပြုလုပ်နိုင်ဖို့အတွက်ပါ။ Content Management System ( CMS ) တည်ဆောက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကွန်းတန့်တွေဖန်တီး မျှဝေ စုစည်းနိုင်ဖို့အတွက်ကို ဒီအဆင့်မှာ ဆောင်ရွက်ရပါမယ်။
Content Management System ( CMS ) ပလက်ဖောင်းအများစုကတော့ အလွယ်တကူ စာတွေ၊ ပုံတွေ၊ မီဒီယာမျိုးစုံတွေကို ဖန်တီး၊ ပြုပြင်၊ ပုံစံချနိုင်ဖို့အတွက် user-friendly ဖြစ်အောင်ဆောင်ရွက်ထားလေ့ရှိပါတယ်။
4. Content တွေကို အမျိုးအစားခွဲခြားပြီး စုစည်းရပါမယ်။
နောက်တစ်ဆင့်ကတော့ Content တွေကို အမျိုးအစားခွဲခြားပြီး စုစည်းဖို့အတွက်ပါ။ ဖန်တီးထားတဲ့ Content တွေကို ခေါင်းစဉ်အလိုက်ဘဲဖြစ်ဖြစ်၊ အမျိုးအစားအလိုက်ဘဲဖြစ်ဖြစ် ကြည့်ရှု ရှာဖွေရလွယ်ကူစေတဲ့ပုံစံမျိုးနဲ့ အမျိုးအစားခွဲ စုစည်းထားမှသာ အသုံးပြုသူတွေအတွက် ပိုလွယ်ကူစေပြီး သင့်လျော်တဲ့အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်မှာဘဲဖြစ်ပါတယ်။
5. Websites ကို စိတ်တိုင်းကျပုံစံတစ်ခု တည်ဆောက်ပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်ရပါမယ်။
CMS platforms တွေကို ကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုက်ညီမှုရှိပြီး အသုံပြုရလွယ်ကူတဲ့ပုံစံကို တည်ဆောက်ဖို့အတွက်လိုအပ်သလို၊ ပြောင်းလဲတိုးတက်နေတာတွေနဲ့ လိုက်လျောညီထွေမှုရှိအောင်ဆောင်ရွက်ပြီး ပုံမှန်လိုအပ်သလို ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်။
Content Management System ( CMS ) တစ်ခုကို Features တွေကို နားလည်ပြီး၊ up-to-date ဖြစ်ဖြစ်နဲ့ ကောင်းမွန်စွာတည်ဆောက်နိုင်ပြီဆိုရင်တော့ Content တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှာ အသေအချာပါဘဲ။
Content Management System ( CMS ) အကြောင်းကို ကောင်းကောင်းနားလည်ပြီး Content Management System ( CMS ) Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar …·· Content System တစ်ခု ဘယ်လိုရေးဆွဲမလဲ? o Aa https://sapwar.com"