PEST or PESTLE Analysis

PEST analysis လုပ်ဆောင်ရန် အဆင့် ၅ ဆင့် (External Environment Analysis) ———————————————————————- စက်ရုံအတွင်းလုပ်ဆောင်နေတဲ့ ဓလေ့တွေက company တစ်ခုအောင်မြင်ဖို့ အများကြီးအရေးပါသလို အပြင်ကအကြောင်းအရာတွေကလည်း အရေးကြီးတယ်။ ဒီအကြောင်းအရာအချက်အလက်တွေက ကိုယ့်စီးပွားရေးရဲ့ ဘယ်လိုနေရာတွေမှာအရေးပါနေသလဲဆိုတာကိုတော့ PEST (Political, Economic, Social and Technological) Analysis နဲ့လေ့လာသုံးသပ်လို့ရတယ်။ ၁) PEST ကိုနားလည်ပါ။ PEST analysis ကိုလုပ်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ တစ်ခုချင်းဆီရဲ့ အဓိပါယ်ကို ကောင်းကောင်နားလည်ထားရမယ်။ **POLITICAL ** ဒါကတော့ အစိုးရချမှတ်ထားတဲ့ တရားဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေက Business တစ်ခုကို အမြတ်ရစေနိုင်လား၊ အောင်မြင်စေနိုင်ရဲ့လားဆိုတာကို ဆန်းစစ်တာ။ နိုင်ငံရေးတည်ငြိမ်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ လုံခြုံရေးဆိုင်ရာဥပဒေတွေနဲ့့ ကုန်သွယ်ရေးဆိုင်ရာဥပဒေတွေကို လေ့လာဆန်းစစ်ရပါမယ်။ […]

Marketing Plan အတိုကောက်

ဒီတလော Marketing Plan ကို ဘယ်လိုဆွဲမလဲ၊ Business Plan ကို ဘယ်လို ဆွဲမလဲမေးကြတယ်။ အမှန်တော့ Plan ဆွဲတယ်ဆိုတာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဆိုတာ သိဖို့လိုပါတယ်။ Marketing Plan လည်းအလားတူပါပဲ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ marketing activities တွေကို co-ordinate လုပ်ရပါတယ်။ တကယ်လို့ ကိုယ်က Company အတွက် Marketing Plan ဆွဲတယ်ဆို တခြား department တွေနဲ့တွဲအလုပ်လုပ်ရပြီ၊ Senior Management ကိုတင်ပြရပြီ။ ဒါကြောင့် အလွယ်ကူဆုံး ကျွန်တော် ကျောင်းသားဘဝက မှတ်ထားတဲ့ frame လေးနဲ့ပြသွားပါမယ်။ Marketing Plan ရေးနည်းမျိုးစုံရှိပါတယ်။ စာအုပ်အမျိုးမျိုးမှာ Format အမျိုးမျိုးနဲ့ပြောသလို၊ကိုယ့်လုပ်ငန်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်က SME […]

ရောင်းချခြင်း FAB

FAB ဆိုတာ Features, Advantage, Benefits လို့ခေါ်ပါတယ်။ အရောင်းသမားတွေအနေနဲ့ ပစ္စည်းရောင်းတဲ့အခါ Benefit တွေကိုပဲထိုင်ပြောနေတာထက် Category ခွဲပြောရောင်းတတ်ဖို့အရေးကြီးတယ်။ ဥပမာ အဝတ်လျှော်စက်ရောင်းမယ်ဆိုပါတော့ ၁။ သူက စွမ်းဆောင်ရည်ပိုမြင့်တယ်။ -Motor လည်နှုန်းမြန်တဲ့အတွက် အချိန်ကုန်ပိုသက်သာစေတယ်။ -Size အတူတူပေမယ့်အတွင်းမှာပိုကျယ်လို့ အဝတ်ပိုထည့်လို့ရတယ်။ ၂။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်ပါတယ်။ -ဒါကြောင့် လျှပ်စစ်စားသက်သာတဲ့အတွက် မီတာခလဲသက်သာတယ်။ -သဘာဝပတ်ဝန်းကျင်အတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင်အတွက်အထောက်အကူပြုတယ်။ Sapwar.com  Marketing System for Sustainable Growth

Marketing Vs Sale

-Branding မကောင်းရင် Heart မထိဘူး။ -Marketing မကောင်းရင် လူမသိ၊ စိတ်မဝင်စားဘူး။ -Sale မကောင်းရင် စုံစမ်းမေးမြန်းမှုတွေက အရောင်းမဖြစ်မပြောင်းဘူး။ -Customer Service မကောင်းရင် နောက်တစ်ခါထပ်လာမဝယ်ဘူး။ ဟာသအနေနဲ့ရေးထားတဲ့ Valentine’s Day Version လေးကတော့ 😀 ကိုယ့်ကြိုက်တဲ့မိန်းကလေးက ကိုယ့်ကိုစိတ်မဝင်စားဘူးဆိုတာ Marketing ညံ့လို့။ စိတ်ဝင်စားရက်နဲ့ သမီးရည်းစားမဖြစ်သွားတာ Sale ညံ့လို့။ သမီးရည်စားဖြစ်ပြီး ခဏနဲ့ ကွဲသွားတာ Customer Service, Public Relation ညံ့လို့။ ရည်းစားက ကိုယ့်ကို မေ့နေတတ်တယ်ဆိုရင် Regular Follow-Up ညံ့လို့။ သူငယ်ချင်းတွေ၊ အသိတွေက ဒီကောင် မစွံပါဘူးလို့ ပြောကြတယ်ဆို၊ ဒါ Public Relations ညံ့လို့။ မပြည့်စုံလို့ ငါ့ပြန်မကြိုက်ကြဘူးလို့ပြောရင် […]

Facebook ကြော်ငြာ

စရိတ်နည်းနည်းနဲ့ Facebook ကြော်ငြာလုပ်ဖို့ အချက် ၈ ချက် ၁။ Video တွေတင်ပါ။ ကိုယ့် Video ကြည့်တဲ့နှုန်းမများရင် Boost လုပ်ပါ။ နောက် ဒီ Video ကို ၂၅% နဲ့အထက် ကြည့်သွားတဲ့သူတွေကို retargeting ပြန်လုပ်ပါ။ ၂။ Lead တွေကို Qualified လုပ်ပါ။ စုံစမ်းမေးမြန်းမှုတွေရောက်လာတိုင်း ဒီစုံစမ်းမေးမြန်းမှုတွေကို category ခွဲပါ။ ဥပမာ ကိုယ်က Business တွေကို service ပေးနေတဲ့သူဆို လုပ်ငန်းအခုမှ စတင်မှလား၊ လုပ်ငန်းစတင်ပြီးသားလား၊ ငါးနှစ်အထက်ရှိနေတဲ့လုပ်ငန်းလား။ နာမည်နဲ့ email ကို excel မှာမှတ် ပြီးရင် retargeting ပြန်လုပ်ပါ။ ၃။ ကိုယ့်ရဲ့ ပေါက်တဲ့ Video နဲ့ […]

ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ?

ကြော်ငြာတစ်ခုရေးတဲ့အခါ အကြမ်းဖျင်း ခြောက်ပိုင်းရှိပါတယ်။​ ၁။ ခေါင်းကြီးပိုင်း Headline ၂။ နိဒါန်း Introduction ၃။ စာကိုယ် Body ၄။ အကူးအပေါင်း Transition ၅။ အရောင်း Call to Action ၆။ ရုပ်ထွက် Visual ဒီခြောက်ခုထဲမှာ အရေးအကြီးဆုံးကတော့ ရုပ်ထွက် Visual ဖြစ်ပါတယ်။ ၆၀% အရေးပါပါတယ်။ သုတေသနတွေအရ ကလေးပုံပါရင် လူတွေသတိပိုပြုမိတာ၊ reaction ပုံတွေပါရင် click ပိုနှိပ်တယ်လို့ဆိုကြပါတယ်။ ဒုတိယကတော့ ခေါင်းကြီးပိုင်းပါ။ ခေါင်းကြီးပိုင်းရေးနည်းတွေ အများကြီးရှိပါတယ်။​ အလွယ်ကူဆုံးပြောရရင် BWO ပါ။ Benefit without obstracles လို့ခေါ်ပါတယ်။ ဥပမာ Diet Plan ကြော်ငြာတစ်ခုအနေနဲ့ “လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ကျချင်ပါသလား။” ဒါမျိုးသုံးလို့ရပါတယ်။ […]

ဆွဲဆောင်နည်း

Copywriting (ကြော်ငြာရေး) တဲ့အခါ ဆွဲဆောင်နည်း Persuasion techniques လိုပါတယ်။ နည်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ၁. Features Vs Benefits Features ပါကတော့ လုပ်ဆောင်နိုင်စွမ်း features တွေထက် အကျိုးရလဒ်တွေကို ပိုပြီး အာရုံစိုက်ရေးဖို့လိုပါတယ်။ ဥပမာ ဒီမျက်နှာသစ်ဆပ်ပြာမှာ Q10 ပါတယ် ဆိုတာထက် အသားအရည် အရေးအကြောင်းကို ဖယ်ရှားပြီး နုပျိုစေတယ်ဆိုတာမျိုးဖြစ်ပါတယ်။ ၂. Emotion စိတ်ခံစားမှုကို အသုံးချခြင်း လူတွေမှာ left brain နဲ့right brain ရှိပါတယ်။ left brain ကတော့ ရုပ်တိဆန်တဲ့တွက်ချက်မှု အစရှိသည်များကို လုပ်ဆောင်ပြီး၊ right brain ကတော့ စိတ်ခံစားမှု ဆိုင်ရာအပိုင်းများနှင့် သက်ဆိုင်ပါသည်။ Right brain အလုပ်လုပ်ဖို့စိတ်ခံစားမှုကို အသုံးပြုဖို့လိုပါတယ်။ […]

Challenger Brand ဆိုတာ

လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်က စီးပွားရေးသမားတစ်ယောက်ဟာ Puerto Rico ကနေ BVI (British Virgin Island) သွားဖို့ လေယာဉ်စောင့်တဲ့နေရာမှ လူမပြည့်လို့ flight canceled လုပ်ခံရတယ်။ ဒါနဲ့ ဒီလူငယ်စီးပွားရေးသမားဟာ ဘုတ်တစ်ခုပေါ်မှာ BVI သို့သွားမည် တစ်ယောက် $39 ဆိုတာရေးပြီးနောက်မှာ Virgin Airline ဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီလူကတော့ ကျွန်တော်တို့အားလုံးသိတဲ့ Richard Branson ပါ။ ဒီလိုပဲ စီးပွားရေးလုပ်ငန်းတွေမှာ Market Leader တွေဟာ တစ်ခါတရံမှာ အတိတ်ရဲ့အောင်မြင်မှုတွေမှာ ပျော်မွေ့နေတတ်ကြတယ်။ ဒီတော့ ဒီ Market Leader တွေကို Challenge လုပ်မည့် Challenger Brand တွေလိုလာတယ်။ Virgin Airline ဆိုတာကတော့ Challenger Brand […]

CAC နဲ့ CLV ကိုသိပါ။

အရမ်းရိုးရှင်းပါတယ်။ customer မရှိရင် company မရှိပါဘူး။ Customer ရှိဖို့ ဖောက်သည်လိုချင်တာ၊ လိုအပ်တာသိရသလို ဖောက်သည်ရရှိဖို့ ငွေအနည်းနဲ့အများဆိုသလို အသုံးပြုရပါတယ်။ ဒါကို Customer acquistion cost (CAC) လို့ခေါ်ပါတယ်။ ဖောက်သည်တစ်ယောက်ရဖို့ ကုန်ကျငွေပေါ့။ အရင်က ဒီ CAC က အရမ်းနည်းတယ်။ အကြောင်းအရင်းက လူတွေ Facebook စသုံးတဲ့အခါ အသစ်ဖြစ်တော့ ရင်ခုန်တာရယ် ကြော်ငြာတွေအရမ်းကြီးမများနေသေးတာရယ်ကြောင့်ဖြစ်ပါတယ်။ နောက်ပိုင်း လူတွေက Facebook ကြော်ငြာတွေနဲ့ ရင်ပါးလာတယ်။ Facebook မှာ ကြော်ငြာအပြိုင်အဆိုင်လုပ်လာကြတော့ ကြော်ငြာစရိတ်မြင့်တက်လာတယ်။ ဒီတော့ CAC စရိတ်မြင့်တတ််လာတယ်။ အဲ့တော့လူတွေက CAC စရိတ်နည်းအောင် ကြော်ငြာရေးနည်းတွေ၊ ကြော်ငြာနည်းတွေလေ့လာကြတယ်။ ရေတိုအဆင်ပြေကြပေမယ့် ကိုယ့်ပြိုင်ဖက်တွေကလဲ ဒီနည်းကိုသိလာတော့ သူတို့လဲ ဒီအတိုင်းရေးလာနိုင်တယ်။ ဒီတော့ […]

Content Marketing Models

Facebook မှာ အရင်လို Ads တွေ ဈေးပေါပေါမရတော့ဘူး။ ဒေါ်လာကလည်း ဈေးတက်တော့ Facebook မှာ ကြော်ငြာဖို့ Marketing Budget အရင်ကထက် ပိုလိုအပ်လာတယ်။ ဒါပေမယ့် မပြောင်းလဲတဲ့ အမှန်တရား အချို့ရှိတယ်။ ၁. မယူခင်အရင်ပေးတာ၊ ၂. ယုံကြည်မှု တည်ဆောက်တာ အစရှိတာတွေပေါ့။ ဒီနှစ်ခု တည်ဆောက်ဖို့ Content Marketing လိုတယ်။ Content Strategies မှာ Model သုံးခုကို ပြောပြချင်တယ်။ ၁. Garyvee နဲ့ Peng Joon ၂. Neil Patel ၃. Tony Robbins Garyvee ရဲ့ Content funnel က ပြောသမျှပွဲတွေရိုက်ခဲ့တယ်။ content အရှည်ကို […]

Please Login to Content Marketing Models

or