Social media ကို leverage လုပ်ပါ။

ဒီနှစ်ပိုင်းတွေမှာ social media နဲ့အတူ grow ဖြစ်လာတာ media company တွေဖြစ်ပါတယ်။ Media Company ဆိုတဲ့အထဲမှာ journal တို့၊ Magazine တို့ကို ပြောတာမဟုတ်ပါဘူး။ ဥပမာ Dan Lok တို့ Garyvee တို့ Valuetainment တို့ ဒါတွေအကုန်လုံးဟာ သူတို့ရဲ့ main business အပြင် media တစ်ခု အနေနဲ့သွားပါတယ်။
Myanmar Celebrity Page ဟာ media တစ်ခုပါ။​ ဒါ့အပြင် ကျန်းမာရေးအတွက် media, Lifestyle အတွက် media ဒီလိုမျိုးစုံပေါ်လာတယ်။ FMCG Brand အများစုက lifestyle တို့နဲ့ သွားပေမယ့် ဆေးဝါးလို speciality product တွေက health အပိုင်းနဲ့သွားတယ်။
ဥပမာ Nasdaily ဆို Vlog နဲ့အောင်မြင်တဲ့အခါ Nas Academy အပါ၊ Nas News အစရှိတဲ့ Media ဖက်ကို ပြောင်းလာတယ်။​ Social Media တွေပေါ်လာတဲ့အခါမှာ ကိုယ့် business ကို media ပေါ်ရောက်ပြီး attention အတွက် ငွေပေးစရာမလိုပဲ ကိုယ်တိုင် media channel တစ်ခုဆောက်ထားဖို့ လုပ်ငန်းတွေက ကိုယ်ပိုင် media တွေတည်ဆောက်လာကြတယ်။​
Personal Branding လုပ်တဲ့ ရည်ရွယ်ချက်ကလဲ အလားတူပဲ။ ကိုယ်နာမည်နဲ့ Page ထောင်လိုက်တဲ့အခါ ဒါသူ media တစ်ခုဖြစ်သွားတယ်။ Dan Lok ရဲ့ ဝင်ငွေက တစ်နှစ် သန်း ၅၀ လောက်ရှိတယ်။​ သူ့ရဲ့ High Ticket Closer (HTC) သင်တန်းက ရတဲ့ဝင်ငွေထက် Youtube နဲ့ တခြား media-related sale ကရတဲ့ ဝင်ငွေက ပိုများတယ်။​ Tim Ferriss ဆို Podcast မှာ media တစ်ခုတည်ဖောက်ထားနိုင်တယ်။​ မကြာခင်က Joe Rogan ရဲ့ Channel ကို Spotify ကိုပြောင်းဖို့ သန်း ၁၀၀ ပေးခဲ့တာဟာ Media company တွေ၊ Personal media တွေရဲ့ power ဆိုတာ မသေးဘူးဆိုတာ ပြနေပါတယ်။​
ဒီနေ့ခေတ်မှာ အကောင်းဆုံးလုပ်နိုင်တာကတော့ vlog တစ်ခုလုပ်ပြီး media တစ်ခု တည်ဆောက်ဖို့ပါ။ ကိုယ့်အနေနဲ့ online shopping, construction, jewelry ဘာပဲရောင်းရောင်း vlog လုပ်ပြီး media page တစ်ခုတည်ဆောက်ဖို့ အချိန်တန်ပါပြီ။ ဒါလုပ်ဖို့က ဖုန်းတစ်လုံး၊ internet connection နဲ့ ကိုယ့်ကိုအားပေးမည့် audience ပဲလိုပါတယ်။​ It’s time to start a media company.
ဘယ်လိုစတင်မလဲ?
1. Pick Your niche ကိုယ်ဘယ်အပိုင်းကို သွားမလဲ။ ကျန်းမာရေးလား၊​အလှအပလား၊​ ဥပဒေလား၊ စီးပွားရေး၊​ အားကစား၊​ Yoga တစ်ခုခုရွေးပါ။​
2. Research your audience ကိုယ့် audience တွေသိချင်တဲ့မေးခွန်းတွေရှာဖွေပါ။​
3. Start doing your content စတင်ပြီး post/video တင်ပါ။
Sapwar.com – Marketing System for Sustainable Growth

Please Login to Social media ကို leverage လုပ်ပါ။

or