© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Marketing Campaigns

or

Marketing Campaigns Template ကို ဘယ်လိုအသုံးပြုနိုင်မလဲ?
Marketing Campaign တွေကို ပြုလုပ်နေပေမယ့် လိုချင်တဲ့ ရလဒ်ကို မရဘူးဖြစ်နေတယ်ဆိုရင်၊ မအောင်မြင်ဘူးဆိုရင် ကိုယ့်ပြုလုပ်တဲ့ Marketing Campaign မှာ စီစဉ်ထားတဲ့ အချက်တစ်ခုချင်းစီကို ပြန်လည်စမ်းစစ်ဖို့လိုပါတယ်။
Marketing Campaign ပြုလုပ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ မကျန်ခဲ့အောင်၊ အလွယ်တကူ ပြန်လည်စမ်းစစ်နိုင်အောင်၊ အောင်မြင်တဲ့ မားကတ်တင်းတစ်ခုဖန်တီးနိုင်အောင် Sapwar ကနေ ဖန်တီးထားပေးတဲ့ Marketing Campaign Template လေးတစ်ခုရှိပါတယ်။
Marketing Campaign Template မှာဆိုရင်တော့ အချက် ( ၈ ) ချက်ပါဝင်ပါတယ်။
❄️ Defining Objectives
အောင်မြင်တဲ့ မားကတ်တင်း Campaign တိုင်းက ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုနဲ့ စတင်ပါတယ်။ ကိုယ့်လုပ်ငန်းအနေနဲ့ Brand Awareness ဖြန့်ဝေချင်တာဘဲဖြစ်ဖြစ်၊ အရောင်းပိုဖြစ်ချင်တာဘဲဖြစ်ဖြစ် Audience နဲ့ ပိုပြီး ထိတွေ့ချင်တာဘဲဖြစ်ဖြစ် တိကျတဲ့ ပန်းတိုင်တစ်ခု ထားရှိဖို့အတွက် လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေရှိခြင်းက ကိုယ့်လုပ်ငန်းအနေနဲ့ နည်းဗျူဟာတွေချမှတ်ရာမှာ ပိုပြီး ထိရောက်စေပါတယ်။
❄️ Determining Duration
အချိန်ကာလတစ်ခုသတ်သတ်မှတ်မှတ်ထားရှိဖို့အတွက်ဆိုတာကလဲ မားကတ်တင်း Campaign တွေအတွက် အခရာကျတဲ့ အချက်တစ်ချက်ပါဘဲ။ စတင်မယ့်ရက်၊ အဆုံးသတ်မယ့်ရက်နဲ့ ကြာချိန်တွေကို စနစ်တကျ သတ်မှတ်ထားခြင်းဖြင့် Urgency ဖြစ်စေတဲ့ စိတ်ခံစားချက်ကိုလဲ ပေးစွမ်းနိုင်ပြီး သတ်မှတ်အချိန်ကာလမတိုင်မှီ ထိရောက်တဲ့ အစီစဉ်တွေလဲ ချမှတ်နိုင်မှာဖြစ်ပါတယ်။
❄️ Identifying Campaign Components
နောက်တစ်ချက်အရေးကြီးတာကတော့ အရေးပါတဲ့ မသိမဖြစ်အချက်လက်တွေကို Campaign မှာ ထည့်သွင်းသတ်မှတ်ခြင်းပါ။ သတ်မှတ်တဲ့အခါမှာလဲ social media post တွေ၊ content တွေ၊ channel ရွေးချယ်တာတွေ၊ ကြေငြာခြင်းအပိုင်းတွေ အစရှိသဖြင့် အပိုင်းတွေ ခွဲခြားသတ်မှတ်လိုက်ဖို့လိုပါတယ်။ ဒါမှသာ အပိုင်းတစ်ခုချင်းစီမှာ စနစ်တကျ သေသေသပ်သပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
❄️ Defining Target Audience
Target Audience သတ်မှတ်ဖို့အတွက်ဆိုတာကလဲ အောင်မြင်တဲ့ မားကတ်တင်း Campaign ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါဘဲ။ Target Audience သတ်မှတ်ရာမှာလဲ Demographic နည်းအားဖြင့်ဘဲဖြစ်ဖြစ်၊ Customer တွေရဲ့ ကြိုက်နှစ်သက်မှုအားဖြင့်ဘဲဖြစ်ဖြစ်၊ ဖောက်သည်တွေရဲ့ အပြုအမူအားဖြင့်ဘဲဖြစ်ဖြစ် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိအောင် သတ်မှတ်နိုင်ပါတယ်။
❄️ Crafting Key Messages
ထိရောက်တဲ့ ပြောဆိုဆက်သွယ်မှုရှိခြင်းဆိုတာကလဲ အခရာကျပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ Value တွေကို ကိုယ့်ရဲ့ ဦးတည်ထားတဲ့ လူအုပ်စုနဲ့ ကိုက်ညီမှုရှိအောင် အချက်အလက်တွေစနစ်တကျပေးဖို့လိုပါတယ်။ ဒီနေရာမှာဘဲ message တွေက ရှင်းလင်းဖို့အတွက်၊ consistent ဖြစ်ဖို့အတွက်နဲ့ မှန်ကန်ဖို့အတွက်လိုပါတယ်။
❄️ Establishing Campaign Goals
ကိုယ်သတ်မှတ်ထားတဲ့ လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေအရ campaign တွေမှာလဲ SMART Goal တွေဖြစ်အောင် တိကျမှုရှိမရှိ၊ တိုင်းတာလို့ရနိုင်မရနိုင်၊ အောင်မြင်မှုရဖို့ ဖြစ်နိုင်ချေရှိမရှိ၊ ကိုက်ညီမှုရှိမရှိ၊ အချိန်ကာလသတ်မှတ်ထားခြင်းရှိမရှိ လေ့လာစမ်းစစ်ပြီး Campaign ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ချမှတ်ဖို့လိုပါတယ်။
❄️ Allocating Budget
မားကတ်တင်း campaign အတွက် အသုံးပြုမယ့် ဘက်ဂျက်ကို တွက်ချက်ပြီး စနစ်တကျခွဲဝေမှုတွေပြုလုပ်ဖို့လိုပါတယ်။ ဒီနေရာမှာဆိုရင်လဲ ကိုယ်ဆောင်ရွက်မယ့်လုပ်ငန်းစဉ် တစ်ခုစီတိုင်းမှာ လိုအပ်ချက်တွေကို တွက်ချက်ပြီး စနစ်တကျ ခွဲဝေအသုံးပြုရပါမယ်။
❄️ Anticipating Expected ROI
Campaign မစတင်ခင်မှာ Return on Investment ( ROI ) ခန့်မှန်းချေ ကို တွက်ချက်ထားဖို့အတွက်လိုပါတယ်။ ဒါမှသာ စုံစမ်းမေးမြန်းမှုတွက်ချက်တာတွေ၊ conversion rate တွေ အကျိုးအမြတ်တွေ စသဖြင့် Key Performance Indicators ( KPIs ) တွေ နဲ့ တွက်ချက်ပြီး campaign ရဲ့ အောင်မြင်မှုကိုလဲ ပြန်ကြည့်နိုင်မှာဖြစ်သလို လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေကိုလဲ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
Marketing Campaigns အကြောင်းကို ကောင်းကောင်းနားလည်ပြီး Marketing Campaigns Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar ···· Marketing Campaigns Template ကို ဘယ်လို အသုံးပြုမလဲ? Ⅲ https://sapwar.com"