© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Lean Canvas Model

or

Lean Canvas Model ကို ဘယ်လိုအသုံးပြုမလဲ?
စွန့်ဦးတီထွင်နယ်နိမိတ်ကျယ်ပြန့်လာတာနဲ့အမျှ startups တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Lean Canvas Model ဆိုတာက အစွမ်းထက် tool တစ်ခုဖြစ်လာခဲ့ပါတယ်။
Ash Maurya ဖန်တီးထားခဲ့တဲ့ Lean Canvas Model လို့ခေါ်တဲ့ one-page business plan တစ်ခုက တိကျပြီးလုံလောက်တဲ့ framework တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ Lean Canvas Model မှာဆိုရင်တော့ အပိုင်း ( 9 ) ပိုင်း ပါ၀င်ပါတယ်။
✨ Problem
Problem နဲ့ပတ်သက်ပြီးစဉ်းစားရမယ်ဆိုရင် Target Customer တွေ ရင်ဆိုင်နေရတဲ့ ထိပ်တန်းပြဿနာ ( ၃ ) ခုကို ရှာဖွေဖော်ထုတ်ရပါမယ်။ ဒီပြဿနာတွေက ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေနဲ့ကိုက်ညီတဲ့ pain points တွေ challenge တွေကိုကိုယ်စားပြုနိုင်ရပါမယ်။ Problems တွေကို ရှင်းလင်းစွာဖော်ထုတ်သတ်မှတ်နိုင်မှသာ customer တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဖြည့်စည်းပေးနိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။
✨ Solution
Solution ဆိုတာကတော့ ကိုယ့်လုပ်ငန်းရဲ့ ဖောက်သည်တွေခံစားနေရတဲ့အခက်အခဲတွေကို ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေက ဘယ်လိုအဖြေရှာပေးနိုင်လဲဆိုတဲ့အချက်ကို ဆိုလိုပါတယ်။ ကိုယ်ဖြေရှင်းပေးနိုင်တဲ့ ကိုယ့်ဖောက်သည်တွေရဲ့ ပြဿနာတွေနဲ့ ဖြေရှင်းချက်တွေကို ပိုပြီး မြင်သာအောင်ဖော်ပြနိုင်လေလေ target customer တွေရဲ့ အာရုံစိုက်မှုကို ပိုရရှိနိုင်လေလေပါဘဲ။
✨ Customer Segments
Lean Canvas Model ရဲ့ အဓိကအချက်တွေထဲကတစ်ခုကတော့ customer segments တွေကို ခွဲခြားသတ်မှတ်ခြင်းဘဲဖြစ်ပါတယ်။ ဒီမှာဆိုရင်တော့ ကိုယ့်လုပ်ငန်းကနေ ပေးဖို့အတွက် ရည်ရွယ်ထားတဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေကို ဘယ်လိုလူအုပ်စုတစ်ခုဆီကို ဦးတည်ပြီး ပေးပို့မလဲဆိုတာကို နားလည်ထားဖို့အတွက်လိုပါတယ်။ ခုလို segments ခွဲနိုင်တဲ့အခါမှာ target audience ရဲ့ ကြိုက်နှစ်သက်မှုတွေနဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်စွမ်းရှိလာစေပါတယ်။
✨ Unique Value Propositions (UVP)
လူတွေမှာဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာဖို့အတွက်နဲ့ ကိုယ့်လုပ်ငန်းရဲ့ တခြားသူတွေနဲ့ မတူ တမူထူးခြားချက် Unique Value Proposition ( UVP ) ကတော့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတို့အဖို့ သူတို့ရဲ့ target customers တွေမှာဖြစ်ပေါ်နိုင်တဲ့ pain points တွေကို လေ့လာပြီး ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုတွေ ဖန်တီးပေးခြင်းပါဘဲ။ ဒီအချက်ကတော့ အရေးကြီးပြီး customer တွေဆီကို ဘယ်လို value တွေပေးစွမ်းနိုင်လဲဆိုတာကို ပေါ်လွင်စေပါတယ်။
✨ Channels
Channels ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ဦးတည်ထားတဲ့ လူအုပ်စုစီကို ရောက်အောင်သွားနိုင်မယ့် ထိတွေ့နိုင်မယ့် နည်းလမ်းအမျိုးမျိုးကို ဆိုလိုပါတယ်။ ဒီမှာဆိုရင်တော့ online platforms တွေဖြစ်တဲ့ social media တွေပါဝင်နိုင်သလို၊ physical store တွေနဲ့၊ တခြား facilitate interaction ‌တွေပါဝင်နိုင်ပါတယ်။ Channel ကို မှန်ကန်စွာရွေးချယ်နိုင်ခြင်းကလဲ ထိရောက်တဲ့ မားကတ်တင်းဖြစ်စေဖို့အတွက်နဲ့ ဖြန့်ဖြူးတဲ့နည်းဗျူဟာတွေမှန်ကန်စေဖို့အတွက် အထောက်ကူပြုနိုင်ပါတယ်။
✨ Revenue Streams
Revenue Streams ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတစ်ခုက ဘယ်လိုငွေရှာလဲဆိုတဲ့အပိုင်းပါ။ ဒီအပိုင်းမှာဆိုရင်တော့ ဝင်ငွေဝင်နိုင်တဲ့ နေရာတွေဖြစ်တဲ့ ကုန်ပစ္စည်းရောင်းချတာတွေ၊ subscription model တွေ၊ လိုင်စင်အဖိုးအခတွေ၊ နဲ့ တခြားဝင်ငွေအရင်းအမြစ်တွေပါဝင်နိုင်ပါတယ်။ ရေရှည်မှာ ကောင်းမွန်စွာရပ်တည်နိုင်ဖို့အတွက် ဝင်ငွေလမ်းကြောင်းတွေကို သေချာ လေ့လာသိရှိထားဖို့လိုပါတယ်။
✨ Key Metrics
ခြေတစ်လှမ်းနောက်ကျတာနဲ့ နေရာရဖို့ခက်သွားနိုင်တဲ့ စီးပွားရေးလောကမှာ data တွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချခြင်းကလဲ အရေးကြီးတာကြောင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေရဲ့ အောင်မြင်မှုနဲ့ တိုးတက်မှုအတွက်ကို သေချာတိုင်းတာနိုင်မယ့် အတိုင်းအတာတွေကို စနစ်တကျထားရှိဖို့အတွက်လိုပါတယ်။ တိုင်းတာဖို့အတွက် customer acquisition cost တွေ၊ conversion rate တွေနဲ့ တခြားသင့်လျှော်တဲ့ metrics တွေကို အသုံးပြုနိုင်ပါတယ်။
✨ Cost Structure
Cost Structure ဆိုတာကတော့ စီးပွားရေးလုပ်ငန်း လည်ပတ်ပုံနဲ့ ဆက်စပ်မှုရှိတဲ့ ကုန်ကျစရိတ်အမျိုးမျိုးကို outline ပြုလုပ်တာဘဲဖြစ်ပါတယ်။ ဒီအချက်မှာဆိုရင်တော့ fixed cost တွေအပြင် ထုတ်လုပ်မှုကုန်ကျစရိတ်၊ မားကတ်တင်း ကုန်ကျစရိတ်၊ ဝန်ထမ်းစရိတ်နဲ့ တခြားသော ငွေကြေးကုန်ကျမှုတွေဖြစ်တဲ့ variable cost တွေပါဝင်ပါတယ်။ Cost Structure ကို နားလည်မှသာလျှင် Financial planning ကောင်းမွန်စွာပြုလုပ်နိုင်မှာဖြစ်ပြီး အရင်းအမြစ်တွေကိုလဲ ကောင်းမွန်စွာ ခွဲဝေဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
✨ Unfair Advantage
Unfair Advantage ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ရဲ့ ပြိုင်ဖက်တွေနဲ့ ကွဲလွဲစွာမြင်နိုင်စေမယ့်အချက်တွေပါဘဲ။ ဒီမှာဆိုရင်တော့ exclusive partnetship တွေ၊ နည်းပညာဆန်းသစ်တီထွင်မှုတွေ၊ တမူထူးခြားတဲ့ ကျွမ်းကျင်မှုတွေနဲ့ ဈေးကွက်ထဲမှာ စီးပွားရေးလုပ်ငန်းကို တန်ဖိုးတစ်ခုဖြစ်ပေါ်စေတဲ့အရာတွေပါဝင်ပါတယ်။ ရေရှည်မှာ အောင်မြင်မှုရရှိဖို့အတွက်ဆိုရင် ဒီအချက်တွေကိုသေချာဆုံးဖြတ်စဉ်းစားထားဖို့လိုပါတယ်။
Lean Canvas Model Template ဆိုတာကတော့ dynamic process တစ်ခုဖြစ်ပြီး template ကို ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိစေတဲ့ပုံစံနဲ့ ပြုပြင်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
Lean Canvas Model Template အကြောင်းကို ကောင်းကောင်းနားလည်ပြီး Lean Canvas Model Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text