Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
questions
Filter by Categories

Job Description

ဥာဏ်ထက် Intern Coach ဆိုတာ?

Coach ဆိုတာနည်းပြဖြစ်ပါတယ်။ Nyan Htet Intern Coach တွေရဲ့ နေ့စဥ် လုပ်ဆောင်မှုကတော့ အသက် ၇ နှစ်မှ ၁၇ နှစ်ကြား ကလေးတွေ၊ pre-teens တွေကို မှတ်ဥာဏ်ကောင်းဖို့ နည်းစနစ်များ၊ စဥ်းစားနည်း နည်းစနစ်များ၊ သင်ယူမှု မြန်စေမည့်နည်းစနစ်များ၊ ပေါင်းသင်းဆက်ဆံရေးနှင့် personal development နည်းစနစ်များကို အနီးကပ် နည်းပြပြုလုပ်ပေးပြီး သူတို့ရဲ့ တိမ်မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားတွေကို လှုပ်နိုးပေးတာဖြစ်ပါတယ်။ ဒီလို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ဖို့ Nyan Htet Intern Coach အလုပ်သင် Intern Coach များကို သင်တန်းပေးဖို့ ခေါ်ယူခြင်းဖြစ်ပါတယ်။

 

ဘာကြောင့် Nyan Htet Coach ဖြစ်ခြင်းက အရေးအလွန်ပါသလဲ?

ကျွန်တော်တို့ ကလေးငယ်တွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ လမ်းမှားကြီးကို ပြန်လည်မဖြတ်သန်းစေချင်ပါဘူး။ စာတွေ အာဗြဲနဲ့အော်ကျက်ပြီး အလုပ်မဖြစ်နဲ့နည်းစနစ်တွေ၊ အနာမခံပါက အသာမစံရဘူးဆိုတဲ့ idea တလွဲတွေနဲ့ သူတို့ကို ဆက်မလျှောက်စေချင်ဘူး။ ဒါကြောင့် သင်ယူမှု စွမ်းရည်မြင့်ဖို့အတွက် T သုံးလုံးလိုပါတယ်။ Techniques, Technology နဲ့ Training ဖြစ်ပါတယ်။​ Nyan Htet အနေနဲ့ ဒီ လျို့ဝှက်နည်းစနစ် Techniques တွေအပြင်၊ သင်ယူခြင်းဆိုင်ရာ Nyan Htet Learning Technologies တွေကို အနာဂတ်ကလေးငယ်တွေ အသုံးချနိုင်အောင် ဥာဏ်ထက်နည်းပြတွေမှ Training ပေးသွားမှာဖြစ်ပါတယ်။

Job Requirements

Nyan Htet Intern Coach တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ?

Nyan Htet Intern Coach တစ်ယောက်ဖြစ်ဖို့ ကိုယ်လုပ်တဲ့အလုပ်ကို ရူးသွပ်ဖို့လိုပါတယ်။ ရူးသွပ်မှုမပါပဲ အပြောင်းအလဲကြီးတစ်ခုကို မလုပ်နိုင်ပါဘူး။ အလုပ်လုပ်တာ မြန်ဆန်ဖို့လိုပါတယ်။ နေ့စဥ်သင်ယူနေဖို့လိုပါတယ်။ ကိုယ့်ရဲ့ student ကိုပထမထားဖို့လိုပါတယ်။ English စာ ရေးတတ်၊ ဖတ်တတ်ဖို့လိုပါတယ်။ “ငါမဖြစ်နိုင်ဘူး” ခဏခဏပြောနေတဲ့သူဆို Nyan Htet Intern Coach မဖြစ်နိုင်ပါဘူး။ “ငါမဖြစ်ဖြစ်အောင် လုပ်မယ်” ဆိုတဲ့ သူများဖြစ်ဖို့လိုပါတယ်။​

 

Nyan Htet Intern Coach အနေနဲ့ ဘာတွေ လုပ်ရမလဲ?

လေ့လာရပါမယ်။​ ဦးနှောက်နဲ့ ပတ်သက်လို့၊ စိတ်ပညာနဲ့ ပတ်သက်လို့၊ သင်ကြားမှုပိုင်းနဲ့ ပတ်သက်လို့ ရေရေလည်လည်လေ့လာရပါမယ်။ ဒီ internship ကာလ​ လေးလမှာ ဦးနှောက်အပိုင်း၊ စိတ်ပညာအပိုင်း၊​ စဥ်းစားမှု၊ personal development အပိုင်းလေ့လာသင်ယူမှု၊​ ကလေးတွေကို သင်ကြားနည်းစနစ်တွေ လေ့လာရပါမယ်။ နောက်ပြီး Senior Coach တချို့မှလဲ သင်ကြားပေးသွားမှာဖြစ်သလို၊ ကျွန်တော်တို့ ဖန်တီးထားတဲ့ Online နှင့် Offline training များကို လေ့လာရပါမယ်။​

 

Internship ကာကလေးလဖြစ်ပါတယ်။ ဒီလေးလကတော့ Work from Home ဖြစ်ပါတယ်။ Internship ကာလမှာ Internet နဲ့လေ့လာနိုင်အောင် 50,000 MMK allowance စီစဥ်ထားပေးပါတယ်။ Computer နဲ့ အလုပ်လုပ်လို့ရတဲ့ internet connection ရှိရပါမယ်။ ကလေးတွေကို ချစ်တတ်ဖို့၊ စေတနာထားတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ရုံးချိန် 12 pm to 8 pm အတွင်းဖြစ်ပြီး Monday တစ်ရက် Off ပါတယ်။ တက္ကသိုလ်တက်နေရင်း Nyan Htet Coach ဖြစ်ချင်တယ်ဆိုတဲ့သူတွေကို ကန့်သတ်မထားပါဘူး။ Nyan Htet Intern Coach ကို လျှောက်ထားနိုင်ပါတယ်။​

Salary/Allowance

50,000 MMKs Ks

Please Login to Nyan Htet Intern Coach

or

Apply Job