© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Balanced Scorecard

or

Balanced Scorecard ဆိုတာ ဘာလဲ?
Balanced Scorecard ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် နည်းဗျူဟာဆိုင်ရာ ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေကြားမှာ လိုက်ရောညီထွေဖြစ်စေဖို့အတွက် ဆောင်ရွက်ပေးနိုင်တဲ့ အစွမ်းထက် Tool တစ်ခုဘဲဖြစ်ပါတယ်။
Balanced Scorecard မှာဆိုရင် Financial, Customer, Internal Processes, Learning & Growth ဆိုပြီးရှု့ထောင့် ၄ ခုပါဝင်ပါတယ်။
Balanced Scorecard ရဲ့ ရှု့ထောင့် ၄ ခုကို မားကတ်တင်းမှာ ကောင်းမွန်စွာအသုံးပြုနိုင်တဲ့အခါမှာ လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေကို ခြုံငုံမြင်လာစေမယ့်အပြင် Financial Outcomes တွေကောင်းလာစေပါမယ်။ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုအပေါ်လဲ ကောင်းကျိုးများစွာ သက်ရောက်မှုရှိစေနိုင်ပါမယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ မားကတ်တင်း Team ကိုလဲ တည်ဆောင်နိုင်ပါမယ်။
✨ Balanced Scorecard perspective တွေကို မားကတ်တင်းမှာ အသုံးချနိုင်ဖို့အတွက်ဆိုရင်တော့ တစ်ခုချင်းစီရဲ့ ချိတ်ဆက်မှုတွေကို သိထားဖို့လိုပါတယ်။
❄️ Financial Perspective
မားကတ်တင်းမှာဆိုရင် Financial Perspective အပိုင်းလို့ပြောလိုက်တဲ့အခါ ပြုလုပ်တဲ့လုပ်ဆောင်မှုတွေ၊ campaign တွေရဲ့ Return on Investment ( ROI ) တွေ၊ အကျိုးအမြတ်တွက်ချက်မှုတွေ၊ ကုန်ကျစရိတ်တွက်ချက်မှုတွေပါဝင်ပါတယ်။
ငွေကြေးတိုင်းတာမှုတွေပြုလုပ်ဖို့အတွက်ဆိုရင်တော့ ရောင်းအားတိုးတက်လာမှုတွေ၊ မားကတ်တင်း ROI တွေနဲ့၊ အလုံးစုံပေါ်မှာရှိတဲ့ အကျိုးအမြတ်တွေနဲ့ တိုင်းတာ တွက်ချက်နိုင်ပါတယ်။
❄️ Customer Perspective
မားကတ်တင်း ဆောင်ရွက်ရာမှာ Customer Perspective ဆိုရင်တော့ ဖောက်သည်တွေ စိတ်ကျေနပ်မှုရှိတာတွေ၊ Loyal Customer တွေတိုးလာစေတာတွေနဲ့ ဖောက်သည်တွေက ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ခံစားရတဲ့ အတွေ့အကြုံတွေပါဝင်ပါတယ်။
ဒါတွေကို တိုင်းတာနိုင်ဖို့အတွက်ဆိုရင်တော့ Net Promoter Score ( NPS ) တွေ၊ Customer Retention Rate တွေနဲ့ ဖောက်သည်တွေဆီက ကြားရတဲ့ စကားသံတွေ၊ တုံ့ပြန်မှုတွေ၊ surveys ပြုလုပ်တာတွေနဲ့ တိုင်းတာနိုင်ပါတယ်။
❄️ Internal Processes Perspective
Internal Processes Perspective ကို မားကတ်တင်းမှာ အသုံးချဖို့အတွက်ဆိုရင်တော့ မားကတ်တင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ လုံလောက်မှုကို လေ့လာစမ်းစစ်ဖို့အတွက်ဘဲဖြစ်ပါတယ်။
ဒီမှာဆိုရင်တော့ မားကတ်တင်း campaign တွေရဲ့ ထိရောက်မှုကို တိုင်းတာခြင်းတွေ၊ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုအသစ်တွေကို အချိန်နဲ့တပြေးညီဈေးကွက်ဆီအရောက်လှမ်းနိုင်ခြင်းတွေနဲ့ စုံစမ်းမေးမြန်းမှုတွေကို ဝယ်ယူမှုအဖြစ်ပြောင်းလဲနိုင်ခြင်းတွေပါဝင်ပါတယ်။
❄️ Learning and Growth Perspective
မားကတ်တင်းဆောင်ရွက်နေတဲ့အဖွဲ့နဲ့ တစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ၊ စွမ်းရည်တွေကို စမ်းစစ်ခြင်းတွေကို Learning and Growth Perspective အဖြစ် မားကတ်တင်းမှာ ဆောင်ရွက်ပါတယ်။
ဒါတွေကို တိုင်းတာနိုင်ဖို့အတွက်ဆိုရင်တော့ ဝန်ထမ်းတွေကိုပေးတဲ့ training တွေ၊ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုတွေနဲ့၊ နည်းပညာအသစ်တွေကို လိုက်လျောညီထွေဆောင်ရွက်နိုင်ခြင်းတွေနဲ့ စမ်းစစ်နိုင်ပါတယ်။
Balanced Scorecard Perspective တစ်ခုချင်းစီကို သိရှိပြီးသွားတဲ့အခါမှာတော့ . . . . . .
✨ Perspective တစ်ခုချင်းဆီအတွက် တိကျသေချာတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို မားကတ်တင်းနည်းဗျူဟာတွေနဲ့ ကိုက်ညီအောင်ဆောင်ရွက်ရပါမယ်။
✨ ပုံမှန်လေ့လာစမ်းစစ်မှုတွေပြုလုပ်ပြီး လိုအပ်သလိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရပါမယ်။
Balanced Scorecard အကြောင်းကို ကောင်းကောင်းနားလည်ပြီး Balanced Scorecard Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be an image of text that says "sapwar Balanced Scorecard ဆိုတာ ဘာလဲ? 50% 75% https://sapwar.com"