Marketing အလုပ်အကိုင်

ဒီနေ့လို အပြောင်းအလဲအရမ်းကြီးပြီး မသေချာမရေရာတဲ့ ကာလမှာ သေချာစဥ်းစားလို့ရအောင် ဒါလေးကို ရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။ Marketing ဆင်းတယ်။ Digital Marketing လုပ်တယ်။ Facebook က boost လုပ်တယ်။ ငါတို့က Marketing Diploma တန်းတွေတက်နေတယ်။ စသဖြင့် ကြားရတဲ့အခါ Marketing ဆိုတာ ဘာလဲပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်း၊ ကိုယ်အလုပ်လုပ်တဲ့ organization ပေါ်မူတည်ပြီး လုပ်ဆောင်ရတဲ့အချက်တွေ အများကြီး အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ Marketing နယ်ပယ်ထဲမှာပါဝင်တဲ့ အလုပ်အကိုင်တွေကို မပြောခင် marketing ရဲ့ အဓိက တာဝန်ကိုသိထားဖို့လိုပါတယ်။ Marketing ရဲ့အဓိက တာဝန်က ၁။ ဖောက်သည်တွေကို ဂဂဏဏနားလည်ဖို့ (သူတို့ရဲ့ စဥ်းစားတွေးခေါ်ပုံ၊ ယဥ်ကျေးမှု၊ အပြုအမူ အစရှိတာတွေပါဝင်ပါတယ်။)၊ ၂။ ဖောက်သည်တွေရဲ့ […]
မားကတ်တင်း “အထာ”

မားကတ်တင်းမှာ “အထာ” အရေးကြီးတာတယ်။ တစ်ခေါက်က စလုံးမှာ Cisco partner ပွဲတစ်ပွဲသွားတတ်တော့ ပန်းဆိုင်တစ်ဆိုင်က အစ်မနဲ့စကားပြောဖြစ်ပြီး သူ့လုပ်ငန်းကိုတိုးတက်အောင် social media အသုံးပြုပြီး ဘယ်လိုလုပ်သွားကြောင်းပြောတော့ ကျွန်တော်တို့နိုင်ငံရဲ့ SME တွေက သူတို့ level ရောက်ဖို့ နှစ်တချို့လိုသေးတယ်လို့ စဥ်းစားမိတယ်။ ဒါပေမယ့် mobile internet နဲ့အတူ ခဏအတွင်းရောက်ခဲ့တယ်။ B2B, B2C နဲ့ လုပ်ငန်းအလိုက် မားကတ်တင်းမှာ “အထာ” ရှိတယ်။ တခါတလေ Corporate လောကမှာ marketing လောကမှာကျင်လည်ခဲ့တဲ့သူတစ်ယောက်က ကိုယ်တိုင်လုပ်ငန်းစတင်တော့ မားကတ်တင်းလုပ်တဲ့အခါ ခက်တတ်သလို၊ SME အပိုင်းမှာလုပ်ကိုင်နေတဲ့သူတစ်ယောက်က Corporate marketing ပြောတဲ့ marketing metrics တွေကြားမှာ တိုင်ပတ်နေနိုင်တယ်။ လုပ်ငန်းတစ်ခုမှာ Marketing funnel […]
မဟော်သဓာသင်ပေးလိုက်တဲ့ Marketing

မားကတ်တင်းရဲ့အခြေခံကို မဟော်သဓာက အမရာဒေဝီကို လက်သီးပြတာနဲ့မှတ်လို့ရပါတယ်။ မဟော်သဓာကို (marketer) လို့မြင်ပြီး အမရာဒေဝီသည် (target market) လို့မြင်ကြည့်ပါ။ ဒီနှစ်ယောက်ကြားဆက်သွယ်ဖို့ message လိုတယ်။ အထူအပါးနားလည်ဖို့လိုတယ်။ မဟော်သဓာက အမရာဒေဝီကိုကြည့်လိုက်တယ်။ ပညာတတ်ဖြစ်မယ်ဆိုပြီး လက်သီးစုပ်ပြလိုက်တယ်။ ဒါကို communicate လုပ်တယ်လို့ခေါ်တယ်။ အမရာဒေဝီက နားလည်ပြီး လက်ဖဝါးပြန်ပြတယ်။ ဒါ message ကို response လုပ်တဲ့သဘောပါ။ မားကတ်တင်းမဟော်သဓာလိုပဲ marketing ပြုလုပ်တဲ့သူဟာ ကိုယ့်ရဲ့ target market ကိုသေချာနည်းလည်ဖို့လိုတယ်။ ဒီဖောက်သည်တွေကို စိတ်ပညာ၊ စဥ်းစားပုံ၊ ဆုံးဖြတ်ပုံ၊ အပြုအမူ အစရှိသည်အကုန်ကို ထဲထဲဝင်ဝင်အကုန်သိထားဖို့လိုတယ်။ ကိုယ့်ဖောက်သည်တွေ နားလည်မည့် message တွေနဲ့ ဆက်သွယ်ဖို့လိုတယ်။ (တကယ်လို့ မဟော်သဓာကသာ ပညာမတတ်တဲ့ ကောက်စိုက်သမကို လက်တီးဆုတ်ပြရင် နားလည်ချင်မှ […]
ကိုယ့်ဖောက်သည်ကိုယ်သိပါ

Harley Davidson ဆိုင်ကယ်ရဲ့ logo ကို Tatto ထိုးတဲ့သူတွေရှိပြီး Honda ရဲ့ Super cubကို Tatto ထိုးတဲ့သူဘာကြောင့်မရှိတာလဲ? အဖြေကို ခဏနေပြောပြပါ့မယ်။ ဒီနေ့ခေတ် လူအများစုလုပ်မိတဲ့အမှားက လူတိုင်းကို ကိုယ့်ဖောက်သည်ဖြစ်နိုင်တယ်လို့ ထင်တာပဲဖြစ်ပါတယ်။ အရင်ခေတ်လို ကုန်ပစ္စည်းတွေ ရှားပါးတဲ့ခေတ်မှာ ဘာထုတ်ထုတ် လူတိုင်းကိုရည်ရွယ်လို့ရပါတယ်။ အဲ့ဒီခေတ်ဖော်မြူလာက ထုတ်မယ်၊ လူတိုင်းကိုကြော်ငြာမယ်၊ ဖြန့်ဖြူးမယ်။ ရတဲ့ငွေနဲ့ ပြန်ထုတ်မယ်။ ဒါပေမယ့် ခေတ်တွေပြောင်းသွားခဲ့ပါတယ်။ ဖုန်းလို့ပြောလိုက်တဲ့အခါ အမှတ်တံဆိပ်ပေါင်းများစွာရှိလာတယ်။ Hot Pot လို့ပြောလိုက်တဲ့အခါ Hot Pot ဆိုင်ပေါင်းများစွာရှိလာတယ်။ Marketing Agency လို့ပြောလိုက်ရင်လဲအများကြီးရှိလာတယ်။ ဖိနပ်လို့ပြောလိုက်တဲ့အခါလဲ ဖိနပ်ကုမ္ပဏီတွေအများကြီးရှိလာတယ်။ ဒီတော့အရင်လို သာမာန်လူတွေအတွက် သာမာန်ကုန်ပစ္စည်းတွေ ထုတ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။ ဒါကို Seth Godin က […]
Marketing ဆိုတာ

Marketing ကို အရင်က ဖောက်သည်တွေ လိုချင်တာ၊ လိုအပ်တာကို ရှာဖွေဖော်ထုတ်ပြီး company ရော၊ customer ပါ အကျိုးအမြတ်ရှိအောင်လုပ်ဆောင်တာကို ခေါ်တယ်လို့ ဆိုခဲ့ကြပါတယ်။ဒီနေ့ခေတ် marketing ရဲ့ အဓိပ္ပာယ်က ဖောက်သည်တွေနဲ့ တစ်သားတည်းကျအောင် ဖန်တီးလုပ်ကိုင်ပြီး အကျိုးအမြတ်ရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်တာကို ခေါ်သတဲ့။တစ်သားတည်းကျဖို့အတွက် ဖောက်သည်တွေ၊ အလားအလာရှိတဲ့ ဖောက်သည်တွေ ဘယ်လိုစဥ်းစားနေလဲ၊ ဘာတွေခံစားရလဲဆိုတာ သိဖို့လိုပါတယ်။ ဒီလိုလုပ်ဖို့ research လုပ်ရပါတယ်။ Facebook newsfeed ပွတ်တာလဲ research ဖြစ်နိုင်သလို၊ comment တွေကို လိုက်ဖတ်တာလဲ research ဖြစ်နိုင်ပါတယ်။ ဒီလို ဖောက်သည်တွေအကြောင်းလေ့လာပြီး စာနာစိတ်ရှိရှိနဲ့ တစ်သားတည်းကျအောင် နေထိုင်ဖို့လိုပါတယ်။(အလားအလာရှိတဲ့) ဖောက်သည်တွေ စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်က ပျော်တဲ့ အကြောင်းတွေ၊ မြူးမြူးကြွကြွ music […]
ကျွန်တော်နဲ့ မားကတ်တင်း

ကျွန်တော်နဲ့ မားကတ်တင်း2005 တက္ကသိုလ်တက်တော့ ကျောင်းတက်ရင်းနဲ့ အရောင်းအဝယ်တွေလုပ်ဖြစ်တယ်။ အားတဲ့အချိန် Guide သင်တယ်။ အရောင်းအဝယ်လုပ်တဲ့အချိန်၊ ကိန်းဂဏန်းတွေကို အဓိကတွက်ချက်ရတယ်။ကျောင်းပြီးတော့ အလုပ်သင်ဆရာဝန်နှစ်မှာ စာဖတ်တဲ့ e-reader တွေစရောင်းတယ်။ ရောင်းတဲ့အချိန်မှာ စျေးကွက်အသစ်လဲဖြစ်တော့ ဆိုင်တွေက မဝယ်ရဲကြသလို ကိုယ်နဲ့သိတဲ့လူတချို့ကပဲ ဝယ်ကြတယ်။ အဲ့တော့ ဆိုင်တွေမှာ ပစ္စည်းတင်တဲ့ consignment စနစ်ကို စတင်လုပ်ဆောင်ရတယ်။ ငွေတွေ အိပ်တယ်။ အဲ့မှာ စပြီး လူတွေရဲ့အပြုအမူ၊ တွေးခေါ်ပုံတွေကို လေ့လာဖို့ အရေးကြီးတယ်ဆိုတာ သိလာတယ်။ကိုယ်ရောင်းချင်တဲ့ ပစ္စည်းကို စျေးကွက်က လိုအပ်နေလား၊ လိုချင်နေလားသိအောင်လုပ်ဖို့ လိုတယ်ဆိုတာ နားလည်လာတယ်။ ဒါနဲ့ Internet တွေခေါက်မွှေနှောက်ကြည့်တယ်။ ဒီလို လူတွေဘာတွေလိုချင်လဲ၊ ဘာတွေလုပ်အပ်လဲဆိုတဲ့ needs and wants ကို သိအောင်ရှာဖွေဖော်ထုတ် ခန့်မှန်းနိုင်ဖို့ လုပ်တဲ့အရာကို […]