Underground Marketing ဆိုတာ

Corporate တွေမှာ လုပ်တဲ့ marketing တွေနဲ့ မတူတာကတော့ Underground marketing တွေပါ။ တစ်ကိုယ်ရည် internet marketer တွေလုပ်လေ့ရှိကြတယ်။ အသုံးပြုတဲ့ tactics အများစုကတော့ growth-hacking techniques ပေါ့။ Data + Psychology + Behavior + Rapid experimentation တွေပေါင်းပြီး ကုန်ပစ္စည်းတစ်ခုကို စျေးကွက်မှာ ကုန်ကျစရိတ်နည်းနည်းနဲ့ ပေါက်အောင် လုပ်ကြတယ်။
ဒီလိုပေါက်အောင်လုပ်တဲ့ နေရာမှာ Organic ကိုအားပြုတဲ့ဖက်ရှိသလို Paid Traffic ကိုအားသာတဲ့အဖွဲ့ဆိုပြီး နှစ်ပိုင်းပြန်ရှိတယ်။ Organic ကို အသားပေးတဲ့ဖက်ခြမ်းအယူအဆကတော့ content တွေတင် engage လုပ်တဲ့အပိုင်းကို အားထည့်ကြပြီး၊ Paid Traffic အားသာတဲ့ အခြမ်းက သူတို့ရဲ့ ကြော်ငြာတွေကို optimize လုပ်တဲ့အပိုင်းကိုပဲ အားထည့်ကြတယ်။
ကျွန်တော်ကတော့ အယူအဆနှစ်ခုစလုံးကို တစ်ဖက်သတ်​ယူပြီးစမ်းဖူးတယ်။ Paid Traffic က Platform တစ်ခု mature မဖြစ်ခင်မှာ အရမ်းအသုံးဝင်တယ်။​ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုးပြောင်းပေးခဲ့တဲ့အရာဆိုလဲ မမှားဘူး။
နောက်တစ်ခုက Organic Traffic ကတော့ platform တစ်ခု mature ဖြစ်ပြီး ကြော်ငြာစရိတ်စျေးကြီးလာတဲ့အခါ ဒီနည်းကို လက်ကိုင်ထားဖို့လိုတယ်။ Clickfunnel ရဲ့ co-founder ဖြစ်တဲ့ Russell Brunson ကိုလေ့လာကြည့်ပါ။
Sapwar.com 
Marketing System for Sustainable Growth

Please Login to Underground Marketing ဆိုတာ

or