Timing သည် အသက်

Timing အချိန်ကောင်း
တကယ်တမ်းအသက် လေးဆယ်နဲ့ ငါးဆယ်ကြားလုပ်ငန်းရှင်အများစုက Timing ကောင်းကောင်းကြုံခဲ့ကြတယ်။ ဖုန်း၊​ ကား၊​ မြေ၊​ ကျောက်၊ Condo အစရှိသည်ပေါ့။ တစ်ကမ္ဘာလုံးအနေနဲ့ကြည့်ကြည့်၊ တရုတ်တစ်ခုတည်းကိုပဲ ကွက်ကြည့်ကြည့် အကုန်လုံးက သူ့ generation နဲ့ သူ့ Timing ပဲ။ ဒီတော့ လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ကိုယ့်လုပ်တဲ့လုပ်ငန်းနဲ့ Timing ကိုက်ဖို့လိုတယ်လို့မြင်တယ်။
MMUC ဆိုပြီး Group ကို ဆရာဦးမောင်မောင်ဦးနဲ့ စလုပ်တော့ Android နဲ့ iPhone ဆိုတာ ငြင်းခုန်ရင်းကြီးခဲ့တယ်။ ကိုယ်ကကျောင်းသားလဲဖြစ်၊ community ထဲလဲဝင်မပါဖြစ်။ ကိုယ်ခင်တဲ့ညီတစ်ယောက်ကလဲ Group တစ်ခုနဲ့ အောင်မြင်ပြီးနှစ်ဖွဲ့ကွဲ။ ဒီလိုဖြစ်ပြီးနောက် အသိညီလေးတွေ နည်းပညာလောကမှာ အောင်မြင်သွားတဲ့အချိန်မှာ ငါကျန်သွားပြီဆိုတဲ့ခံစားချက် ခံစားလိုက်ရတယ်။ အဲ့အချိန်မှာကိုယ်က House ဆင်းနေတုန်း။ Timing တစ်ခုကိုလွဲသွားတဲ့ အရသာကောင်းကောင်းကြီးသိလိုက်တယ်။
Grow with the market
2014 လောက်မှာ Telecom တွေနဲ့အတူ Startup တွေ အစီအရီပေါ်လာတယ်။ Digital Marketing Agency တွေလဲပေါ်လာတယ်။ အဲ့အချိန်စဥ်းစားမိတာ တစ်ခုက ငါဒီ လှိုင်းလုံးကြီးနဲ့မှ မသွားရင် Career မှာ မြန်နှုန်းမြင့်ဖို့ မလွယ်တော့ဘူး။ ဒါနဲ့ ဘုရင့်နောင်ဖောင်ဖျက် အလုပ်ထွက်လိုက်တယ်။ အရှေ့မှာ အောင်မြင်တဲ့ startup ဆိုတာ မတွေ့ဘူး။ အဲ့ဒီအချိန်မှာ ကြီးထွားမှု အမြန်ဆုံးထဲမှာ ဖုန်းဆိုင်တွေပါတယ်။ ဒါနဲ့ ကိုယ်ကလဲ နည်းပညာစိတ်ဝင်စားနေတာနဲ့ ဆိုင်ဖွင့်လိုက်တယ်။ ထင်တဲ့အတိုင်း wave ရဲ့နောက်ဆုံးအပိုင်းလေးမီလိုက်တယ်။ Timing ရဲ့အရေးကြီးပုံကိုအဲ့ကတည်းကသိလာခဲ့တယ်။
Growth-hacking with Guerrilla Marketing
နိုင်ငံတကာမှာ မြန်နှုန်းမြင့်တဲ့လုပ်ငန်းတွေလေ့လာကြည့်တယ်။ Growth-hacking ဆိုတဲ့ အယူအဆတစ်ခုကိုတွေ့တယ်။ Guerrilla Marketing ဆိုတဲ့အယူအဆကိုတွေ့တယ်။ တော်တော်များများက Social Media Marketing ကို leverage လုပ်သွားကြတာ။ ဒါနဲ့ Facebook Ads တွေစ run တယ်။ တကယ့်ကို ဘဝရဲ့ အပြောင်းအလဲတစ်ခုပဲ။ ဖောက်သည်ကိုဆိုင်ထိုင်စောင့်နေရာကနေ ဝင်လာမဆဲတသဲသဲဖြစ်လာခဲ့တယ်။
Education နဲ့ Human development ကို စိတ်ဝင်စားတာအလျောက် Entrepreneurship Education အတွက် Young Entrepreneurship Center ဆိုပြီး စတယ်။ အဲ့ဒီမှာ Dilemma တစ်ခုကြုံတယ်။​ ဝါသနာပါတဲ့အလုပ်နဲ့၊ စျေးကွက်လိုအပ်တဲ့အလုပ် ဘယ်အရာကိုဦးစားပေးမလဲ။ ကျွန်တော်အတွေးအခေါ်ကတော့ရှင်းတယ်။ အလုပ်ဖြစ်တာ အရင်လုပ်ရမယ်။ ဒုတိယတစ်ခုကိုရွေးခဲ့တယ်။ မြန်နှုန်းက တစ်နှစ်အတွင်းမှာ အဆ 20 မကဖြစ်လာခဲ့တယ်။​ ဒါပေမယ့် ဒီစျေးကွက်ကိုမကြာခင်ခွဲဝေပေးရမယ်ဆိုတာ နားလည်ထားတယ်။ ဒါကြောင့် နှစ်မကုန်ခင်မှာ Training အတွက် စတင်ပြင်ဆင်တယ်။ Lecturer ဘဝကနေ Training ထဲစကူးဖြစ်တယ်ဆိုပါတော့။ Methodology နဲ့ Approach ကမတူဘူး။
Law of Category
ရန်ကုန်မှာ Marketing training ပေးဖို့စဥ်းစားတယ်။ Generic လဲမဖြစ်ရဘူး။ ဒီတော့ Marketing အခွဲတွေထဲက ကိုယ်တိုင်လဲကျင့်သုံးနေတဲ့ Guerrilla Marketing ကို popularize လုပ်ပြီး စရိတ်နည်းပါး၊ ထိရောက်မှုဆပွားနဲ့စတင်ခဲ့တယ်။ ဒါကို Marketing မှာ Law of category လို့ခေါ်တယ်။ ဥပမာ Facebook Marketing, Digital marketing, marketing အစရှိတဲ့နယ်ပယ်တွေမှာ Marketing ဆိုတဲ့ စကားလုံးကို ကိုယ်ကမယူခင်မှာ Guerrilla Marketing နယ်ပယ်မှာ ပေါက်အောင်လုပ်တဲ့သဘောပါ။
New Product Development in Growing industry
နောက်ပိုင်း growing ဖြစ်တဲ့ industry ထဲမှာ Coaching ပါဝင်တဲ့အတွက် Mitch Meyerson နဲ့ စကားပြောပြီး Guerrilla Marketing Coach ကို မြန်မာပြည်အတွက် Franchise ယူဖြစ်တယ်။
ကျွန်တော်စဥ်းစားကြည့်တယ်။ လူတွေရဲ့ သင်ယူတဲ့အဆင့်တွေရှိကြတယ်။​ Motivation စတင်လေ့လာသူတစ်ယောက်အနေနဲ့ comfort zone ထဲကထွက်ဆိုတာကို အရသာတွေ့ပေမယ့်
နောက်ပိုင်းမှာ ဒီအဆင့်တွေနဲ့မရတော့ဘူး။ နောက်ပြီး တိုးတက်လာတာနဲ့အမျှ သင်ယူမှုပုံစံပြောင်းလာမယ်။​ဒီတော့ ကျွန်တော်လေ့လာခဲ့တဲ့ Personal, Professional နဲ့ Business Development တွေကို digital products တွေအနေနဲ့ထုတ်တယ်။ ကိုယ်တစ်ယောက်ထဲမဟုတ်ပဲ တခြားဆရာ၊ ဆရာမတွေရဲ့ course တွေပါတင်နိုင်အောင် rhythm လဲကိုက်ရမယ်၊ နာမည်ကလဲ​မြန်မာဆန်ရမယ်ဆိုတာ စဥ်းစားရင်း Toe Tet ဆိုပြီး e-learning website လုပ်ဖြစ်တယ်။ ထင်ထားတာထက် growth rate ကပိုမြင့်တယ်။
Growth Vs Profit
ကြားထဲမှာ စတင်ဖို့ကူညီပြီး ပြန်ရောင်းခဲ့တဲ့ business အချို့ရယ်၊ ရှုံးခဲ့တဲ့ project အချို့ရယ်တော့ရှိတယ်။ ဒါပေမယ့် လုပ်ငန်းစတင်တဲ့နေရာမှာ Growth ကိုဦးတီဖို့ထက် self-generating profit ကိုဦးစားပေးဖြစ်တယ်။ ကျွန်တော့်ရဲ့ new product development philosophy က တစ်နှစ်အတွင်းမှာ ရင်းထားတာထက် 10X ပြန်ရရမယ်။ ရတာတွေ အကုန်လုံးကို New Product နဲ့ Branding မှာ investment ပြန်လုပ်ရမယ်။​
ပိုက်ဆံဆိုတာ by-product တစ်ခုဖြစ်တယ်လို့ Man’s search for meaning ဆိုတဲ့ ကမ္ဘာကျော်စာအုပ်ထဲမှာ logo therapy ကိုတီထွင်ခဲ့တဲ့ Victor Franklr က ပြောခဲ့တယ်။ ကျောင်းသားဘဝတုန်းက ကောင်းကောင်းနားမလည်ခဲ့ဘူး။ အသက် ၃၀ မတိုင်ခင် မီလီယံနယ် ဖြစ်ရမယ်ဘာညာ အစရှိတဲ့ ဂျင်းတွေပဲမိခဲ့တာ။ Bill Gate က ငါ သုံးဆယ် မတိုင်ခင် Billionaire ဖြစ်ရမယ်လို့ မစဥ်းစားခဲ့သလို အောင်မြင်တဲ့လူတော်တော်များများ အဲ့လို မစဥ်းစားခဲ့ကြဘူး။ သူတို့တွေက အလုပ်ထဲမှာ ပျော်ရင်းနဲ့ ကြိုးစားရင်းနဲ့ ငွေက byproduct တစ်ခုအနေနဲ့ထွက်လာတာပါ။
Business Philosophy
Your Business is not something bigger than yourself ဆိုတဲ့ philosophy ဟာ ကျွန်တော် စီးပွားရေးကိုမြင်တဲ့အမြင်ကိုပြောင်းလဲစေခဲ့ပါတယ်။​ တချို့လုပ်ငန်းတွေဟာ ကိုယ့်ထက်ပိုကြီးတယ်လို့ထင်ပြီး ကိုယ်အထင်ကြီးတဲ့သူတွေကို လွဲမယ်လုပ်တဲ့အခါ ကိုယ်ထင်ထားသလို မဖြစ်တာ ခဏခဏ ကြုံရဖန်များတဲ့အခါ အထက်ပါ concept ကို သတိထားမိလာတယ်။​ ဒါကြောင့် Steve Jobs ကလဲ ပြောခဲ့တယ် ” မင်းဘေးနားမှာရှိတဲ့သူတွေ မင်းထက်မတော်ဘူးဆိုတာသိတဲ့အချိန်၊ အပြောင်းအလဲလုပ်ချင်တဲ့အရာတွေကို စိတ်ကြိုက်အပြောင်းလဲလုပ်နိုင်တယ်၊ လွမ်းမိုးနိုင်တယ်။​” အဲ့ဒါမှန်တယ်လို့ယုံကြည်တယ်။
Business ဆိုတာ Spiritual ပါ။ ကိုယ်လုပ်ချင်တဲ့ပုံစံ၊ ကိုယ် marketing လုပ်ချင်တဲ့ပုံစံ၊ ကိုယ် marketing မလုပ်ချင်တဲ့ပုံစံဆိုတာရှိပါတယ်။ ဒီ DNA ကို မပြောင်းလိုက်ပါနဲ့။ Who are you က Branding ပါ။ What you do ကတော့ သင့်လုပ်ငန်းပါ။​ How you do it က Marketing ပါ။ ဒီ Core values နဲ့ DNA ကို သေချာတည်ဆောက်ဖို့လိုတယ်လို့နားလည်လာတယ်။
Psychology
လူတွေရဲ့ သဘောတရားအရ စိတ်ညစ်တဲ့အခါ အနာဂတ်မှာလဲ စိတ်ညစ်စရာကောင်းမယ်လို့ထင်ကြသလို ပျော်ရွင်တဲ့အခါလဲ​အနာဂတ်မှာ ဒီလိုဖြစ်မယ်လို့ထင်တတ်ကြတယ်။ ဒါကြောင့်လဲ ထီပေါက်တဲ့သူအများစုက ငွေတွေပြန်ကုန်သွားတာ ဒီသဘောပဲ။ အနာဂတ်ကို ပစ္စုပ္ပန်ပေါ်မူတည်ပြီး မဆုံဖြတ်ပါနဲ့။
ဒါကတော့ အခု ကျွန်တော်စဥ်းစားမိတဲ့ timing, growth Vs profit, law of category, business philosophy နဲ့ psychology ဖြစ်ပါတယ်။
Sapwar.com
Marketing System for Sustainable Growth

Please Login to Timing သည် အသက်

or