Facebook မှာ အရင်လို Ads တွေ ဈေးပေါပေါမရတော့ဘူး။ ဒေါ်လာကလည်း ဈေးတက်တော့ Facebook မှာ ကြော်ငြာဖို့ Marketing Budget အရင်ကထက် ပိုလိုအပ်လာတယ်။
ဒါပေမယ့် မပြောင်းလဲတဲ့ အမှန်တရား အချို့ရှိတယ်။
၁. မယူခင်အရင်ပေးတာ၊
၂. ယုံကြည်မှု တည်ဆောက်တာ အစရှိတာတွေပေါ့။
ဒီနှစ်ခု တည်ဆောက်ဖို့ Content Marketing လိုတယ်။
Content Strategies မှာ Model သုံးခုကို ပြောပြချင်တယ်။
၁. Garyvee နဲ့ Peng Joon
၂. Neil Patel
၃. Tony Robbins
Garyvee ရဲ့ Content funnel က ပြောသမျှပွဲတွေရိုက်ခဲ့တယ်။ content အရှည်ကို YouTube မှာတင်တယ်။ SoundCloud နဲ့ Podcast တွေမှာတင်တယ်။ Content အတိုကို Facebook, Instagram အစရှိတဲ့ Social media မှာတင်တယ်။ Instructional, General နဲ့ Motivational မျှတယ်။
Peng Joon ရဲ့ content multiplier formula ကတော့ အချိန်တစ်ရက်နှစ်ရက်ပေး၊ content တွေဖန်တီး၊ repurposing လုပ်၊ ပုံမှန်လေးတင်သွား။ Neil Patel ရဲ့ Sale က SEO ကလာပေမယ့် Customer Relationship ကို Social Media မှာ content နဲ့တည်ဆောက်သလို app တွေ brand တွေက်ု endorse လုပ်ပြီး ငွေရှာတယ်။ online program ကိုခေါ်သွားတယ်။ Technical ကို အချက်တွေနဲ့ပိုသွားတယ်။
Tony Robbins ကတော့ YouTube ကိုအဓိကသုံးတယ်။ Motivational အပိုင်းတွေ Interview နဲဲ့ PR မှာ content တည်ဆောက်တယ်။ Disc Plus Personality Test ကို website မှာ free ပေးတယ်။ website ကြည့်သူ တစ်လ တစ်သန်းကျော်ရှိတယ်။
Content Marketing အတွက် VCR
Beer ကြော်ငြာပြီး education အတွက် interview လုပ်တယ်။ အဲ့မှာ စလွဲတာဘဲ။ Beer သောက်တဲ့သူတွေ ဘောလုံးပွဲကြိုက်တယ်। ပျော်ပွဲရွင်ပွဲကြိုက်တယ်။ Content တစ်ခု ဖန်တီးရင်တော့ VCR နဲ့ကိုက်ညီဖို့လိုပါတယ်။
– Valuable ( Target Audience အတွက် အကျိုးရှိရမယ်။)
– Consistent ဖြစ်ရမယ်။
– Relevant (ကိုယ့် brand, product or service scope နဲ့ ကျိုးကြောင်းဆီလျော်ရမယ်။)

Sapwar.com
Marketing System for Sustainable Growth

 

Please Login to Content Marketing Models

or