© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to PESTEL Analysis

or

PESTEL Analysis ဘယ်လိုပြုလုပ်မလဲ?
မားကတ်တင်းခေတ်မှာ ကိုယ်စီးပွားရေးလုပ်နေတဲ့ပတ်ဝန်းကျင်ကို ပုံဖော်ပေးနိုင်တဲ့ ပြင်ပကနေသက်ရောက်မှုရှိနေတဲ့အချက်အလက်တွေကို သိထားဖို့အတွက် လိုပါတယ်။
PESTEL Analysis ဆိုတာကတော့ မိတ်ဆွေတို့လုပ်ငန်းတွေရဲ့ မားကတ်တင်းနည်းဗျူဟာတွေအပေါ်မှာ ပြင်ပကနေလွှမ်းမိုးနေတဲ့အချက်တွေကို လေ့လာသိရှိနိုင်မယ့် အစွမ်းထက် Tool တစ်ခုဖြစ်ပါတယ်။
PESTEL Analysis ပြုလုပ်ဖို့အတွက်ဆိုရင်
1. မားကတ်တင်းပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်တွေကို အရင်သတ်မှတ်ရပါမယ်။
PESTEL Analysis မပြုလုပ်ခင်မှာ ကိုယ့်ရဲ့ မားကတ်တင်းပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်က ရှင်းလင်းနေဖို့အတွက်လိုပါတယ်။
ဈေးကွက်အသစ်တစ်ခုဆီကိုထိုးဖောက်ချင်တာဘဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းအသစ်တစ်ခုခု စတင်ကြေငြာချင်တာဘဲဖြစ်ဖြစ်၊ Brand reputation မြှင့်တင်ချင်တာဘဲဖြစ်ဖြစ် တိကျသေချာတဲ့ ရည်မှန်းချက်ပန်းတိုင်၊ ရည်ရွယ်ချက်တစ်ခုရှိမှသာ ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီအောင် PESTEL analysis ကိုလဲကောင်းမွန်စွာ အသုံးချနိုင််မှာဖြစ်ပါတယ်။
2. ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ PESTEL Analysis Template ကို ရွေးချယ်ရပါမယ်။
PESTEL Analysis ကို ရွေးချယ်တဲ့အခါမှာလဲ Political, Economic, Social, Technological, Environmental, and Legal ဆိုတဲ့ အချက် ( ၆ ) ချက်ကို ခြုံငုံမိအောင်ရွေးချယ်နိုင်ဖို့လိုပါတယ်။
Political Factors
PESTEL Analysis ထဲက ပထမဆုံး P ကတော့ Political Factors ( နိုင်ငံရေးနဲ့ဆိုင်တဲ့ အချက်တွေ ) ဘဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ မားကတ်တင်းနည်းဗျူဟာမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့အချက်တွေရဲ့ သက်ရောက်မှုကို လေ့လာစမ်းစစ်ဖို့လိုပါတယ်။
ဒီနေရာမှာ အစိုးရတည်မြဲခြင်းတွေ၊ ကောင်းမွန်ခိုင်မာတဲ့ ဥပဒေရှိခြင်းတွေနဲ့၊ ကိုယ့်လုပ်ငန်းနယ်ပယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဆိုင်ရာ သက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားရပါမယ်။ ဒါမှသာ ကိုယ့်လုပ်ငန်းအနေနဲ့ အခွင့်အလမ်းတွေ ဘယ်လိုဖန်တီးနိုင်မယ် ဆိုတာကို သိသာစေနိုင်မှာဖြစ်သလို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမယ်ဆိုတာလဲသိရှိစေမှာဖြစ်ပါတယ်။
Economic Factors
PESTEL Analysis ထဲက ပထမ E ကတော့ Economic Factors ( စီးပွားရေးနဲ့ဆိုင်တဲ့ အချက်တွေ ) ဘဲဖြစ်ပါတယ်။ Economic Factors မှာဆိုရင်တော့ ငွေကြေးဖောင်းပွမှုတွေ၊ ငွေကြေးလဲလှယ်နှုန်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိခြင်းတွေပါဝင်ပါတယ်။
ဒီအချက်တွေကို လေ့လာသိရှိခြင်းအားဖြင့် ကိုယ့်လုပ်ငန်းရဲ့ ဈေးနှုန်းသတ်မှတ်ခြင်းနဲ့ Promotion နည်းဗျူဟာတွေပေါ်မှာ သက်ရောက်နေတဲ့ ကိုယ့်လုပ်ငန်းရဲ့ဖောက်သည်တွေအနေနဲ့ ဝယ်ယူသုံးစွဲမှုပုံစံတွေ၊ စီးပွားရေးညွှန်းကိန်းတွေကို သိရှိစေနိင်ပါတယ်။
Social Factors
PESTEL Analysis ထဲကနောက်တစ်ချက်ကတော့ Social Factors ဘဲဖြစ်ပါတယ်။ Social Factors မှာဆိုရင်တော့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ ရေပန်းစားမှုတွေနဲ့ ကိုယ့်လုပ်ငန်းရှိဖောက်သည်တွေရဲ့ပုံစံတွေကို ပုံဖော်ပေးနိုင်တဲ့ Demographic Factors တွေ ပါဝင်ပါတယ်။
ဒီအချက်တွေကို နားလည်သိရှိခြင်းအားဖြင့် ကိုယ့်လုပ်ငန်းကနေပေးချင်တဲ့ မားကတ်တင်းအချက်အလက်တွေကို သင့်လျော်တဲ့နည်းလမ်းအားဖြင့် ဦးတည်လူအုပ်စုစီရောက်ရှိစေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
Technological Factors
PESTEL Analysis ထဲက နောက်တချက်ကတော့ Technological Factors ဘဲဖြစ်ပါတယ်။ Technological Factors မှာ ဆိုရင်တော့ တီထွင်ဆန်းသစ်မှုတွေ၊ တိုးတက်ပြောင်းလဲလုပ်ဆောင်ခြင်းတွေနဲ့၊ ကိုယ့်လုပ်ငန်းနယ်ပယ်ကို အနှောင့်ယှက်ဖြစ်စေနိုင်တဲ့ နည်းပညာအကြောင်းတွေပါဝင်ပါတယ်။
ဒီအချက်တွေကို သိရှိနားလည်ထားတဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ မားကတ်တင်းအတွက် ရရှိနိုင်မယ့် အခွင့်အရေးကောင်းကျိုးတွေကို စမ်းစစ်နိုင်မှာဖြစ်ပြီး ကိုယ့်လုပ်ငန်းရှိဖောက်သည်ရဲ့နှစ်သက်မှုတွေကို နည်းပညာတွေက ဘယ်လိုသက်ရောက်မှုရှိစေတယ်ဆိုတာကို သိရှိစေမှာဖြစ်ပါတယ်။
Environmental Factors
PESTEL Analysis ထဲက နောက်တစ်ချက်ကတော့ Environmental Factors တွေဘဲဖြစ်ပါတယ်။ Environmental Factors မှာဆိုရင်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းတွေ၊ ရာသီဉတုပြောင်းလဲခြင်းတွေနဲ့ စီးပွားရေးဆိုင်ရာ ရေပန်းစားမှုတွေပါဝင်ထည့်သွင်းစဉ်းစားရပါမယ်။
ဒီအချက်တွေကို သိရှိထားတဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းတွေဖြန့်ဝေရာမှာလဲ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာတွေကို ဖောက်သည်တွေထံဖြန်ဝေပေးနိုင်မှာဖြစ်သလို Brand Reputation လဲ ပိုမိုကောင်းမွန်လာအောင် Eco-friendly နည်းစနစ်တွေကို မားကတ်တင်းနည်းဗျူဟာမှာ ပေါင်းစပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Legal Factors
PESTEL Analysis ထဲက နောက်ဆုံးအချက်ကတော့ Legal Factors တွေဘဲဖြစ်ပါတယ်။ ဒီအချက်မှာဆိုရင်တော့ နည်းစနစ်တွေ၊ မဖြစ်မနေလိုက်နာဆောင်ရွက်ရမယ့်အချက်တွေ၊ ဖြစ်လာနိုင်ချေရှိတဲ့ ဉပဒေဆိုင်ရာစိန်ခေါ်မှာတွေကို ထည့်သွင်းစဉ်းစားရပါမယ်။
ဒါတွေကို သိရှိထားမှသာ လက်ရှိတည်ဆဲဉပဒေတွေနဲ့ ကိုက်ညီတဲ့ မားကတ်တင်းနည်းဗျူဟာတွေဖန်တီးနိုင်မှာဖြစ်ပြီး ဖြစ်ပေါ်နိုင်တဲ့အပြောင်းအလဲတွေကို ကြိုတင်မှန်းဆပြီး ပြင်ဆင်မှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။
3. တွေ့ရှိချက်အားလုံးကို စုစည်းမှုများပြုလုပ်ရပါမယ်။
PESTEL Analysis ရှိအချက်တစ်ခုချင်းစီကို ဝေဖန်ပိုင်းခြားစမ်းစစ်မှုတွေပြုလုပ်ပြီးတဲ့အခါမှာ တွေ့ရှိ လေ့လာချက်တွေကိုစုစည်းရပါမယ်။ အချက်တစ်ခုချင်းဆီအပေါ်မှာ လေ့လာစမ်းစစ်မှုတွေပြုလုပ်ရမှာဖြစ်သလို အချက်တစ်ခုနဲ့တစ်ခုကြားရှိဆက်နွယ်မှုတွေကိုလဲ မေ့ထားလို့မရပါဘူး။ ခုလို ခြုံငုံလေ့လာခြင်းက ကိုယ့်ရဲ့ မားကတ်တင်းပတ်ဝန်းကျင်ပေါ်သက်ရောက်နေတဲ့ ပြင်ပအချက်တွေကို အလုံးစုံ ကောင်းစွာသိမြင်နိုင်ဖို့ အကူညီပေးနိုင်ပါတယ်။
PESTEL Analysis အကြောင်းကို ကောင်းကောင်းနားလည်ပြီး PESTEL Analysis Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of 2 people and text that says "sapwar PESTEL Analysis ဘယ်လိုပြုလုပ်မလဲ 00 https://sapwar.com"