Document လုပ်ပါ။

ငယ်ငယ်က မြိုင်ရာဇာတွတ်ပီဆိုတာနဲ့ ရင်းနှီးခဲ့ကြတယ်။ နိုင်ငံခြားမှာတော့ Spiderman တို့လို character တွေထုတ် storyline တွေလုပ်တဲ့အခါ comic books တွေ၊ Movie တွေတင်မကဘူး၊ အရုပ်တွေ၊ တခြား Franchise တွေကနေ ဝင်ငွေရှာပြီး Billion Dollar Business တွေဖြစ်လာခဲ့တယ်။​ ဒီလို Character တွေကနေ Content Marketing Idea တွေအများကြီးရသလို ပညာတွေအများကြီးယူလို့ရပါတယ်။
ဂျပန်အနေနဲ့ Anime တွေမှာ Naruto တို့၊ One Piece တို့လို အစရှိတဲ့ Anime တွေအောင်မြင်ပြီး တရုတ်ကတော့ ဒီလိုဖြစ်ဖို့ struggle လုပ်နေရတုန်း။ ဒါကြောင့် ငွေကကံကောင်းရင် ထီပေါက်နိုင်ပေမယ့် ပညာသင်တာကတော့ အဲ့လိုမရဘူး။ တခါတလေ ပညာရေးအတွက် generation တစ်ခုစာလောက် အချိန်ယူရတယ်။ ထားပါတော့။ ဥပမာ Charles M. Schulz အနေနဲ့ October 2, 1950 ကနေ February 13, 2000 ထိ Peanuts Comic ကိုရေးလာခဲ့တယ်။ ဒါပေမယ့် ဘယ် content marketer မှ အဲ့လောက်ပေါက်အောင်မလုပ်နိုင်ခဲ့ဘူး။
ပြောချင်တာကတော့
ဒီနေ့ခေတ်မှာ အကောင်းဆုံး content marketing ကတော့ Character တစ်ခုဖန်တီးတာပဲဖြစ်တယ်။ ဒီ Character ကိုဘယ်လိုဖန်တီးမလဲ?
အလွယ်ကူဆုံးနည်းကတော့ သင်ကိုယ်တိုင် ဒီ Character တစ်ခုလုပ်လိုက်တာပါ။ ဒီထဲမှာ သင့်ရဲ့ ယုံကြည်ချက်၊ အောင်မြင်မှု၊​ ကျဆုံးမှု၊​ ဘဝဖြစ်စဥ် အကုန်လုံးပါမယ်။ ဒါကြီးတစ်ခုလုံးက Storyline ဖြစ်သလို သင်သေတဲ့အထိ content idea တွေ မပျက်သွားတော့ဘူး။
ဥပမာ ကျွန်တော်က Phyo Paing @ Derek ဆိုတဲ့ လူဆိုပါတော့ တစ်နေ့တစ်နေ့ဖြစ်စဥ်တွေရှိမယ်။ ဒါကို မှတ်တမ်းတင် Document လုပ်ဖို့ပဲလိုတယ်။ Content idea တွေကို ခေါင်းခြောက်ခံပြီးစဥ်းစားစရာသိပ်မလိုဘူး။ Tik Tok မှာ 6 လ တိတိ စမ်းသပ်မှုပြုလုပ်ခဲ့တယ်။​ ထူးဆန်းတာတစ်ခုက Tik Tok Audience ကနေ Consulting ရလိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ဒါပေမယ့် Akyanpay App မှာ user 512 အကုန်လုံးက Tik Tok Video တစ်ခုကလာခဲ့တယ်။​ Consulting Clients ငါးပုံတစ်ပုံက Tik Tok က စသိခဲ့တယ်တဲ့။
Content Marketing တွေဘာတွေမေ့လိုက်ပါ။​ လုပ်ငန်းတစ်ခုလုပ်နေရင် ကိုယ့်ရဲ့ ဘဝကို မှတ်တမ်းတင်ပါ။ ဒါကို Garyvee က Don’t create. Document တဲ့။ အရမ်းကောင်းတဲ့ idea ပါဗျာ။
Sapwar.com – Marketing System for Sustainable  Growth

Please Login to Document လုပ်ပါ။

or