ကိုယ့်ဖောက်သည်ကိုယ်သိပါ

Harley Davidson ဆိုင်ကယ်ရဲ့ logo ကို Tatto ထိုးတဲ့သူတွေရှိပြီး
Honda ရဲ့ Super cubကို Tatto ထိုးတဲ့သူဘာကြောင့်မရှိတာလဲ?
အဖြေကို ခဏနေပြောပြပါ့မယ်။
ဒီနေ့ခေတ် လူအများစုလုပ်မိတဲ့အမှားက လူတိုင်းကို ကိုယ့်ဖောက်သည်ဖြစ်နိုင်တယ်လို့ ထင်တာပဲဖြစ်ပါတယ်။ အရင်ခေတ်လို ကုန်ပစ္စည်းတွေ ရှားပါးတဲ့ခေတ်မှာ ဘာထုတ်ထုတ် လူတိုင်းကိုရည်ရွယ်လို့ရပါတယ်။ အဲ့ဒီခေတ်ဖော်မြူလာက ထုတ်မယ်၊ လူတိုင်းကိုကြော်ငြာမယ်၊ ဖြန့်ဖြူးမယ်။ ရတဲ့ငွေနဲ့ ပြန်ထုတ်မယ်။ ဒါပေမယ့် ခေတ်တွေပြောင်းသွားခဲ့ပါတယ်။
ဖုန်းလို့ပြောလိုက်တဲ့အခါ အမှတ်တံဆိပ်ပေါင်းများစွာရှိလာတယ်။ Hot Pot လို့ပြောလိုက်တဲ့အခါ Hot Pot ဆိုင်ပေါင်းများစွာရှိလာတယ်။ Marketing Agency လို့ပြောလိုက်ရင်လဲအများကြီးရှိလာတယ်။ ဖိနပ်လို့ပြောလိုက်တဲ့အခါလဲ ဖိနပ်ကုမ္ပဏီတွေအများကြီးရှိလာတယ်။ ဒီတော့အရင်လို သာမာန်လူတွေအတွက် သာမာန်ကုန်ပစ္စည်းတွေ ထုတ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။ ဒါကို Seth Godin က making average stuffs for average people လို့ခေါ်တယ်။ ဒါဟာ ကျဆုံးခြင်းရဲ့ formula ဖြစ်ပါတယ်။
ဖိနပ်ထဲမှာတောင် Nike တို့လို ကြော်ကြားတဲ့ အားကစားသမားတွေကို ဂုဏ်ပြုတဲ့ ကုမ္ပဏီရှိသလို၊ ပြေးဖို့အတွက်ဆို reebok ကနေရာယူလာတယ်။ Yoga ဆော့မယ်ဆို lululemon အမှတ်တံဆိပ်ရှိလာတယ်။ Pen နဲ့ရေးတဲ့ဖုန်းဆို Samsung Note ရှိသလို Selfie ရိုက်ဖို့ Oppo ဝင်လာသလိုမျိုးပေါ့။
လူ့အလိုကို နတ်မလိုက်ဘူးလို့ ရှေးစာဆိုတွေကပြောခဲ့ကြတယ်။ Marketing သမားတွေလဲအလားတူပဲ။ လူတိုင်းရဲ့အလိုကို လိုက်ဖြည့်နိုင်ဖို့မလွယ်ကူပါဘူး။ ဒါကြောင့် ကိုယ်အကောင်းဆုံးဖြည့်ဆည်းပေးချင်တဲ့ ဖောက်သည်တွေကို သေချာသတ်မှတ်ဖို့လိုပါတယ်။ ဒီလိုသတ်မှတ်ဖို့ စျေးကွက်ကို သာဆုံးဖြတ်ခိုင်းပါ။ ပြီးရင်သူတို့အလိုကို ဖြည့်ဆည်းပေးပါ။
ပထမမေးခွန်းရဲ့အဖြေကို ပြောရမယ်ဆို Harley Dividson အနေနဲ့ ၁။ စျေးကြီးတဲ့ highend product ဖြစ်တာတစ်ခုအပြင် ၂။ သူ့မှာ သတ်မှတ် community ရှိတယ်။ အများစုက အသက်လေးဆယ်အထက်တွေ။ ၃။ ဒီ group ကို community တစ်ခုတည်ဆောက်တယ်။ အားလုံးစုပြီးဆိုင်ကယ်နဲ့ ခရီးသွားတာမျိုးလုပ်ကြတယ်။ ဒါကို tribe marketing လို့ခေါ်ပါတယ်။
ဒီနေ့ခေတ် လူအများစုလုပ်မိတဲ့အမှားက လူတိုင်းကို ကိုယ့်ဖောက်သည်ဖြစ်နိုင်တယ်လို့ ထင်တာပဲဖြစ်ပါတယ်။
တကယ်လို့ ဒီ post က အတွေးတစ်စုံတစ်ရာရခဲ့ရင် comment မှာ ရေးပေးနိုင်သလို၊ နောက်ပိုင်းရေးစေချင်တဲ့ post တွေကို comment သို့ message မှာပို့ထားပေးနိုင်ပါတယ်။
Sapwar.com – Marketing for Explosive Growth

Please Login to ကိုယ့်ဖောက်သည်ကိုယ်သိပါ

or