Cosmetic Brand တွေအတွက် Marketing

ဒီနှစ်ပိုင်းမှာ Multilevel Marketing တွေ မရှိတော့တဲ့ နောက်ပိုင်းမှာ ကိုယ်ပိုင်တံဆိပ် Cosmetic brands တွေအများကြီးပေါ်လာတယ်။ Distribution ကို Agent တွေအသုံးပြုတဲ့အခါ အမြတ်ငွေတွေရသလို စိန်ခေါ်မှုတွေလဲအများကြီးရှိပါတယ်။
၁။ Business Model
ပြည်တွင်း Cosmetic brand အများစုဟာ Direct selling ပုံစံနဲ့သွားပါတယ်။​ Agent တွေအသုံးပြုတယ်။ Personal Selling ကိုအားကိုးပြီးသွားကြတယ်။ ဒီမှာ ကုမ္ပဏီတွေက အပြိုင်အဆိုင် ခရီးစဥ်တွေ incentive တွေပေးကြတဲ့အခါ Agent တွေကိုထိန်းထားဖို့ အခက်အခဲတစ်ခုဖြစ်လာတယ်။ နောက်တစ်ခုက ပွဲတွေစီစဥ်ပြီး လက္ကားသမားတွေကို Discount ပေးပြီးပြန်ဖြန်တဲ့အခါ ကုန်ပစ္စည်းကျန်တာမျိုးတွေဖြစ်နိုင်ပြီး Agent နဲ့သွားတဲ့အခါ ပစ္စည်းရောင်းပြီးငွေပြန်တောင်းတဲ့အခါ အခုလို Covid-19 ကာလမှာ ပစ္စည်းပေးပြီး ငွေပြန်မရတာမျိုးတွေဖြစ်တတ်ပါတယ်။
ဒီမှာ Business model ကို ပြန်လည်သုံးသပ်လို့ရပါတယ်။ နိုင်ငံခြားမှာလို affiliated selling နဲ့သွားမယ်ဆို membership website သို့ App မှာ မှတ်ပုံတင်လုပ်၊​ လိုအပ်တဲ့ Orientation နဲ့ Training ယူ၊ လစဥ် meeting လုပ်ဒီပုံစံနဲ့သွားလို့ရသလို၊ Misline တို့လို Recruit လုပ်ပြီးသွားလို့ရပါတယ်။​ Recruit လုပ်ပြီးသွားတဲ့အခါ Salary & Wages မှာတော့ ပိုကုန်နိုင်ခြေရှိပါတယ်။
၂။ Target Market
ပြည်တွင်းမှာရှိတဲ့ ကိုယ်တိုင် Cosmetic brand အများစုဟာ အမျိုးသမီးအငယ်နဲ့ ဝင်ငွေ 150,000 MMK to 500,000 MMK ရှိတဲ့ market အလယ်အလတ် market ကို အဓိကသွားကြပါတယ်။ Low-end မှာဆို mass distribution သွားတဲ့ Bella ရှိပြီး၊ အလယ်အလတ်မှာ လွတ်နေပါတယ်။​ ဝင်ငွေ 500,000 MMK အထက်ရဲ့ preference က တခြား brand တွေဖြစ်သွားနိုင်တယ်။ ဒီတော့ New Target Market အတွက် စဥ်းစားနိုင်တယ်ဆို Blue Ocean ရှိနိုင်ပါတယ်။​ ဥပမာ အမျိုးသား အလယ်အလတ်စျေးကွက်အတွက် Cosmetic & Beauty Product အများကြီးမရှိသေးပါဘူး။ နောက်ပြီး အမျိုးသမီး Personal Selling ရောင်းတဲ့အခါ အမျိုးသား beauty products တွေလွယ်ကူလာနိုင်ပါတယ်။
နောက်ပြီး ဒီ Target Market မှာ Business model ကိုပါ ဆန်းသစ်ပြီး Subscription နဲ့ ယောကျ်ားလေးတွေအတွက် မျက်နှာသစ်အပြင် မုတ်ဆိတ်ရိတ်ဓားကအစ package အလိုက်သွားနိုင်တယ်ဆိုရင် ဒီ market မှာ competition မများသေးပါဘူး။
၃။ Brand Concept
အများစု ပြည်တွင်း Cosmetic brand တွေမှာ logo နဲ့ unique selling point သေချာရှိတာနည်းပါသေးတယ်။​ နောက်တစ်ခုက Brand Concept မရှိသေချာ ရှိတာ သိပ်မတွေ့ရပါဘူး။ Cosmetics ဆိုတာ ၁၉ နှစ်အရွယ်ကောင်မလေးကိုတောင် Billionaire ဖြစ်စေတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ (eg. Kylie Cosmetics) Brand Concept နဲ့ Brand Personality ကိုသေချာတည်ဆေောက်ဖို့လိုပါတယ်။
၄။ Brand Guidelines
Social Media မှာ post တင်ဆို အများစုက တင်ကြပါတယ်။​ ဒါပေမယ့်ဆောင်ရန်၊ ရှောင်ရန် guideline တွေလိုအပ်နေပါသေးတယ်။ Brand identity ကိုသေချာတည်ဆောက်ဖို့လိုပါတယ်။
၅။ Shop
တချို့ Cosmetic brand တွေမှာ shop feature ရှိပေမည့် တချို့ brand အများစုမှာ website မရှိသေးသလို၊ Facebook Page မှာ ရောင်းတဲ့ product ကို showcase လုပ်ထားတာမျိုးမရှိသေးပါဘူး။
၆။ Training နဲ့ မလုံလောက်ပါ
အများစု Cosmetic brand အများစုဟာ external trainer ငှားကြပါတယ်။​ ဒါပေမယ့် တကယ်ထိရောက်ချင်ရင် ကုမ္ပဏီရဲ့ ကိုယ်ပိုင် trainer လိုပါတယ်။ Training materials လိုပါတယ်။​ Agent တွေကို product အကြောင်းစာမေးပွဲကို online ကဖြစ်ဖြစ်စစ်ပြီး KPI မှာ သတ်မှတ်ပေးထားဖို့လိုပါတယ်။
၇။ ပိုင်ရှင်အရှေ့ထွက်ဖို့လိုပါတယ်။
အလှအပသည် ရုပ်ရည်လှတာ၊ မလှတာနဲ့မဆိုင်ပါဘူး။ အလှအပကိုချစ်မြတ်နိုးတဲ့သူက သူ့ရဲ့ အပြင်အဆင်ကိုကြည့်ရင်သိနိုင်ပါတယ်။ ဒီနေ့ခေတ် တရုတ်မှာ Li Jiaqi ဆိုတဲ့ ယောကျာ်လေး နှုတ်ခမ်းနီရောင်းတာ သောက်သောက်လဲ အောင်မြင်တာတွေ့ရမှာပါ။​ အတွင်းမှာပဲ ပုန်းမနေပါနဲ့။ ဘေးနားမှာ Video ရိုက်ပေးမည့်သူနဲ့ editing လုပ်ပေးနိုင်တဲ့သူတစ်ယောက်ငှားထားပါ။ နေ့စဥ် အဖြစ်အပျက်ကို documentary လုပ်ပါ။​
အကြောင်းအရာအများကြီးရှိပါသေးတယ်။ အခု Cosmetic industry ကိုဘယ်လိုမြင်လဲဆိုတာ
စဥ်းစားမိတာလေးကို ရေးပေးလိုက်တာပါ။

Sapwar.com
Marketing System for Sustainable Growth

 

Please Login to Cosmetic Brand တွေအတွက် Marketing

or