Marketing ကို အရင်က ဖောက်သည်တွေ လိုချင်တာ၊ လိုအပ်တာကို ရှာဖွေဖော်ထုတ်ပြီး company ရော၊ customer ပါ အကျိုးအမြတ်ရှိအောင်လုပ်ဆောင်တာကို ခေါ်တယ်လို့ ဆိုခဲ့ကြပါတယ်။ဒီနေ့ခေတ် marketing ရဲ့ အဓိပ္ပာယ်က ဖောက်သည်တွေနဲ့ တစ်သားတည်းကျအောင် ဖန်တီးလုပ်ကိုင်ပြီး အကျိုးအမြတ်ရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်တာကို ခေါ်သတဲ့။တစ်သားတည်းကျဖို့အတွက် ဖောက်သည်တွေ၊ အလားအလာရှိတဲ့ ဖောက်သည်တွေ ဘယ်လိုစဥ်းစားနေလဲ၊ ဘာတွေခံစားရလဲဆိုတာ သိဖို့လိုပါတယ်။ ဒီလိုလုပ်ဖို့ research လုပ်ရပါတယ်။ Facebook newsfeed ပွတ်တာလဲ research ဖြစ်နိုင်သလို၊ comment တွေကို လိုက်ဖတ်တာလဲ research ဖြစ်နိုင်ပါတယ်။ ဒီလို ဖောက်သည်တွေအကြောင်းလေ့လာပြီး စာနာစိတ်ရှိရှိနဲ့ တစ်သားတည်းကျအောင် နေထိုင်ဖို့လိုပါတယ်။(အလားအလာရှိတဲ့) ဖောက်သည်တွေ စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ်က ပျော်တဲ့ အကြောင်းတွေ၊ မြူးမြူးကြွကြွ music တွေနဲ့ ကြော်ငြာတွေ၊ content တွေလုပ်ဆောင်နေလို့ အဆင်မပြေပါဘူး။ သူတို့ ပျော်ရွင်နေတဲ့အချိန် ကိုယ်က boring ဖြစ်နေလို့မရပါဘူး။ဒီနေ့လို အချိန်မှာ covid-19 တတိယလှိုင်း၊ coup နဲ့ ပြည်တွင်းစစ် civil war ကို စိုးရိမ်မှုတွေ၊ နေ့စဥ် သတင်းတွေက marketing လုပ်ဆောင်မှုကို များစွာလွမ်းမိုးမှုရှိပါတယ်။ကိုယ့် target audience က လူငယ်၊ လူလတ်ပိုင်းတွေဖြစ်ပြီး သူတို့အချစ်ဆုံးအဆိုတော် ရုတ်တရက် ကွယ်လွန်ချိန်မှာ သတ်မှတ်ထားတဲ့ content calendar ထဲကအတိုင်း တင်နေလို့မရပါဘူး။ reschedule ပြန်လုပ်ဖို့လိုပါတယ်။အချုပ်ဆိုရမယ်ဆိုရင် marketing ဆိုတာ ဖောက်သည်နဲ့ ဆက်ဆံရေးတည်ဆောက်ရေးလုပ်ငန်းစဥ်ပါ။ သူတို့က မဆက်သွယ်စေချင်တဲ့အချိန်ဆို သွားမဆက်သွယ်ပါနဲ့။ အခြေအနေကြည့်ပါ။ စမ်းသပ်မှုပြုလုပ်ပါ။ တစ်သားတည်းဖြစ်နေဖို့လိုပါတယ်။ ဒါကြောင့် သတိနဲ့အမြဲလေ့လာနေပါ။ စာနာစိတ်ထားပါ။Sapwar.com – Marketing for Explosive Growth
 
				 
															 
								 
				 
								
You don't permission to access this content. Please SUBSCRIBE here.