© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Competitive Analysis

or

Competitive Analysis ဘယ်လို ပြုလုပ်မလဲ?
ပြိုင်ဆိုင်မှုပြင်းထန်ပြီး အဖက်ဖက်က ယှဉ်ပြိုင်မှုတွေနဲ့ပြည့်နှက်နေတဲ့ ယနေ့ခေတ် နှစ်ဆယ့်တစ်ရာစု စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ့်ရဲ့ပြိုင်ဖက်အကြောင်းကို စနစ်တကျသိရှိထားဖို့အတွက်ဆိုတာ အရေးကြီးပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ပြိုင်ဖက်တွေအကြောင်းကောင်းကောင်းသိရှိထားဖို့အတွက်ဆိုရင် Competitive Analysis ပြုလုပ်ဖို့လိုပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ပြိုင်ဖက်တွေအကြောင်းကောင်းကောင်းသိရှိထားမှသာလျှင် ဈေးကွက်အတွင်း စနစ်တကျ လည်ပတ်နိုင်မှာဖြစ်ပြီး၊ ကောင်းမွန်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက်ကို အကူညီပေးနိုင်မှာဖြစ်ပါတယ်။
Competitive Analysis ပြုလုပ်ဖို့အတွက်ဆိုရင်တော့ အချက် ( 10 ) ချက်ကို သိထားရပါမယ်။
⭐ ရည်မှန်းချက်ပန်းတိုင်ချမှတ်ပါ။
Competitive Analysis မပြုလုပ်မှီမှာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုရှင်းလင်းအောင် အရင်ဆုံးလုပ်ဆောင်ဖို့အတွက် အရေးကြီးပါတယ်။
ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်က ဈေးကွက်ထဲရှိ အခွင့်အရေးတွေပိုရှာဖွေချင်တာလား? ဈေးကွက်ရှိ ကုန်ပစ္စည်းနေရာချမှုအခြေအနေကို ပိုတိုးတက်ကောင်းမွန်လိုတာလား? မားကတ်တင်းနည်းဗျူဟာတွေကို ပြန်လည်စမ်းစစ်ပြုပြင်လိုတာလား? အစရှိသဖြင့် တိကျသေချာတဲ့ပန်းတိုင်ရှိမှသာ ကိုယ်ပြုလုပ်မယ့် Competitive Analysis မှာ ဘာကို အာရုံစိုက်ရမယ်ဆိုတာ သိရှိစေနိုင်မှာဘဲဖြစ်ပါတယ်။
⭐ မှန်ကန်တဲ့ Template ကို ရွေးချယ်အသုံးပြုပါ။
ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လိုက်လျောညီတွေရှိပြီး ကိုယ်လိုချင်တဲ့အချက်လက်တွေရဲ့ အတိမ်အနက်ကိုသိနိုင်မယ့် မှန်ကန်တဲ့ Competitive Analysis Template ကို ရွေးချယ်ပြီး အသုံးပြုနိုင်ဖို့အတွက်ဆိုတာလဲ အခရာကျပါတယ်။
Templates တွေကတော့ ရိုးရိုးရှင်းရှင်းအသုံးပြုနိုင်တဲ့အရာတွေကနေစပြီး အချက်လက်အသေးစိတ်ပါတဲ့ အရာတွေအထိရှိတာကြောင့် မိတ်ဆွေတို့ရဲ့ ပြိုင်ဖက်လုပ်ငန်းတွေအပေါ် မြင်လိုတဲ့ ရှုထောင့်တွေနဲ့လဲ ချိန်ဆရွေးချယ်ရပါမယ်။
⭐ ပြိုင်ဖက်တွေကို သတ်မှတ်ပါ။
ဈေးကွက်အတွင်း လိုက်လျောညီထွေရှိမှုတွေ၊ ကိုက်ညီမှုတွေအပေါ်အခြေခံပြီး သင့်ရဲ့ ပြိုင်ဖက်တွေကို အမျိုးအစား ခွဲခြားသတ်မှတ်ထားရပါမယ်။
သင်ရွေးချယ်လိုက်တဲ့ Template မှာဆိုရင်လဲ ကိုယ့်လုပ်ငန်းနဲ့ ကုန်ပစ္စည်းတူ၊ ဝန်ဆောင်မှုတူတွေကို ကမ်းလှမ်းနိုင်တဲ့ Direct Competitors တွေပါရှိသင့်သလို၊ တခြားနည်းလမ်းတွေနဲ့ ဖောက်သည်တွေရဲ့လိုအပ်ချက်တွေကိုဖြည့်စည်းပေးနိုင်တဲ့ indirect competitors တွေလဲပါဝင်သင့်ပါတယ်။
⭐ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေကို ဝေဖန်ခွဲခြမ်းလေ့လာပါ။
ကိုယ့်လုပ်ငန်းရဲ့ပြိုင်ဖက်လုပ်ငန်းတွေ ကမ်းလှမ်းနိုင်တဲ့ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုတွေကိုလဲသိထားဖို့အတွက် လိုအပ်ပါတယ်။
ဒီနေရာမှာဆိုရင်တော့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အပေါ်ယံသက်သက်လေ့လာတာမျိုးမဟုတ်ဘဲ၊ features တွေ၊ ဈေးနှုန်းတွေနဲ့၊ Unique Selling Points ( USP ) တွေကိုလဲ အသေးစိတ် လေ့လာနှိုင်းယှဉ်မိဖို့လိုပါတယ်။
⭐ ဈေးကွက်နေရာချထားမှုကို ပြန်လည်သုံးသပ်ပါ။
Competitive Analysis မှာ နောက်တစ်ချက်အနေနဲ့ လေ့လာစမ်းစစ်ရမှာကတော့ ပြိုင်ဖက်လုပ်ငန်းတွေက သူတို့ရဲ့ ဈေးကွက်မှာ ဘယ်လိုနေရာယူနေလဲဆိုတာပါဘဲ။
ကိုယ်ရွေးချယ်လိုက်တဲ့ Template မှာဆိုရင်လဲ Brand messaging, လုပ်ငန်းကနေ ဦးတည်ထားတဲ့ Target Audience နဲ့ Market Positioning နည်းဗျူဟာတွေလဲ မဖြစ်မနေပါဝင်သင့်ပါတယ်။
ဒီအချက်တွေကိုနားလည်မှသာ ပြိုင်ဖက်လုပ်ငန်းတွေရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ Gap တွေကို ခန့်မှန်းချက်ဆနိုင်မှာဖြစ်ပြီး ဈေးကွက်ရဲ့အခွင့်အလမ်းတွေကိုလဲ ပိုမြင်နိုင်မှာဖြစ်ပါတယ်။
⭐ အားသာချက်၊ အားနည်းချက်တွေကို စမ်းစစ်ပါ။
ကိုယ်ရွေးချယ်ထားတဲ့ Template မှာ နောက်ထပ် ပါဝင်သင့်တဲ့အချက်ကတော့ ပြိုင်ဖက်တစ်ဦးချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို စာရင်းပြုစုထားဖို့အတွက်ပါဘဲ။
ဒီမှာဆိုရင်တော့ Financial Stability ဖြစ်ခြင်း မဖြစ်ခြင်းတွေ၊ ကုန်ပစ္စည်း ဝန်ဆောင်မှု ဖြန့်ဖြူးတဲ့ channels တွေ၊ Loyal Customer ရှိခြင်းတွေနဲ့၊ နည်းပညာပိုင်းဆိုင်ရာ အသုံးပြုမှုတွေပါဝင်ပါတယ်။
⭐ မားကတ်တင်း နည်းဗျူဟာများကို လေ့လာစမ်းစစ်ပါ။
ကိုယ့်ရဲ့ပြိုင်ဖက်တွေအနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်တွေကို ဈေးကွက်ထဲ ဘယ်လိုပုံစံနဲ့ ဝင်ရောက်ထဲဆိုတာကိုလဲ သိဖို့လိုပါတယ်။
ဒီအချက်တွေကို သိရှိနိုင်ဖို့အတွက်ဆိုရင်တော့ ပြိုင်ဖက်လုပ်ငန်းတွေက Social Media ဘယ်လို platform တွေမှာတည်ရှိနေလဲ? Content Marketing ကို ဘယ်လိုပုံစံမျိုးနဲ့ အသုံးပြုနေလဲ? Social Media နည်းဗျူဟာတွေဘယ်လိုအသုံးပြုနေလဲ? ကြေငြာမှုအတွက်အားစိုက်ထုတ်မှုတွေဘာတွေရှိလဲဆိုတာတွေကို လေ့လာစမ်းစစ်ရမှာဘဲဖြစ်ပါတယ်။
⭐ ဖောက်သည်တွေရဲ့ တုံ့ပြန်မှုတွေကို နားလည်အောင်လေ့လာပါ။
ဖောက်သည်တွေရဲ့ Feedback တွေနဲ့ Review တွေကို လေ့လာစမ်းစစ်ဖို့လဲ အရေးကြီးပါတယ်။
ဖောက်သည်တွေအနေနဲ့ ကိုယ့်ရဲ့ ပြိုင်ဖက်လုပ်ငန်းတွေကနေ ပေးနေတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ်မှာ ဘယ်လိုသဘောထားရှိနေလဲ? စိတ်ကျေနပ်မှု ဘယ်လိုရှိနေလဲဆိုတာတွေကိုလဲ လေ့လာစမ်းစစ်ဖို့လိုပါတယ်။
⭐ ခေတ်နဲ့အညီလိုက်လျောညီထွေရှိပါစေ။
Competitive Analysis ဆိုတာကတော့ တစ်ကြိမ်တစ်ခါသာပြုလုပ်ရတဲ့လုပ်ငန်းစဉ်မျိုးမဟုတ်ဘဲ စဉ်ဆက်အပြတ် အမြဲပြုလုပ်နေရတာဖြစ်တာကြောင့် ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေရှိဖို့အတွက်ကိုလဲ မေ့ထားလို့မရပါဘူး။
Competitive Analysis မှာလဲ Competitor တွေအနေနဲ့ ဘယ်ကုန်ပစ္စည်းအသစ်တွေကိုထုတ်လုပ်နေလဲ? ဈေးနှုန်းပြောင်းလဲမှုတွေဘယ်လိုရှိလဲ၊ ဈေးကွက်ထဲ ဘာတွေရေပန်းစားနေလဲဆိုတာတွေကို လေ့လာသိရှိထားဖို့အတွက်လိုပါတယ်။
⭐ Strategic Insights ရေးဆွဲပါ။
နောက်ဆုံးအဆင့်အနေနဲ့ကတော့ ရရှိထားတဲ့အချက်လက်တွေကို အသုံးပြုပြီး Strategic Insights ရေးဆွဲဖို့အတွက်ဘဲ ဖြစ်ပါတယ်။
ကွဲပြားခြားနားမှုတွေ၊ ဈေးကွက်ထဲရှိ အလားအလာရှိတဲ့ ကွာဟချက်တွေ၊ ကိုယ့်အားသာချက်ရှိရာနယ်ပယ်မှာ လွှမ်းခြုံနိုင်မှုတွေကနေ ရရှိနိုင်မယ့်အခွင့်အရေးတွေကို ဖော်ထုတ်နိုင်ဖို့အတွက်လိုပါတယ်။
Competitive Analysis အကြောင်းကို ကောင်းကောင်းနားလည်ပြီး Competitive Analysis Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of 3 people and text