ဘယ်လိုပြိုင်မလဲ?

1. မပြိုင်ပါနဲ့ Competition Vs Creation
ပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကို ကျစေပါတယ်။ ပြိုင်ဆိုင်မည့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့ စဉ်းစားပါ။ Benchmarking တော့လုပ်ပါ။
ဥပမာ
Snapchat ကို Facebook နဲ့ Instagram Clone လုပ်ပေမယ့် Zenly ကိုဝယ်ပြီး online & offline interaction အတွက်လုပ်ပါတယ်။
Facebook နဲ့မတူတဲ့ Social Media အသစ် Pinterest နဲ့ သူ့ရဲ့ Revenue Generation Model ဟာ ဥပမာတစ်ခုဖြစ်ပါတယ်။
Apple ကို Steve Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes, iPod, iPhone, App Store, iPad ကိုအစီအရီဖန်တီးသွားပါတယ်။
2. Focus (Competition Vs Corporate Philosophy)
ကျွန်တော်တို့စီးပွားရေးလုပ်ငန်းစတာ ပြိုင်ဖက်ကို အနိုင်ယူဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် competition ကိုအာရုံစိုက်မည့်အစား Vision & Mission တွေကိုအာရုံစိုက်ပါ။
3. Know your niche
စီးပွားရေးလုပ်ငန်းတိုင်းဟာ နေရာတိုင်းမှာ မအောင်မြင်နိုင်ပါဘူး။ ကိုယ်ကဘယ် Niche ကိုဦးဆောင်မှာလည်း ကိုယ့်ရဲ့ CSF (Critical Success Factor) ကဘာလည်းသိအောင်လုပ်ပါ။
4. Think differently
Coca Cola ရောက်တဲ့နေရာတိုင်းအောင်မြင်ပါတယ်။ 可口可乐 (Coca Cola) တရုတ်ရောက်တဲ့ အခါ ဟောင်ကောင်အခြေစိုက် JDB Group ရဲ့ 加多宝 (Jia Duo Bao) brand ဟာ Chinese Medicine ပေါ်အခြေခံတဲ့ Herbal Tea နဲ့ ပြိုင်ပါတယ်။ နောက်ပိုင် Coca Cola က Cola + Fiber လုပ်ပေမည့်မအောင်မြင်ပါဘူး။
5. Positioning Map
မပြိုင်နဲ့ဆိုပေမယ့် ပြိုင်ဘက်ကိုတော့ရွေးချယ်နိုင်ပါတယ်။ ဥပမာ Xiaomi ဟာ ဖုန်းလောကထဲဝင်တဲ့အခါ Positioning Map ကိုအကောင်းဆုံးအသုံးပြုပြီး ပြိုင်ဖက်ကိုကောင်းကောင်းရွေးချယ်သွားပါတယ်။ ဒါ့ကြောင့် 2010 မှ 2015 အတွင်းပြိုင်ဖက်မရှိသလောက်ဖြစ်တဲ့ Blue Ocean မှာ Explosive Growth ရရှိခဲ့ပါတယ်။
6. MVP (Minimal Viable Product)
Product အစစ်မဟုတ်သေးခင် prototypes အဆင့်ဟာ Company စတင်ခင်မှာသာမက Company ကြီးတွေရဲ့ NPD (New Product Development) အဆင့်တွေမှာ idea Generation ကအစ Commercialization မသွားခင်ကြားမှာထိအရေးကြီးပါတယ်။ Creation လုပ်မယ်ဆိုတည်းက product တိုင်းအောင်မြင်မှာမဟုတ်ပါဘူး။ ဥပမာ Facebook အနေနဲ့ ဒီနေ့လို App မထုတ်ခင်မှာ 2014 မှာ Flipboard ကို အပြိုင် Paper ထုတ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။
7. Connecting the dots
Amazon ဟာ စာအုပ်စရောင်းတယ်။ Offline bookstore တွေဖြစ်တဲ့ Barnes & Noble ဟာ Short tail (လူဖြစ်များ popular books) တွေနဲ့ဈေးကွက်မှာရှိပေမယ့် Amazon ဟာ long tail (specific ဖြစ်တဲ့စာအုပ်တွေ)နဲ့ဈေးကွက်စဝင်ပါတယ်။ နောက်ပိုင်းမှာ Online မှာပစ္စည်းမျိုးစုံရောင်းတဲ့အပြင် မကြာခင်က Whole Foods ကိုဝယ်ပြီး ဟင်းသီးဟင်းရွက်တွေဈေးကွက်ကိုဝင်ရောက်ပါတယ်။ Vision ဟာအင်မတန်အရေးကြီးပါတယ်။ Strategic Planning Vs Strategic Thinking ကိုသေချာသိအောင်လုပ်ရပါတယ်။
နောက် Example တစ်ခုဟာ OnePlus ဖုန်းပါ။ Xiaomi Business Model ကို တိုက်ရိုက် copy ကူးပေမယ့်၊ Xiaomi ရဲ့ပြိုင်ဖက်ဖြစ်မလာပါဘူး။ ဘာ့ကြောင့်လည်းဆိုရင် Xiaomi Vision ဟာ Lifestyle brand တစ်ခုအနေနဲ့သွားမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ Vision ဟာအင်မတန် အရေးကြီးတဲ့အချက်တစ်ခုပါ။
Alibaba ရဲ့ Strategy ဟာ eWTP (Electronic World Trade Platform) ဖြစ်ပေမယ့် Amazon ရဲ့ CEO Jeff Bezos က New Origins ကို Invest လုပ်ထားတာဟာ အာကာသထဲထိသွားဖို့ရည်ရွယ်ထားသလားလို့စဉ်းစားမိစေတယ်။ (Update – 23 July 2021 မှာတော့ Jeff Bezos က သူ့ Blue Origin နဲ့ အာကာသထဲသွားပြီး ကမ္ဘာမြေပေါ်ပြန်ဆင်းလာပြီ။)
Sapwar.com 
Marketing System for Sustainable Growth

Please Login to ဘယ်လိုပြိုင်မလဲ?

or