© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Project Canvas

or

Project Canvas Template ကို ဘယ်လိုအသုံးပြုမလဲ?
Project Canvas Template ဆိုတာကတော့ Project တွေကောင်းမွန်စွာ သတ်မှတ်နိုင်ဖို့အတွက်နဲ့ အစီစဉ်ရေးဆွဲနိုင်ဖို့အတွက် ကောင်းမွန်တဲ့ framework တစ်ခုကို ဖန်တီးပေးနိုင်တဲ့ template တစ်ခုဘဲဖြစ်ပါတယ်။
Project Canvas Template တစ်ခုကို ရေးဆွဲဖို့အတွက် မဖြစ်မနေပါရှိသင့်တဲ့အပိုင်းလေးတွေကို မိတ်ဆွေတို့အတွက် အချက်တစ်ချက်ချင်းစီ ဖော်ပြရင်း မျှဝေသွားပေးပါမယ်။
✨ Project Name
Project Canvas ရဲ့ ပထမဆုံးအဆင့်ကတော့ Project Name ကို အရင်သတ်မှတ်ဖို့အတွက်ဘဲဖြစ်ပါတယ်။ ဒီအဆင့်က ရိုးရှင်းတယ်လို့ထင်ရပေမယ့် project ရဲ့ အဆီအနှစ်ဖြစ်တာကြောင့် အရေးပါ ပါတယ်။ သေချာစဉ်းစားပြီး စနစ်တကျ ဖန်တီးထားတဲ့ project name က project ရဲ့ ရည်ရွက်ချက်ကို communicate လုပ်ပေးနိုင်ရုံသာမကဘဲ ပါဝင်သူတွေအားလုံးအတွက်လဲ တစုတစည်းတည်းဖြစ်စေပါတယ်။
✨ Participants
ဒုတိယအဆင့်ကတော့ ပါဝင်မယ့် participants တွေကို စုစည်းဖို့အတွက်ဘဲဖြစ်ပါတယ်။ Project ရဲ့ stakeholder တွေ၊ ပါဝင်မယ့် team member တွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ကဏ္ဍတွေကို တိတိကျကျသတ်မှတ်ပေးဖို့အတွက်လဲ အရေးကြီးပါတယ်။ ဒါမှသာ project တစ်လျှောက်မှာ communication line ကို ရှင်းလင်းစေနိုင်ပြီး တာဝန်ယူမှုတွေကွဲပြားစေနိုင်မှာဖြစ်ပါတယ်။
✨ Goals
နောက်တစ်ချက်အရေးပါတာကတော့ ရည်မှန်းချက်ပန်းတိုင်ချမှတ်ဖို့အတွက်ဘဲဖြစ်ပါတယ်။ project ကနေ ဘာကိုအောင်မြင်ချင်တာလဲ? ဘာကိုရရှိလိုတာလဲဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ထားမှသာ roadmap ရေးဆွဲပြီး ဆုံးဖြတ်ချက်တွေချနိုင်မှာဖြစ်သလို အရင်းမြစ်တွေလဲ မှန်မှန်ကန်ကန်ခွဲဝေပေးနိုင်မှာဖြစ်ပါတယ်။
✨ Users
နောက်တစ်ချက်ကတော့ project ရဲ့ primary user တွေကို သတ်မှတ်ဖို့အတွက်ပါ။ project ကနေ ဘယ်လိုလူတွေကတော့ တိုက်ရိုက်အကျိုးအမြတ်ရရှိမလဲ သူတို့ရဲ့ လိုအပ်ချက်ကို ဘယ်လိုမှီတင်းအောင်ဖြည့်ရမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဒီအချက်ကအရေးပါပါတယ်။
✨ User Benefits
အသုံးပြုသူတွေအကြောင်းနားလည်စေဖို့အတွက် ဆောင်ရွက်ဖို့အတွက်ကလဲ project တစ်ခုမှာ အခရာကျပါတယ်။ အပြုသဘောဆောင်တဲ့ ရလဒ်တွေနဲ့ user တွေရရှိနိုင်တဲ့ အကျိုးမြတ်တွေကို သိရှိထားမှသာ team ကိုလဲ တွန်းအားပေးနိုင်မှာဖြစ်ပြီး အောင်မြင်မှုကိုလဲ ပြန်လည်တိုင်းတာနိုင်မှာဘဲဖြစ်ပါတယ်။
✨ Activities & Deliverables
ဒီအဆင့်မှာတော့ project အတွက် လုပ်ဆောင်ရမယ့်လုပ်ဆောင်ချက်တွေနဲ့ ပို့ဆောင်ရမယ့်နည်းလမ်းတွေကို စနစ်တကျရွေးချယ်စဉ်းစားဖို့အတွက်ဘဲဖြစ်ပါတယ်။ ဒါမှသာ project workflow ပိုကောင်းမွန်စေပြီး ကောင်းမွန်စွာ planning လုပ်နိုင်မှာဖြစ်ပါတယ်။
✨Assumptions
တစ်ခါတစ်ရံမှာ project တွေက မတူညီတဲ့ ပတ်ဝန်းကျင်မှာ လည်ပတ်လုပ်ကိုင်ရတဲ့အတွက် ယူဆချက်တွေကို သတ်မှတ်ထားဖို့အတွက်လဲလိုပါတယ်။ project ကိုလုပ်ဆောင်တဲ့ project team ကနေ အစီစဉ်ချမှတ်နေတုန်းမှာ၊ ကြိုတင်မျှော်လင့်ထားတဲ့ risk တွေကြုံလာတဲ့အခါမှာ စသဖြင့်အခြေနေတွေမှာ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ ယူဆချက်တွေစနစ်တကျသတ်မှတ်ထားဖို့လိုပါတယ်။
✨ Risks
ကြုံလာရနိုင်ချေရှိတဲ့ အန္တရာယ်တွေကို ကြိုတင်တွက်ဆထားဖို့လဲလိုပါတယ်။ ဒါမှသာ အခြေအနေတွေကို ကြိုတင်ခန့်မှန်းနိုင်ပြီး ကြုံတွေ့လာရတဲ့အနေအထားအလျှောက် ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နည်းဗျူဟာတွေချမှတ်ထားနိုင်မှာဘဲဖြစ်ပါတယ်။
✨ Milestones
Milestones ဆိုတာကတော့ project အတွင်း တိုးတက်မှုတွေကိုတိုင်းတာနိုင်ဖို့အတွက် သတ်မှတ်ထားသင့်တဲ့အရာဘဲဖြစ်ပါတယ်။ milestone တွေသတ်မှတ်ထားမှသာ အောင်မြင်မှုတွေကိုလဲ ပြန်တိုင်းတာနိုင်မှာဖြစ်ပြီး လွဲချော်သွားတဲ့အရာတွေကိုလဲအချိန်မှီပြုပြင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
✨ Constraints
Project တိုင်းမှာ တိကျသေချာမှုရှိတဲ့ ကန့်သတ်ချက်တွေလိုအပ်ပါတယ်။ ကန့်သတ်ချက်တွေက ငွေကြေးဆိုင်ရာဘဲဖြစ်ဖြစ်၊ အချိန်နဲ့သက်ဆိုင်တာဘဲဖြစ်ဖြစ်၊ ဒီရဲ့ constraint တွေကို သိထားမှသာလျှင် လက်တွေ့ကျတဲ့ အရာတွေဆောင်ရွက်နိုင်မှာဖြစ်ပြီး project outcome လဲ ကောင်းစေမှာဖြစ်ပါတယ်။
✨ Scope
နောက်ဆုံးအပိုင်းဖြစ်တဲ့ Scope မှာဆိုရင်တော့ project အတွက် ကန့်သတ်ချက်တွေချမှတ်ဖို့အတွက်ဘဲဖြစ်ပါတယ်။ အဓိကအနေနဲ့ ဘာတွေပါဝင်သင့်လဲ ဘာတွေက တန်းတူညီမျှ အရေးကြီးလဲ၊ ဘယ်အချက်တွေကိုတော့ ဖယ်ရှားသင့်လဲဆိုတာကို သိရှိမှသာလျှင် project tracking ပြုလုပ်ရလွယ်ကူစေမှာဘဲဖြစ်ပါတယ်။
Project Canvas Template ရဲ့ အဆင့်ဆင့်ကို ကောင်းကောင်းနားလည်ပြီး Project Canvas Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text