Growth-hacking ဆိုတာ

Growth-hacking ဆိုတာကတော့ marketing မှာ sexy ဖြစ်တဲ့ စကားလုံးပေါ့။ Psychology, Data ဘာညာသုံးပြီး လူတွေကိုယ့် product ကိုပိုသုံးအောင်လုပ်တာကိုဆိုတာပါ။ Dropbox အနေနဲ့ budget နည်းနည်းနဲ့ growth-hacking campaign လုပ်ခဲ့ပြီးနောက်ပိုင်း tech product တွေမှာ ဒီစကားလုံးခေတ်စားလာတယ်။
ကျွန်တော်တို့လို ebook, audiobook, online courses, template, website ဒီလို digital product တွေနဲ့ စီးပွားရေးလုပ်နေတဲ့သူတွေအတွက်ကလဲ စရိတ်နည်းပါး ထိရောက်မှုဆပွားဖို့ Guerrilla Marketing တွေသုံးတယ်။​ Ethic နဲ့တော့အညီလုပ်ရတာပေါ့လေ။ နည်းပညာတွေဘာတွေပေါင်းစပ်ရင်တော့ Growth-hacking ပေါ့။
ဒီ Growth-hacking က ပြောတော့သာ နားထောင်လို့ကောင်းတာ၊​ အင်မတန်ပင်ပန်းတဲ့ process တစ်ခုဖြစ်ပါတယ်။ idea တစ်ခုနှစ်ခုကို optimize လုပ်လိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး။ Growth-hacking လို့ပြောလိုက်ရင် Rapid exprimentation က နောက်ကလိုက်လာတာပဲ။ ဒီလို စမ်းသပ်မှုမလုပ်နိုင်ရင် Growth-hacking နဲ့ ပြသားတစ်လမ်း၊​ သံတစ်လမ်းပဲ။
မှတ်မှတ်ရရ ၂၀၁၉ March လစပြီး Website အသုံးပြုပြီး course တွေ automate စလုပ်မယ်ကြံတော့ တစ်ရက်ကို သင်တန်းသား သုံးလေးငါးဆယ်ကျော်။ Sales Team က ညတွေလဲမအိပ်ရဘူး။ Online Course တစ်ခုပြီးသွားတိုင်း Feedback တွေပြန်တောင်း၊ Update ပြန်လုပ်။ ဒီလိုနဲ့လုပ်လာတာ တစ်နှစ်လုံး Courses ပေါင်း ၂၄ ခုပြီးသွားတယ်။ မနက် ၄ နာရီမှ အိပ်ရတဲ့နေ့တွေ မနည်းဘူး။ ဒီ Courses တွေတင်မကဘူး Website မှာ Sign Up, Sign In နဲ့ Learning Management System အသုံးပြုပုံအပြင်၊ Payment လုပ်ဖို့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ စဥ်းစားခဲ့ရတာ။ နောက် iOS နဲ့ App ပြောင်းတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ တော်တော်များခဲ့တယ်။
နောက်ပိုင်း Online Learning Website လုပ်မည့်သူတွေ ၇ ယောက်ကို အကြံပေးဖြစ်လာပြီး website တွေလုပ်ပေးဖြစ်လာတယ်။ အဲ့ကတစ်ဆင့် dreamlab.news ကိုလုပ်လို့ရလာတယ်။ ဒါပေမည့် သေချာတယ် ပြင်ဆင်မှုပေါင်း အကြိမ်၂၀၀ မကလုပ်ရတယ်။
Akyanpay Creator Studio (www.akyanpay.com) ဆို ပြင်ဆင်မှုပေါင်း ၂၀၀ မကတော့ဘူး။ idea တွေကို test လုပ်လိုက် တိုင်းတာလိုက်နဲ့။ App အတွက်ကတော့ ကိုယ်လဲ App marketing အတွက် ဒီနှစ်ပိုင်းတော်တော် အတွေ့အကြုံရသွားတယ်။ Habit-forming feature လုပ်ဖို့က engineer ကောင်းနဲ့ marketing ကောင်းလိုတယ်မဟုတ်လား။ ကိစ္စမရှိတာက ကျွန်တော်တို့သွားတဲ့ market က smallest viable market ဖြစ်တဲ့အတွက် ပြင်ပ funding မလိုဘူး။
ပြောချင်တာ ကြော်ငြာတစ်ခုတည်းနဲ့မရဘူး။ Remarkable product ဖြစ်ဖို့ rapid experimentation လိုတယ်။ သုံးစွဲသူတွေကြိုက်ရင် တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ပြန့်တာမြန်တယ်။
Sapwar.com 
Marketing System for Sustainable Growth

Please Login to Growth-hacking ဆိုတာ

or