© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to User Persona

or

User Persona တစ်ခု ဘယ်လိုတည်ဆောက်မလဲ?
ကိုယ့်လုပ်ငန်းမှာရှိတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကိုဖန်တီးတဲ့နေရာမှာ အသုံးပြုသူတွေနဲ့ကိုက်ညီမှုရှိအောင်ဖန်တီးဖို့အတွက်ဆိုတာ Target Audience အကြောင်းကို ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။
Target Audience အကြောင်းကို ကောင်းကောင်းနားလည်ထားဖို့အတွက်ဆိုရင်တော့ User Persona Template ကို အသုံးပြုနိုင်ပါတယ်။
User Persona တစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင်တော့ အချက် ( ၈ ) ချက်ကို ချိတ်ဆက်အသုံးပြုဖို့လိုပါတယ်။
???? Persona Name
User Persona တစ်ခုတည်ဆောက်ဖို့အတွက် Persona Name ဆိုတာက ပထမဆုံးအရေးပါတဲ့အချက်ဖြစ်ပါတယ်။ Persona Name တစ်ခုကို ဖန်တီးတဲ့အခါမှာ label တစ်ခုပေးယုံသက်သက်တင်သာမကဘဲ target audience မှတ်မိစေနိုင်တဲ့အသွင်တစ်ခု ဖန်တီးပေးနိုင်ဖို့အတွက်လဲ အရေးကြီးပါတယ်။
???? Goals
အသုံးပြုသူတွေရဲ့ goal တွေကို စနစ်တကျသတ်မှတ်ဖို့ဆိုတာကလဲ အရေးကြီးပါတယ်။ User တွေအနေနဲ့ ကိုယ့်လုပ်ငန်းရှိ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဘာတွေကို ရရှိချင်လဲ? ဘယ်တွေဖြစ်ဖို့ကြိုးစားနေလဲဆိုတာတွေကို သေချာသိဖို့နဲ့ ကိုယ့်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး short term, long term goal တွေ ဘယ်လိုရှိလဲဆိုတာ သိဖို့လိုပါတယ်။
???? Frustrations
တတိယအချက်အနေနဲ့ User တွေရဲ့ မကျေနပ်မှုတွေ၊ ဖြစ်ချင်တဲ့အရာတွေနဲ့ pain point တွေကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။ user တွေရဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရတဲ့အချက်တွေကို သိရှိလေလေ user experience ပိုကောင်းအောင်ပေးနိုင်လေလေပါဘဲ။
???? General Info
ကိုယ့်လုပ်ငန်းရှိ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုသူတွေရဲ့ demographic ဆိုင်ရာအချက်လက်တွေ၊ အလုပ်အကိုင်၊ နေထိုင်ရာနေရာဒေသ အစရှိတဲ့အချက်လက်တွေကိုလဲ user profile တစ်ခုအနေနဲ့ တည်ဆောက်ထားဖို့လိုပါတယ်။ ဒါမှသာ user persona တစ်ခုတည်ဆောက်ဖို့ အချက်လက်တွေစုစည်းပြီးသားဖြစ်နေစေမှာပါ။
???? Personality
User Personality ကိုလဲ user persona တည်ဆောက်ရာမှာ ထည့်သွင်းထားဖို့လိုပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ user တွေက introvert လား extrovert လား? အသေးစိတ်ကို အာရုံစိုက်တက်သူတွေလား? ခြုံငုံကြည့်တက်သူတွေလားဆိုတာ လေ့လာစမ်းစစ်ထားဖို့လဲလိုပါတယ်။
???? Motivations
ကိုယ့်လုပ်ငန်းရှိ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေက အသုံးပြုသူတွေကို ဘယ်လို တွန်းအားဖြစ်စေနိုင်လဲဆိုတာကိုလဲ လေ့လာသိရှိထားဖို့လိုပါတယ်။ User motivation ဖြစ်စေတဲ့အချက်တွေကိုသိလေလေ user တွေနဲ့ အသေးစိတ်လိုအပ်ချက်တွေကိုဖြည့်စည်းပေးနိုင်လေလေပါဘဲ။
???? Bio
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ User Persona အတွက် Narrative သို့မဟုတ် Backstory တစ်ခုကို ဖန်တီးဖို့အတွက်ပါ။ Narrative မှာဆိုရင် User တွေဖက်ကနေ သူတို့ ထင်ထင်ရှားရှားခံစားရတဲ့ အဖြစ်ပျက်တွေနဲ့ အတွေ့ကြုံတွေကို ဖော်ပြဖို့လိုပါတယ်။
???? Preferred Channels
User တွေနဲ့ ပြောဆိုဆက်ဆံ ဆက်သွယ်နိုင်ဖို့အတွက် channel တွေကို ရှာဖွေဖော်ထုတ်ဖို့လဲလိုပါတယ်။ Channel ရွေးချယ်တဲ့အခါမှာလဲ design forums တွေ social media platforms တွေနဲ့ networking events တွေ ပါဝင်သင့်ပါတယ်။ ဒါမှသာ မားကတ်တင်းနည်းဗျူဟာကောင်းတွေရေးဆွဲပြီး user တွေနဲ့ ပိုအချိတ်ဆက်မိစေမှာဖြစ်ပါတယ်။
ဖော်ပြပါ အချက် ( ၈ ) ချက်ကို ကောင်းကောင်းပေါင်းစပ်အသုံးပြုနိုင်လေလေ User Persona က ပိုပြီး ပုံပေါ်နိုင်လေလေဖြစ်ပြီး ကိုယ့်လုပ်ငန်းအတွက်လဲ ပိုအကျိုးရှိနိုင်စေမှာဖြစ်ပါတယ်။
User Persona အကြောင်းကို ကောင်းကောင်းနားလည်ပြီး User Persona Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be an image of text