Neuro-marketing တဲ့။

ကျောင်းတက်ကတည်းက ခုချိန်ထိ စိတ်ဝင်စားတဲ.အရာတစ်ခုက Human Brain. လူတစ်ယောက်ရဲ. အကြီးဆုံး Sex Organ ဆိုလည်း ဟုတ်တယ်။ ကျောင်းတုန်းက လေ.လာဖူးတာကတော. လူတစ်ယောက်မှာ Neurons 100 Billion ရှိပြီး မပွားတော.ဘူးလို. လေ.လာဖူးတယ်။ ငယ်ငယ်ကတော. ဦးနှောက်ကောင်းအောင်ဆိုပြီး အမေက ကြက်ဥအမြဲကျွေးတယ်။ ????
ခေါင်းတည်းပေါ်လာတဲ. ဦးနှောက်အကြောင်းလေးနည်းနည်းရေးချင်မိတယ်။ဦးနှောက်အာရုံကြောအဖွဲ.အစည်းမှာရှိတဲ. ဆဲလ်တွေကို Neurons လို.ခေါ်ပြီး သူ.မှာ Cell body, Dendrite နဲ. Axon ဆိုပြီးသုံးပိုင်းရှိတယ်။ Axons တွေစုထားတာကို Nerves လို.ခေါ်တယ်။ Axon တစ်လျှောက်မှာ electrical nerve impulses တွေဖြတ်သန်းစီးဆင်းနေတယ်။ Neurons တိုင်းဟာ electrical signals တွေကောင်းကောင်းထုတ်လွတ်နိုင်တာမဟုတ်ပါဘူး။ Plasma ပေါ်မှာဖြတ်သွားတဲ. ion တွေအပေါ်အများကြီးမူတည်ပါတယ်။
အရင်ကယုံကြည်ထားတဲ. neurons တွေဟာ မွေးပြီးတော. မကြီးတော.ဘူးဆိုတဲ.အယူအဆနဲ.ပြောင်းပြန် neuroplasticity concept တွေပေါ်ပေါက်လာတယ်။ တနည်းအားဖြင်. brain ဟာ neurogenesis လို.ခေါ်တဲ. cell တွေပွားနိုင်ပြီး လူ.သက်တမ်းတစ်လျှောက် cells တွေပွားနိုင်တယ်လို.ဆိုကြပါတယ်။ ပထမဆုံးအနေနဲ. 1962 မှာ Joseph Altman က အဆိုတင်သွင်းခဲ.ပြီး အယူအဆ လျစ်လျူရှု ခံခဲ.ရပါတယ်။ 1970 မှာ Michael Kaplan က Neurogenesis အဆိုကို ပြန်လည်တင်သွင်းခဲ.ပါတယ်။
Neurogenesis ဖြစ်တဲ.အဓိက brain ရဲ.နေရာနှစ်ခုကတော. Long-term memory နဲ. Spatial Memory ကိုမှတ်ပေးတဲ. Hippocampus နဲ. အနံခံနိုင်တဲ. Olfactory Bulb တွေလို.ဆိုပါတယ်။ အဓိက နေရာကတော. Hippocampus ပါ။ ဒီ Hippocampus အရွယ်အစားကို London Taxi Driver တွေမှာစမ်းသပ်ကြည်.ရာမှာ သာမာန်လူတွေထက် ပိုကြီးနေတာကိုတွေ.ရပါတယ်။ London မှာ 1865 မှာ ပြထမ်းခဲ.တဲ. လိုင်စင်ဥပဒေအရ Taxi Driver လိုင်စင်ရဖို. Traffic နဲ. မြေပုံတွေကို အလွတ်မှတ်ရတဲ.အတွက်ကြောင်.ဖြစ်ပါတယ်။
Hippocampus ဟာ စိတ်ဝင်စားစရာကောင်းတဲ. အရုပ်သို. စိတ်ဝင်စားစရာကောင်းတဲ.ဘာသာရပ်တွေကို လေ.လာတဲ.အချိန်၊ တရားထိုင်တဲ.အချိန် နှင်. ပညာရပ်သင်ယူတဲ.အချိန်တွေမှာ ကြီးလာပါတယ်။ ကိုယ်လက်လှုပ်ရှားတဲ.အခါမှာလည်း Hippocampus ရဲ. Grey matter ကြီးလာတယ်လို. သုသေတနတွေကဆိုပါတယ်။
နောက်တစ်ခုက လွန်ခဲ.တဲ.တစ်နှစ်က စမ်းသပ်သောက်သုံးခဲ.တဲ. Cordyceps ပါ။ ဆောင်းပိုးနွေမြက် မှိုတစ်မျိုးဖြစ်ပြီး Brain မှာရှိတဲ. brain-derived neurotrophic growth factor နဲ့ 5-HTP နဲ့ brain function တွေကိုတိုးတက်စေတယ်လို.ဆိုတဲ.အတွက် တစ်လတိတိ ကိုယ်တိုင်စမ်းသပ်သောက်သုံးခဲ.ပါတယ်။ ရှေးခေတ်က သံဃာတော်တွေ Pitaka သုံးပုံအာဂုဏ်ဆောင်ရင် သောက်သုံးတဲ. မြင်းခွာရွက် ပစ္စငါးပါး နဲ. နွားနို.နဲ. ရောသောက်တာလောက်မမှီတာကို ကိုယ်တွေ.ကြုံတွေ.ရပါသည်။
ထားပါတော့….. ဒီနေ့ခေတ်က Neuro-science ထဲက နည်းစနစ်တွေကို marketing လုပ်တဲ့နေရာမှာသုံးနေပြီ။ Laboratory Test လုပ်ပြီး ကြော်ငြာတစ်ခုလုပ်သင့်မလုပ်သင့်လုပ်နေကြပြီ။ Neuro-marketing ‌ဆိုပြီး ပြောကြဆိုကြတာ ကြားရပြီ။

Sapwar.com
Marketing System for Sustainable Growth

 

Please Login to Neuro-marketing တဲ့။

or