© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Marketing Funnel

or

Marketing Funnel တစ်ခု ဘယ်လိုတည်ဆောက်မလဲ?
မားကတ်တင်းပြုလုပ်နေကြသူတွေအဖို့ Marketing Funnel ကိုတော့ မဖြစ်မနေသိထားဖို့လိုပါတယ်။ ✨
⭐ Marketing Funnel ဆိုတာကတော့ သင့်လုပ်ငန်းရဲ့ အလားအလာရှိတဲ့ ဖောက်သည်တွေရဲ့ အကြောင်းဘဲဖြစ်ပါတယ်။
⭐ Marketing Funnel ကို သိထားတဲ့အခါမှာ customer တစ်ဦးရဲ့ Awareness အဆင့်ကနေစပြီးတော့ နောက်ဆုံးအဆင့်ရောက်တဲ့အထိ အဆင့်တိုင်းမှာ နည်းဗျူဟာမှန်မှန် စနစ်ကျကျနဲ့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
1. Marketing Funnel ကို နားလည်အောင်လေ့လာခြင်း
Template ကို စတင်အသုံးမပြုခင်မှာ Marketing Funnel ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို နားလည်ဖို့အတွက် အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် Funnel အဆင့်တွေကတော့ Awareness, Interest, Consideration, Intent, Purchase ဆိုပြီး ရှိပါတယ်။
အဆင့်တစ်ခုချင်းစီတိုင်းမှာ ဖောက်သည်တွေရဲ့ ဖြတ်သန်းရတဲ့ ခရီးလမ်းအဆင့်အဆင့်အကြောင်းကို လေ့လာနိုင်ပြီး အဆင့်တစ်ခုချင်းစီမှာ ကိုယ့်ဖောက်သည်တွေနဲ့ ကိုက်ညီမှုရှိတဲ့ မားကတ်တင်းအားထုတ်မှုတွေဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို လေ့လာသိရှိနိုင်ပါတယ်။
2. သင့်လုပ်ငန်းအတွက် စိတ်တိုင်းကျ Marketing Funnel Template ရွေးချယ်ခြင်း
သင့်လုပ်ငန်းနဲ့ လုပ်ငန်းနယ်ပယ်ပေါ်မူတည်ပြီး ကိုက်ညီမှုရှိတဲ့ Marketing Funnel တွေတည်ဆောက်ပြီး စိတ်တိုင်းကျဖန်တီးထားဖို့လိုပါတယ်။
ကိုယ်ရွေးချယ်ထားတဲ့ Template က ကိုယ့်ဖောက်သည်တွေရဲ့ ဖြတ်သန်းရတဲ့ ခရီးလမ်းတွေကို အလွယ်တကူကြည့်ရှုလေ့လာနိုင်ပြီး track လုပ်ရလွယ်ကူစေဖို့အတွက်တော့ လိုပါတယ်။
3. Top of the Funnel (TOFU) – Awareness
ဒီအဆင့်ကတော့ ကိုယ့်ရဲ့ ဖောက်သည်ဖြစ်လာနိုင်ချေရှိတဲ့သူတွေကနေ ကိုယ့်အမှတ်တံဆိပ်ကို စတင်သတိပြုမိလာတဲ့အဆင့်ဘဲဖြစ်ပါတယ်။
Template ကိုတော့ Content Marketing ပြုလုပ်ခြင်းတို့လို Social Media မားကတ်တင်းပြုလုပ်ခြင်းနဲ့ SEO တို့လို Brand Awareness ကို ဖန်တီးပေးနိုင်မယ့် Online နည်းဗျူဟာတွေမှာ Template ကို အသုံးပြုနိုင်ပါတယ်။
ဒီအဆင့်မှာဆိုရင်တော့ website visits တို့လို social media engagement တို့လိုမျိုး Key Performance Indicators ( KPIs ) တွေကို ရှင်းလင်းစွာ သတ်မှတ်ထားဖို့အတွက်လိုပါတယ်။
4. Middle of the Funnel (MOFU) – Interest and Consideration
Funnel ရဲ့ အလယ်အဆင့်ကတော့ ဖောက်သည်တွေကနေ စိတ်ဝင်စားခြင်းခံရပြီး ကိုယ့်ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေကို စတင်စဉ်းစားတဲ့အဆင့်ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ ဖောက်သည်ဖြစ်လာနိုင်ခြေရှိတဲ့သူတွေက funnel ဆီကို တဖြေးဖြေးရွေ့လာတာနဲ့အမျှ သူတို့ရဲ့ စိတ်ဝင်စားမှုတွေကို ဖော်ပြလာကြပြီး ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို စတင်ထည့်သွင်းစဉ်းစားလာကြပါတယ်။
ဒီအဆင့်မှာဆိုရင်တော့ email campaign တွေလိုမျိုး၊ webinars တွေလိုမျိုးပြုလုပ်ခြင်းဖြင့် lead တွေကိုစုစည်းနိုင်ဖို့အတွက် နည်းဗျူးဟာတွေစနစ်တကျရေးဆွဲနိုင်မယ့် template တွေအသုံးပြုဖို့လိုပါတယ်။
5. Bottom of the Funnel (BOFU) – Intent and Purchase
Funnel ရဲ့ အောက်ဆုံးအဆင့်ကတော့ ဝယ်ယူမှုတွေဖြစ်ပွားတဲ့အဆင့်ဖြစ်ပါတယ်။ funnel ရဲ့ အောက်ဆုံးအဆင့်အထိပါလာတဲ့ အလားအလာရှိတဲ့ဖောက်သည်တွေကတော့ စုံစမ်းမေးမြန်းမှုတွေကနေ ကိုယ့်ရဲ့ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေကိုဝယ်ယူတဲ့ ဖောက်သည်တွေဖြစ်လာပါတယ်။
ဒီအဆင့်မှာဆိုရင်တော့ Special Offers တို့လို၊ Targeting ပြန်လုပ်နိုင်တဲ့ campaigns တွေလိုမျိုး conversion ဖြစ်စေတဲ့ နည်းဗျူးဟာတွေကို ရှင်းလင်းစွာ သတ်မှတ်ဖို့အတွက်လိုပါတယ်။ ဒီအဆင့်မှာဘဲ conversion rate, sales metrics တွေကိုလဲ သေချာတိုင်းတာဖို့လိုပါတယ်။
6. လေ့လာစမ်းစစ် ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခြင်း
အဆင့်တစ်ဆင့်ချင်းစီတိုင်းမှာ စုံစမ်းမေးမြန်းမှုတွေရဲ့ အရေအတွက်ကို သေချာ လေ့လာစမ်းစစ်ဖို့လိုသလို၊ engagement, interaction တွေနဲ့ တခြား သင့်လျော်တဲ့ စံနှုန်းသတ်မှတ်မှုတွေပေါ်မူတည်ပြီး scoring တွေကို စုစည်းထားနိုင်ဖို့လိုအပ်ပါတယ်။
Marketing Funnel ဆိုတာကတော့ ကိုယ့်လုပ်ငန်းလည်ပတ်နေသရွေ့ စဉ်ဆက်မပြတ်ဖြစ်ပွားနေတဲ့ အရာတစ်ခုဖြစ်တာကြောင့်အမြဲလေ့လာစမ်းစစ်နေပြီး လိုအပ်သလိုပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက်လဲ လိုအပ်ပါတယ်။
Marketing Funnel အကြောင်းကို ကောင်းကောင်းနားလည်ပြီးMarketing Funnel Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be an image of 2 people and text that says "sapwar ·· Marketing Funnel တစ်ခု ဘယ်လိုတည်ဆောက်မလဲ? https://sapwar.com"