© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Ansoff’s Matrix

or

Ansoff’s Matrix Template ကို ဘယ်လိုအသုံးပြုမလဲ?
နည်းဗျူဟာကျ စီမံခန့်ခွဲမှု စီစဉ်ဆောင်ရွက်မှုတွေလိုအပ်တဲ့ စီးပွားရေးနယ်ပယ်မှာ လုပ်ငန်းတွေအနေနဲ့ Growth နဲ့ Expansion ကြားမှာ ပြဿနာတွေရင်ဆိုင်ရတတ်ပါတယ်။
Ansoff’s Matrix ကိုတော့ 1957 မှာ Igor Ansoff က စတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် Growth Options တွေ စနစ်တကျ ရှာဖွေနိုင်ဖို့အတွက် အစွမ်းထက်တဲ့ Tool တစ်ခုဖြစ်လာပါတယ်။
Ansoff’s Matrix ကတော့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေကို သိသာထင်ရှားတဲ့ နည်းဗျူဟာ 4 ခုနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
???? Market Penetration
Market Penetration လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိဈေးကွက်ထဲမှာ လက်ရှိတည်ရှိနေတဲ့ ကုန်ပစ္စည်းတွေအတွက် ဈေးကွက်ရှယ်ယာတွေတိုးစေဖို့အတွက်ဘဲဖြစ်ပါတယ်။
ဒီအတွက်ကိုတော့ အရောင်းနဲ့ မားကတ်တင်းမှာ အားစိုက်ထုတ်မှုတွေပြုလုပ်ရမှာဖြစ်သလို၊ Promotions တွေ၊ ကိုယ့်ဖောက်သည်တွေရေရှည်တည်မြဲစေဖို့ နည်းဗျူဟာတွေ အသုံးပြုရမှာဖြစ်ပါတယ်။
ဥပမာအားဖြင့် Discounts ပေးတာတွေ၊ Loyalty Program တွေတည်ဆောက်ပေးတာတွေ၊ လက်ရှိဖောက်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် Promotional Campaigns တွေပြုလုပ်တာတွေဆောင်ရွက်နိုင်ပါတယ်။
???? Product Development
Product Development လုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိဈေးကွက်စီကို ကုန်ပစ္စည်းအသစ်တွေမိတ်ဆက်ဖို့အတွက်ဘဲဖြစ်ပါတယ်။ ဒီအတွက်ကိုတော့ ထူးခြားဆန်းသစ်ပြီး အသုံးဝင်တဲ့ ကုန်ပစ္စည်းတွေထုတ်လုပ်နိုင်ဖို့အတွက် Research အပိုင်းနဲ့ product development အပိုင်းမှာ ပိုပြီးအာရုံစိုက်ရပါမယ်။
ဥပမာအားဖြင့် Apple ကနေ လက်ရှိ ရှိနေပြီးသား ဖောက်သည်တွေဆီကို features အသစ် အသစ်တွေနဲ့ iPhone models‌ မျိုးစုံ မိတ်ဆက်ပေးသလိုမျိုးပါဘဲ။
???? Market Development
Market Development ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိကုန်ပစ္စည်းတွေကိုဘဲ ဈေးကွက်အသစ်တွေဆီကို ချဲ့ထွင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက်ကတော့ Demographic နည်းအားဖြင့်ဘဲဖြစ်ဖြစ် Geographic နည်းအားဖြင့်ဘဲဖြစ်ဖြစ် ‌ဈေးကွက်ကို လေ့လာစမ်းစစ်ပြီး ဝင်ရောက်ဖို့လိုပါတယ်။
ဥပမာအားဖြင့် Starbucks ကနေ သူ့ရဲ့ ကော်ဖီယဉ်ကျေးမှုကို မိတ်ဆက်ဖို့အတွက် international market ဆီကို ဝင်ရောက်ခဲ့သလိုမျိုးဖြစ်ပါတယ်။
???? Diversification
Diversification ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဈေးကွက်အသစ်တွေဆီကို ကုန်ပစ္စည်းအသစ်တွေမိတ်ဆက်ဖို့ဖြစ်ပါတယ်။ ဒီအတွက်ကတော့ research ကောင်းမွန်ထိရောက်စွာ ပြုလုပ်ဖို့ လိုသလို၊ product development နဲ့ မားကတ်တင်း အားစိုက်မှုတွေလဲပြုလုပ်ဖို့လိုအပ်ပါတယ်။
ဥပမာအားဖြင့် Google က Search Engines ကနေ Self-driving cars, Smart Home Devices တို့လို products တွေကို diversify လုပ်ခဲ့သလိုမျိုးဘဲဖြစ်ပါတယ်။
Ansoff’s Matrix template ကို လက်တွေ့အသုံးပြုဖို့အတွက်ဆိုရင်တော့
1. လက်ရှိအခြေအနေကို လေ့လာပါ။
လက်ရှိဈေးကွက်အခြေအနေကို လေ့လာစမ်းစစ်ရမယ့်အပြင် ကမ်းလှမ်းထားတဲ့ ကုန်ပစ္စည်း အခြေအနေတွေကိုပါ လေ့လာစမ်းစစ်ရပါမယ်။ ကိုယ့်လုပ်ငန်းရဲ့ အားသာချက် အားနည်းချက်တွေအပေါ်မူတည်ပြီး အခွင့်အလမ်းတွေဖန်တီးရပါမယ်။
2. ဈေးကွက်သုတေသန ပြုလုပ်ပါ။
ကိုယ့်ရဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို နားလည်နိုင်ဖို့အတွက်၊ သူတို့ရဲ့အကြိုက်ကိုသိစေနိုင်ဖို့အတွက်၊ ဈေးကွက်ထဲရေပန်းစားမှုတွေကိုသိဖို့အတွက် ဈေးကွက်သုတေသနဆောင်ရွက်ဖို့လိုပါတယ်။ Growth Strategy တစ်ခုချင်းစီနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်မယ့်အခက်အခဲတွေကိုလဲ ကြိုတင်လေ့လာမှန်းဆထားဖို့လိုပါတယ်။
3. ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ပါ။
ရေရှည်အတွက်၊ ရေတိုအတွက် အစရှိသဖြင့် တိကျသေချာရှင်းလင်းတဲ့ ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ထားဖို့လိုပါတယ်။ Ansoff’s Matrix ကနေ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ကိုက်ညီမှုရှိတဲ့ နည်းဗျူဟာတွေကို စနစ်တကျရွေးချယ်ဖို့လိုပါတယ်။
4. မှန်ကန်တဲ့ နည်းဗျူဟာတွေ ရွေးချယ်ပါ။
ဈေးကွက်အခြေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ ပန်းတိုင်တွေပေါ်မူတည်ပြီး လိုက်လျောညီထွေရှိတဲ့ Growth strategy တွေကို စနစ်တကျရွေးချယ်ရပါမယ်။ ရွေးချယ်ပြီးရင်တော့ အလားအလာရှိတဲ့ returns တွေ၊ အရင်းအမြစ်တွေ ပေါ်မူတည်ပြီး နည်းဗျူဟာတွေကို ဦးစားပေးသတ်မှတ်ရပါမယ်။
5. စောင့်ကြည့်မှုတွေပြုလုပ်ပါ။
စောင့်ကြည့်ဖို့အတွက်နဲ့ လိုအပ်သလိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက်ကိုလဲမေ့ထားလို့မရပါဘူး။
Growth Strategy တစ်ခုချင်းစီရဲ့ အောင်မြင်မှုတွေကို တိုင်းတာဖို့အတွက် Key Performance Indicators (KPIs) တွေထားရှိရပါမယ်။ ပုံမှန်လေ့လာစောင့်ကြည့်တိုင်းတာမှုတွေပြုလုပ်ပြီး လိုအပ်သလိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရပါမယ်။
Ansoff’s Matrix ဆိုတာကတော့ စနစ်တကျ သင့်လျော်တဲ့ နည်းဗျူဟာတွေ ဝေဖန်စမ်းစစ်ပြီး ရွေးချယ်အသုံးပြုနိုင်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေအတွက် Growth ဖြစ်စေဖို့အတွက် အခွင့်အရေးတွေရှာဖွေနိုင်ဖို့အတွက် တန်ဖိုးရှိတဲ့ tool တစ်ခုဖြစ်ပါတယ်။
Ansoff’s Matrix အကြောင်းကို ကောင်းကောင်းနားလည်ပြီး Ansoff’s Matrix Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of 2 people and text that says "sapwar Ansoff's Matrix Template ကို ဘယ်လိုအသုံးပြုနိုင်မလဲ? - mill https://sapwar.com"