မဟော်သဓာသင်ပေးလိုက်တဲ့ Marketing

မားကတ်တင်းရဲ့အခြေခံကို မဟော်သဓာက အမရာဒေဝီကို လက်သီးပြတာနဲ့မှတ်လို့ရပါတယ်။ မဟော်သဓာကို (marketer) လို့မြင်ပြီး အမရာဒေဝီသည် (target market) လို့မြင်ကြည့်ပါ။ ဒီနှစ်ယောက်ကြားဆက်သွယ်ဖို့ message လိုတယ်။ အထူအပါးနားလည်ဖို့လိုတယ်။ မဟော်သဓာက အမရာဒေဝီကိုကြည့်လိုက်တယ်။ ပညာတတ်ဖြစ်မယ်ဆိုပြီး လက်သီးစုပ်ပြလိုက်တယ်။ ဒါကို communicate လုပ်တယ်လို့ခေါ်တယ်။ အမရာဒေဝီက နားလည်ပြီး လက်ဖဝါးပြန်ပြတယ်။ ဒါ message ကို response လုပ်တဲ့သဘောပါ။
မားကတ်တင်းမဟော်သဓာလိုပဲ marketing ပြုလုပ်တဲ့သူဟာ ကိုယ့်ရဲ့ target market ကိုသေချာနည်းလည်ဖို့လိုတယ်။ ဒီဖောက်သည်တွေကို စိတ်ပညာ၊ စဥ်းစားပုံ၊ ဆုံးဖြတ်ပုံ၊ အပြုအမူ အစရှိသည်အကုန်ကို ထဲထဲဝင်ဝင်အကုန်သိထားဖို့လိုတယ်။ ကိုယ့်ဖောက်သည်တွေ နားလည်မည့် message တွေနဲ့ ဆက်သွယ်ဖို့လိုတယ်။ (တကယ်လို့ မဟော်သဓာကသာ ပညာမတတ်တဲ့ ကောက်စိုက်သမကို လက်တီးဆုတ်ပြရင် နားလည်ချင်မှ လည်ပါလိမ့်မယ်။) Content ရေးတာပဲဖြစ်ဖြစ်၊ Copy ရေးတာပဲဖြစ်ဖြစ် ကိုယ့် target customer နားလည်ဖို့လိုပါတယ်။ Heart ထိပြီး မှတ်မိနိုင်ရင် အကောင်းဆုံးပေါ့။
စားသောက်ဆိုင်တွေမှာဆို လူတွေက လေးခါလာစားပြီးသွားရင် ပုံမှန်ဖောက်သည်တွေဖြစ်သွားကြတယ်။ ဒီတော့ ပထမလေးခါ လာစားဖို့ marketer တွေက အကြီးအကျယ်အားထုတ်ကြတယ်။ Sass (software as a service) လုပ်ငန်းတွေမှာ ဖောက်သည်တွေရဲ့ data တွေရွေ့ရခက်လေလေ switching cost မြင့်တဲ့အတွက် ဒီလုပ်ငန်းမှာပဲဆက်နေလေလေဖြစ်တယ်။ သတင်းစာ/ Food menu ဖတ်ရင် ညာဖက်ထောင့်ကိုအရင်ကြည့်တတ်ကြတဲ့အတွက် အဲ့ဒီနေရာမှာ ကြော်ငြာပိုထည့်နိုင်ဖို့ကြိုးစားကြတယ်။ လူတွေက စျေးကြီးတဲ့ပစ္စည်းကို အရင်တွေ့ပြီးသွားရင် တခြားသူ့ထက်စျေးနည်းတဲ့ပစ္စည်းတွေကို စျေးသက်သာတယ်လို့ထင်သွားတတ်ကြတယ်။ ဒါကြောင့် apple က ဒီနည်းကိုအသုံးပြုတယ်။
ဒါကြောင့်မားကတ်တင်းလုပ်တဲ့အခါ ကိုယ့် target audience ကို မဟော်သဓာလိုလေ့လာပြီး response ရအောင် လိမ္မာပါးနပ်ဖို့လိုတယ်။ ဒီနေ့လို Covid-19 third wave နဲ့ coup ကြားမှာ ပိုပါးနပ်ဖို့လိုပါလိမ့်မယ်။
Marketing ဆိုတာ စိတ်ပညာ 70% နဲ့ သိပ္ပံနည်းပညာ 30% ရောထားတဲ့ ပညာရပ်ပါ။ Machine learning တို့လို AI ရဲ့ subcomponent ထဲပါဝင်တဲ့ ဒီနေ့ခေတ်အသုံးပြုတဲ့ tools တွေ၊ နည်းပညာတွေက science ထဲထည့်လို့ရပါတယ်။ ဒီနေ့ကတော့ psychology နဲ့ဆက်နွယ်တဲ့ မဟော်သဓာသင်ပေးလိုက်တဲ့ marketing အကြောင်းရေးလိုက်ပါတယ်။ ကိုယ်ဘာတွေစဥ်းစားမိလိုက်လဲ၊ ဘာတွေရလိုက်လဲ comment မှာရေးခဲ့ပါအုံး။

Please Login to မဟော်သဓာသင်ပေးလိုက်တဲ့ Marketing

or