© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to User Story Map

or

User Story Map ဘယ်လိုရေးဆွဲမလဲ?
အစဉ်တိုးတက်ပြောင်းလဲနေတဲ့ မားကတ်တင်းခေတ်အဆက်ဆက်မှာ ကိုယ့်လုပ်ငန်းရဲ့ အသုံးပြုသူဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကိုသိရှိထားမှသာ ကိုယ့်လုပ်ငန်းကလဲ မားကတ်တင်းခေတ်နဲ့အပြိုင်တိုးတက်မှုတွေဖြစ်ပေါ်မှာပါ။
ကိုယ့်လုပ်ငန်းရဲ့ အသုံးပြုသူ၊ ဖောက်သည်တွေအကြောင်းသိထားဖို့အတွက်ဆိုရင် User Story Map အသုံးပြုနိုင်လေလေ ဖောက်သည်တွေအကြောင်းပိုသိနိုင်လေလေပါဘဲ။
User Story Map ဆိုတာကတော့ အသုံးပြုသူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ လုပ်ငန်းဆောင်တာသတ်မှတ်တာတွေ၊ user story တွေကို အောင်မြင်တဲ့ မားကတ်တင်း campaign တွေဖြစ်ဖို့ စနစ်တကျအသုံးချနိုင်တဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။
User Story Map ရေးဆွဲဖို့အတွက်ဆိုရင် အဆင့် ( ၄ ) ဆင့်ကို မဖြစ်မနေသိထားဖို့အတွက်လိုပါတယ်။
⭐ Story Map Name
ထိရောက်မှုရှိတဲ့ User Story Map တိုင်းက သေချာသတ်မှတ်ထားတဲ့ နာမည်တစ်ခုနဲ့အတူ စနစ်တကျသတ်မှတ်ထားတဲ့ မားကတ်တင်းနည်းဗျူဟာရဲ့ Goal နဲ့ စတင်လေ့ရှိပါတယ်။ ရှင်းလင်းစွာသတ်မှတ်ထားတဲ့ User Story Map နာမည်တစ်ခုက လုပ်ဆောင်မယ့် team ကို ရှင်းလင်းတဲ့ ရည်မှန်းချက်တစ်ခု ပေးနိုင်စွမ်းရှိသလို ကိုက်ညီဆောင်ရွက်နိုင်ဖို့အတွက်ကိုလဲ တွန်းအားတစ်ခုဖြစ်စေပါတယ်။
⭐ User Activities
User Story Map အတွက် နာမည်တစ်ခုသတ်မှတ်ပြီးရင် ဆက်လက်လုပ်ဆောင်ရမှာကတော့ user activities တွေကို ခွဲခြားသတ်မှတ်ဖို့အတွက်နဲ့ ကောင်းစွာနားလည်ဖို့အတွက်ဘဲဖြစ်ပါတယ်။ ဒီနေရာမှာဆိုရင်တော့ ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ရှိတဲ့ အသုံးပြုသူတွေအနေနဲ့ ဖြစ်ပေါ်တဲ့ touchpoints တွေနဲ့ လုပ်ဆောင်တဲ့ ဆောင်ရွက်ချက်တွေပါဝင်ပါတယ်။ တစ်နည်းအားဖြင့် customer journey ကို နားလည်အောင်ဆောင်ရွက်ခြင်းဘဲဖြစ်ပါတယ်။
⭐ Tasks
User Story Map မှာ တတိယအဆင့်အနေနဲ့ ဆောင်ရွက်ရမယ့် Tasks ဆိုတာကတော့ User activities တွေကို ပြုလုပ်ဆောင်ရွက်နိုင်တဲ့ အဆင့်လေးတွေအဖြစ် ခွဲချသတ်မှတ်လိုက်တာဘဲ ဖြစ်ပါတယ်။ User Activities တွေကို Tasks တွေအဖြစ် ခွဲချလိုက်တဲ့အခါမှာ မားကတ်တင်းပြုလုပ်သူတို့အဖို့ အဓိက touchpoints တွေကို ရှာဖွေရလွယ်ကူစေပြီး user engagement အခွင့်အလမ်းတွေလဲများစွာရလာနိုင်ပါတယ်။ ဒီအချက်တွေကိုဆောင်ရွက်ခြင်းဖြင့် user တွေပြုလုပ်လေ့ရှိတဲ့ behavior တွေနဲ့ တွန်းအားဖြစ်စေတဲ့အချက်တွေကို သိရှိစေပါတယ်။
⭐ User Stories
User Stories ဆိုတာကတော့ User Story Map ရဲ့ အခရာအကျဆုံးအချက်ဖြစ်ပြီး user တစ်ဦးချင်းစီက touchpoint တစ်ခုချင်းဆီမှာ ဖြစ်ပေါ်တဲ့အတွေ့ကြုံတွေကို ဖော်ပြနိုင်ပါတယ်။ stories တွေကတော့ အသုံးပြုသူတွေရဲ့ အမြင်၊ သူတို့ရဲ့ လိုအပ်ချက်၊ လိုအင်ဆန္ဒ၊ လိုချင်တဲ့အရာတွေ၊ pain points တွေ ထည့်သွင်းဖော်ပြနိုင်ပြီး၊ stories တွေကနေတဆင့် စားသုံးသူ အသားပေးတဲ့ မားကတ်တင်းနည်းဗျူဟာကို သက်ရောက်မှုရှိစွာ ဖန်တီးနိုင်ဖို့အတွက် အခြေခံအုတ်မြစ်ကိုပေးနိုင်စွမ်းရှိစေပါတယ်။
User Story Map ကို ကောင်းကောင်းအသုံးချနိုင်တဲ့အခါမှာ user engagement ကောင်းလာစေယုံတင်သာမကဘဲ၊ ထိရောက်မှုရှိတဲ့ campaign တွေဖန်တီးလာနိုင်စေမှာဖြစ်သလို၊ customer တွေလဲ စိတ်ကျေနပ်မှုပိုမိုရရှိစေနိုင်ပါတယ်။
User Story Map အကြောင်းကို ကောင်းကောင်းနားလည်ပြီး User Story Map Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of map and text that says "sapwar User Story Map ဘယ်လိုရေးဆွဲမလဲ? 天 https://sapwar.com"