© 2024 Sapwar.com.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Brand Story

or

Brand Story တစ်ခု ဘယ်လိုဖန်တီးမလဲ?
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ Audience နဲ့ ကောင်းမွန်စွာ ချိတ်ဆက်နိုင်ဖို့အတွက် ပြိုင်ဖက်ကင်းတဲ့ Brand Story တစ်ခု တည်ဆောက်ဖို့အတွက်ဆိုတာ အရေးကြီးပါတယ်။
ကောင်းမွန်ပြည့်စုံတဲ့ Brand Story Template တစ်ခုကတော့ Brand တစ်ခုရဲ့ Structure တစ်ခုကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်ယုံသာမက၊ Brand ကို သတ်မှတ်နိုင်မယ့် Story တစ်ခုကိုပါ ဖန်တီးပေးနိုင်ပါတယ်။
Brand Story ကောင်းတစ်ခု တည်ဆောက်ဖို့အတွက် အပိုင်း ( ၇ ) ပိုင်းပါ၀င်ပါတယ်။
❄️ ကိုယ့်လုပ်ငန်းရဲ့ ယခင်ပုံရိပ်
Brand တိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်တွေ ကိုယ်စီရှိကြပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီးတွေအလျှောက် ကိုယ်ကဘယ်ကနေ စတင်ခဲ့လဲဆိုတာကို နားလည်ဖို့အတွက် အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ယခင်ပုံစံအဟောင်းကို ပြန်စဉ်းစားခြင်းနဲ့ စတင်နိုင်ဖို့အတွက် ဘယ်နေရာကစတင်ခဲ့လဲ? စတင်ခဲ့တုန်းက ဘယ်လို Value တွေနဲ့စတင်ခဲ့လဲ? စတင်ခဲ့တုန်းက ဘယ်လို စိန်ခေါ်မှုတွေနဲ့စတင်ခဲ့လဲ? စတာတွေကို စဉ်းစားဖို့လိုပါတယ်။ ဒါတွေကို စဉ်းစားမေးခွန်းထုတ်ပြီး လုပ်ငန်းက ဘယ်လိုဖွံဖြိုးကြီးထွားလာတယ်ဆိုတာ ဘယ်လိုအခက်ခဲတွေကျော်လွှားခဲ့တယ်ဆိုတာ ရေးသားဖော်ပြနိုင်ပါတယ်။
❄️ ကိုယ်အမြဲလုပ်ဆောင်ခဲ့အရာ
Brand Story ထဲမှာ နောက်ထပ်ပါသင့်တဲ့အချက်တစ်ချက်ကတော့ အဓိပ္ပါယ်ရှိတဲ့အရာတစ်ခု ဖန်တီးနိုင်ဖို့အတွက် ဘယ်လိုမျိုး ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာကို အသားပေးဖော်ပြဖို့အတွက်ဘဲဖြစ်ပါတယ်။ Brand ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကို သတ်မှတ်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်တွေကဘာတွေလဲဆိုတာကိုလဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
❄️ တွေ့ကြုံနေရတဲ့ အခက်အခဲ
နောက်တစ်ချက်ကတော့ ကိုယ်ကြိုးစားနေတဲ့အချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ။ Brand အနေနဲ့ ကတိပေးထားတဲ့အတိုင်း Value တွေပေးနိုင်ဖို့ကြိုးစားနေတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရလဲ? ဒီရဲ့အခက်အခဲ ရင်ဆိုင်ကြုံတွေ့ရမှုတွေက ဘယ်လိုခက်ခဲခဲ့လဲ? စတာတွေ ဖော်ပြဖို့လိုပါတယ်။
❄️ ပြဿနာဖြေရှင်းတဲ့နည်းလမ်း
ရှိနေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းဖို့အတွက် ကြိုးစားခဲ့လဲဆိုတာကို Creative Solution တွေနဲ့ နည်းဗျူဟာကျ ချည်းကပ်မှုတွေနဲ့ သေချာဖော်ပြဖို့လိုပါတယ်။ ဒီအချက်မှာဆိုရင် ကိုယ့်ဖောက်သည်နဲ့ ကိုက်ညီမှုရှိတဲ့အချက်တွေကို ဖော်ပြနိုင်ဖို့အရေးကြီးပါတယ်။
❄️ ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
Brand တိုင်းမှာ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တစ်ခုတော့ရှိဖို့လိုပါတယ်။ ကိုယ့် Brand ရဲ့ ပြည့်မှီချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ထားဖို့အတွက်လိုပါတယ်။ ဒီလိုမျိုး Brand ရဲ့ ရည်မှန်းချက်ပန်းတိုင်ရှိခြင်းက ကိုယ့်ရဲ့ ဖောက်သည်တွေသာမက ကိုယ့်ရဲ့ community ကိုပါ value တွေနဲ့ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ Brand Story မှာဆိုရင်လဲ ပြဿနာကိုဖြေရှင်းဖို့ကြိုးစားရာမှာ ဖြစ်နေတဲ့အရာတွေကို ကိုယ့် Brand ရဲ့ ရည်မှန်းချက်နဲ့ ချိန်ငြိပြီး ထည့်သွင်းဖော်ပြနိုင်ပါတယ်။
❄️ အချိန်ကာလတစ်ခုသတ်မှတ်ခြင်း
ရည်မှန်းချက်ပန်းတိုင်ချမှတ်ထားဖို့လိုသလို အချိန်ကာလအတိုင်းအတာတစ်ခုကိုလဲ သတ်မှတ်ထားဖို့အတွက်လိုပါတယ်။ Brand Story မှာဆိုရင်လဲ တစ်နေ့မှာတော့ ဘယ်လိုပုံစံမျိုးဖြစ်သွားပါတယ်ဆိုတာကို ဖော်ပြနိုင်ဖို့အတွက် Timeframe က အရေးကြီးပါတယ်။
❄️ ရည်မှန်းချက်ပန်းတိုင်ပြည့်သွားပုံ
နောက်ဆုံးမှာတော့ ကိုယ်က ကိုယ့်ရဲ့ပန်းတိုင်ကို ဘယ်လိုရောက်ရှိသွားတယ်ဆိုတာကို ဖော်ပြဖို့အတွက်ဘဲဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့ ဖောက်သည်တွေ တွေ့ကြုံခံစားရတဲ့ပုံနဲ့ အနီးစပ်ဆုံးဆင်တူအောင်ဖန်တီးနိုင်လေ ကောင်းလေပါဘဲ။ ကိုယ့်လုပ်ငန်းရဲ့ ပုံရိပ်၊ ကမ်းလှမ်းထားတဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေနဲ့ ဖောက်သည်တွေရဲ့ ပုံစံတွေနဲ့ လိုက်ဖက်ညီဖို့အတွက်တော့လိုပါတယ်။
Brand Story တည်ဆောက်ပုံ အကြောင်းကို ကောင်းကောင်းနားလည်ပြီး Brand Story Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar ···· Brand Story တစ်ခု ဘယ်လိုဖန်တီးမလဲ? LL. https://sapwar.com"