© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to 1-Page Marketing

or

One Page Marketing အကြောင်းသိပြီးပြီလား?
ကိုယ့်ရဲ့လုပ်ငန်းရဲ့ မားကတ်တင်းကဏ္ဍမှာ မလိုအပ်တဲ့အရာတွေမှာ အာရုံစိုက်နေရခြင်းနဲ့ အချိန်ကုန်ခံနေရခြင်းကို ရှောင်ရှားနိုင်ဖို့ One Page Marketing Plan ကို အသုံးပြုသင့်ပါတယ်။
One Page Marketing Plan ဆိုတာကတော့ လုပ်ငန်းတစ်ခုမှာ မားကတ်တင်းနဲ့သက်ဆိုင်တဲ့ ရည်မှန်းချက်တွေ၊ ဦးတည်လူအုပ်စုတွေ၊ အသုံးပြုမယ့်နည်းဗျူဟာတွေနဲ့ တိုင်းတာမှုတွေကို သိရှိစေနိုင်မယ့် နည်းဗျူဟာဆိုင်ရာ အစီအစဉ်ရေးဆွဲမှုတစ်ခုပါဘဲ။
One Page Marketing Plan မှာဆိုရင် အပိုင်း ( 9 ) ပိုင်း ပါ၀င်ပါတယ်။
❄️ ပထမဆုံးအဆင့်အနေနဲ့ Target Market ( ကိုယ်ဦးတည်မယ့် ဈေးကွက် ) ကို အရင်ဆုံးသတ်မှတ်ဖို့အတွက် လိုပါတယ်။ Target Market သတ်မှတ်ဖို့အတွက် Demographic နည်းအားဖြင့်လည်း‌ကောင်း၊ Geographic နည်းအားဖြင့်လည်းကောင်း၊ Psychographic နည်းအားဖြင့်လည်းကောင်း၊ Behavioral နည်းအားဖြင့်လည်းကောင်း ကိုယ့်ရဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုနဲ့ ဉီးတည်မယ့် Audience ပေါ် မူတည်ပြီး သတ်မှတ်နိုင်ပါတယ်။ လုပ်ငန်းရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီဖို့အတွက်ကိုတော့ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
❄️ Target Market ကို သတ်မှတ်ပြီးတဲ့အခါမှာ Target Market ဆီကို ပေးမယ့် Message ကို ဖန်တီးရပါမယ်။ ကိုယ့်ရဲ့ Target Market ဆီကို ပေးပို့မယ့် message မှာဆိုရင်တော့ သူတို့လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ထည့်သွင်းပေးဖို့လိုသလို ယုံကြည်မှုရှိစေတဲ့၊ အရေးကြီးတဲ့ခံစားချက်ကို ပေးစွမ်းနိုင်တဲ့၊ မှန်ကန်တဲ့ အချက်အလက်တွေကိုလဲ ထည့်သွင်းပေးဖို့လိုပါတယ်။
❄️ Target Market ဆီကို ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက် ( Message ) ရောက်ရှိနိုင်ဖို့အတွက် အသုံးပြုမယ့် ကြားခံ ( Media ) ရွေးချယ်ရပါမယ်။ မားကတ်တင်းအတွက် Social Media, Email Marketing, Content Marketing တို့လို Digital Marketing Channel တွေနဲ့ Billboard, Newspaper, Radio တို့လို Traditional Marketing Channel တွေ အစရှိတဲ့ channel များစွာရှိတဲ့အထဲကမှ ကိုယ့်ရဲ့ ဦးတည်ထားတဲ့ ‌Target Audience အများဆုံးအသုံးပြုတဲ့၊ အသုံးပြုရလွယ်ကူတဲ့ Media ကို ရွေးချယ်ရပါမယ်။
❄️ စတုတ္ထအချက်အနေနဲ့ကတော့ Lead Capture System တစ်ခု တည်ဆောက်ရမှာဖြစ်ပါတယ်။ ကိုယ့်ဆီကိုရောက်လာတဲ့ visitors တွေကနေ စုံစမ်းမေးမြန်းသူတွေအဖြစ်ပြောင်းသွားတာကို Lead Capture လို့ခေါ်ပါတယ်။ Lead Capture System တစ်ခု တည်ဆောက်ဖို့အတွက်ဆိုရင် Personal Contact တွေ သေချာရစေဖို့အတွက် နည်းဗျူဟာကျကျ ဆောင်ရွက်ရပါမယ်။
❄️ Lead Capturing ပြုလုပ်ပြီးရင်တော့ Lead Nurturing System တစ်ခုကို တည်ဆောက်ရပါမယ်။ Sales Funnel အဆင့်တိုင်းမှာ Customer နဲ့ relationship ကောင်းမွန်အောင် ယုံကြည်မှုတွေ တည်ဆောက်ထားဖို့အတွက် လိုပါတယ်။ ယုံကြည်မှုတွေတည်ဆောက်ထားပြီးတဲ့အခါမှာ သူတို့ရဲ့ လိုအပ်ချက်တွေအရ သတင်းအချက်အလက်တွေပေးပို့နိုင်ရပါမယ်။
❄️ ပြီးရင်တော့ Sales Conversation Strategy တစ်ခုကို တည်ဆောက်ရပါမယ်။ စုံစမ်းမေးမြန်းတဲ့သူတွေကနေ customer အဖြစ်ကို ပြောင်းလာစေဖို့အတွက် Customer တွေရဲ့အသံကိုသေချာနားထောင်ပြီး၊ သူတို့အမှန်တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေကို ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိအောင် ဖြည့်စည်းပေးရမှာဘဲဖြစ်ပါတယ်။
❄️ World Class Experience တစ်ခု ဘယ်လိုပေးစွမ်းနိုင်မလဲဆိုတာ ထည့်သွင်းစဉ်းစားရပါမယ်။ World Class Experience တစ်ခုပေးစွမ်းနိုင်ဖို့အတွက် အရေးအကြီးဆုံးကတော့ Customer တွေရဲ့ ရင်ထဲကလာတဲ့ စကားသံတွေကို သေချာနားထောင်ပြီး သူတို့ရဲ့ Feedback တွေအပေါ်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ အချိန်နဲ့ တပြေးညီပြုလုပ်ဖို့အတွက်ဘဲဖြစ်ပါတယ်။ ဒီနေရာမှာ Proactive ဖြစ်ဖို့၊ ကိုယ့်ရဲ့ ဖောက်သည်တွေအပေါ် ရိုးသားဖို့၊ အချိန်နဲ့တပြေးညီဆောငိရွက်နိုင်ဖို့လဲ လိုပါတယ်။
❄️ Customer Lifetime Value တိုးအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ စဉ်းစားရပါမယ်။ CLV တိုးစေဖို့အတွက်ဆိုရင်တော့ Upselling ပြုလုပ်တာတွေ၊ Cross-selling ပြုလုပ်တာတွေ၊ ကိုယ့်ဖောက်သည်တွေရဲ့ စကားသံတွေကို သေချာ‌နားထောင်ပေးတာတွေ၊ Loyalty Program တည်ဆောက်တာတွေ ကိုယ့်ဖောက်သည်တွေအတွက် Community တစ်ခု တည်ဆောက်ပေးတာတွေ အစရှိသဖြင့် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိ‌တာတွေကို ပြုလုပ်နိုင်ပါတယ်။
❄️ နောက်ဆုံးအဆင့်အနေနဲ့ကတော့ Referrals တွေ များလာစေဖို့အတွက်နဲ့ Loyal Customer တိုးလာစေဖို့ ဆောင်ရွက်ရပါမယ်။ Loyal Customer များလာစေဖို့အတွက်ဆိုရင် After sale service တွေပေးတာတွေ၊ Feedback တွေကို အမြဲ‌နားထောင်ပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးတာတွေ၊ Special offers တွေ ဆောင်ရွက်ပေးတာတွေ ပြုလုပ်နိုင်ပါတယ်။
One Page Marketing Plan အကြောင်းကို ကောင်းကောင်းနားလည်ပြီး One Page Marketing Plan Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of 3 people and text that says "sapwar 1-Page Marketing အကြောင်း သိပြီးပြီလား? 140 https://sapwar.com"