© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to BCG Matrix

or

မားကတ်တင်းအတွက် BCG Matrix အသုံးပြုတတ်ပြီလား?
BCG Matrix ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို လေ့လာစမ်းစစ်ပြီး ဦးစားပေးမှုတွေပြုလုပ်နိုင်ဖို့အတွက် အစွမ်းထက်တဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ စီမံခန့်ခွဲနိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။
BCG Matrix ကိုတော့ Boston Consulting Group ကနေ 1970 အစောပိုင်းကာလတွေမှာ စတင်ခဲ့ပြီး ယနေ့ခေတ်ထိတိုင်အောင် စီးပွားရေးလုပ်ငန်းတွေမှာ ရေရှည်အစီစဉ်တွေချမှတ်ရေးဆွဲဖို့အတွက်၊ အရင်းအမြစ်တွေခွဲဝေနိုင်ဖို့အတွက်နဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။
BCG Matrix ကိုတော့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေပေါ်မှာ ဈေးကွက်ရဲ့ Growth Rate နဲ့ Market Share ပေါ် မူတည်ပြီး Stars, Cash Cows, Question Marks, Dogs ဆိုပြီး အပိုင်း ( ၄ ) ပိုင်းခွဲထားပါတယ်။
1️⃣ Stars
Stars မှာဆိုရင်တော့ High-growth Market မှာ Market Share များစွာရှိပြီး၊ Market Share တွေကို ပိုတိုးပွားဖို့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံမှုအများအပြားလိုအပ်ပါတယ်။ Cash Cows ဖြစ်ဖို့အတွက်ကိုလဲ အလားအလာရှိတဲ့အဆင့်ဖြစ်ပါတယ်။
2️⃣ Cash Cows
Cash Cows မှာဆိုရင်တော့ low-growth market မှာ Market Share များစွာရှိပြီး Market Share ကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် Cash များစွာ လိုပါတယ်။ မူရင်း ကုန်ပစ္စည်းတွေထက် တခြားသော ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုလုပ်ငန်းတွေမှာလဲ ရင်းနှီးမြှပ်နှံဖို့အတွက် အရင်းမြစ်တစ်ခုဖြစ်လာနိုင်ပါတယ်။
3️⃣ Question Marks
Question Marks အဆင့်မှာတော့ High-growth Market မှာ Market Share လျော့နဲစွာရှိပြီး၊ Market Share တိုးလာစေဖို့အတွက် ထိရောက်တဲ့ ရင်းနှီးမြှပ်နှံမှုတွေလိုအပ်ပါတယ်။ Stars ဖြစ်သွားနိုင်တဲ့ အလားအလာရှိသလို၊ သေချာမဆောင်ရွက်နိုင်တဲ့အခါ Dogs အပိုင်းကိုလဲရောက်သွားနိုင်ပါတယ်၊။
4️⃣ Dogs
Dogs အဆင့်မှာတော့ Low-growth Market မှာ Market Share လဲလျော့နဲနေပြီး၊ ဆက်လက်လည်ပတ်နိုင်ဖို့အတွက် လုံလောက်တဲ့ cash တွေရရှိဖို့အတွက် လည်ပတ်နိုင်အောင်ပြုလုပ်ရပါလိမ့်မယ်။ ဒီအဆင့်မှာဆိုရင်တော့ ဖျတ်သိမ်းဖို့အတွက်လဲ အလားအလာကျရောက်သွားနိုင်ပါတယ်။
BCG Matrix ကို အသုံးပြုဖို့အတွက် ဆိုရင်တော့ အဆင့် ( 4 ) ဆင့်ရှိပါတယ်။
???? Portfolio Analysis
ကိုယ့်စီးပွားရေးလုပ်ငန်းရှိ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအားလုံးကို အမျိုးအစားခွဲခြားပြီး လေ့လာစမ်းစစ်မှုတွေ စတင်လုပ်ဆောင်ရပါမယ်။
ဒီအဆင့်မှာဆိုရင်တော့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှု တစ်ခုချင်းစီရဲ့ ဈေးကွက် ရှယ်ယာနဲ့ Growth Rate ကိုလဲ လေ့လာစမ်းစစ်ဖို့အတွက်လိုပါတယ်။ လေ့လာစမ်းစစ်ပြီးရင်တော့ BCG Matrix မှာရှိတဲ့ သက်ဆိုင်ရာ အကွက်လေးတွေမှာ ကုန်ပစ္စည်းတစ်ခုချင်းစီကို နေရာချထားရပါမယ်။
???? Resource Allocation
နောက်တဆင့်ကတော့ သက်ဆိုင်ရာအကွက်လေးတွေမှာ နေရာချထားတာအရ လိုအပ်ချက်တွေကို လေ့လာပြီး အရင်းအမြစ်တွေကို ခွဲဝေပေးဖို့အတွက်ဖြစ်ပါတယ်။
Star အဆင့်မှာ Market Share တိုးအောင်၊ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် ရင်းနှီးမြှပ်နှံမှုလဲ များများလိုအပ်ပါတယ်။ တခြား ကုန်ပစ္စည်းတွေ စတင်ဖို့ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက်ကိုလဲ Cash Cows အဆင့်ကနေ ငွေတွေထုတ်ယူနိုင်ဖို့လိုပါတယ်။
???? Strategic Decision-Making
ဒီအဆင့်မှာတော့ Quadrant တစ်ခုချင်းစီတိုင်းအတွက် နည်းဗျူဟာတွေရေးဆွဲဖို့အတွက်လိုပါတယ်။
နည်းဗျူဟာတွေရေးဆွဲတဲ့အခါမှာ Stars အဆင့်မှာဆိုရင် ဈေးကွက်ကို လွမ်းမိုးနိုင်ဖို့အတွက်နဲ့ တိုးတက်ဖို့အတွက်ကိုအာရုံစိုက်သင့်ပါတယ်။ Cash Cows အဆင့်မှာဆိုရင် cash flow ပိုများလာစေဖို့အတွက်နဲ့ ဈေးကွက် ရှယ်ယာကိုထိန်းထားနိုင်ဖို့ ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်ဖို့လိုပါတယ်။ Question Marks အဆင့်မှာဆိုရင် ဘယ်အရာကို ပိုတိုးတက်စေပြီး၊ ဘယ်အရာက ပိုဆုပ်ယုတ်စေတယ်ဆိုတာကိုသိရှိပြီး ဆုံးဖြတ်နိုင်ဖို့လိုပါတယ်။ Dogs အဆင့်မှာဆိုရင်တော့ ကုန်ပစ္စည်းသစ်တွေတီထွင်ဆန်းသစ်ဖို့အတွက်နဲ့ ရွေးချယ်မှုကောင်းတွေပြုလုပ်ဖို့လိုပါတယ်။
???? Regular Review and Adaptation
နောက်ဆုံးအဆင့်ကတော့ ပုံမှန်လေ့လာမှုတွေပြုလုပ်ပြီး သင့်လျော်သလို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက်ပါ။
ဈေးကွက်အခြေအနေ၊ ပြိုင်ဖက်အခြေအနေနဲ့ အခြားသော အချက်အလက်တွေပေါ်မူတည်ပြီး BCG Matrix ကို ပုံမှန်လေ့လာစမ်းစစ်ပြီး လိုအပ်သလို Update ပြုလုပ်နေဖို့လိုပါတယ်။
BCG Matrix အကြောင်းကို ကောင်းကောင်းနားလည်ပြီး BCG Matrix Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar 8 မားကတ်တင်းအတွက် BCG M”tix အသုံးပြုတတ်ပြီလား 6 https://sapwar.com"