Copywriting ကြော်ငြာရေးနည်းတိုတိုတုတ်တုတ်ပြောရရင် Salesmanship in Print လို့ခေါ်ပါတယ်။ Print ဆိုတာ သတင်းစာတွေ၊ Magazine တွေကိုခေါ်တာပါ။
Copywriting ဆိုတာစာရေးပြီးလူတွေဝယ်အောင်လုပ်တာဖြစ်ပါတယ်။ ကြော်ငြာရေးခြင်းရဲ့ကောင်းတဲ့အချက်က တစ်ခါရေးပြီး လူအများကြီးကို ပြသရောင်းချလို့ရတာဖြစ်ပါတယ်။ ဒါကြောင့် ထပ်ခါထပ်ခါ ပြန်ပြောနေစရာမလိုတော့ဘူး။အရင်ခေတ် အိမ်တွေကိုတိုက်ရိုက်စာတွေပို့ပြီးရောင်းတာကို sales letter လို့ခေါ်ပါတယ်။ နောက်ပိုင်း လူတွေ email သုံးလာတော့ email ကတဆင့် offer တွေလုပ်ကြပါတယ်။
သတင်းစာတွေအပြင် ခုနောက်ပိုင်း Social Media တွေကနေပါ ကြော်ငြာလာကြတဲ့အတွက် copywriting ကြော်ငြာရေးခြင်းဟာ ပိုလို့တွင်ကျယ်လာပါတယ်။ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတိုင်းက စာအရှည်ကြီးရေးစရာမလိုပါဘူး။ တခါတလေ headline ခေါင်းကြီးပိုင်းနဲ့တင်ပြီးပါတယ်။ ဒီလိုရေးတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားမှုရအောင် Formula တွေရှိပါတယ်။
ဒီနေ့ပြောပြချင်တဲ့ ခေါင်းကြီးပိုင်းရေးနည်း Formula ကတော့ H.O.T ဖြစ်ပါတယ်။
1. Hook Attention
Hook ဆိုတာ ချိပ်ကိုခေါ်တာပါ။ လူတွေရဲ့ attention ရဖို့ စိတ်ခံစားမှုကိုတူးဆွဖို့၊ ဒါမှမဟုတ် မက်လုံးတစ်ခုနဲ့လာပါတယ်။ စိတ်ခံစားမှုဆိုတဲ့နေရာမှာ ပျော်ရွင်စိတ်၊ ကြောက်စိတ်၊ လွမ်းတတဖြစ်စိတ်၊ မပါဝင်လိုက်ရမှာကြောက်တဲ့စိတ် FOMO (Fear of Missing Out) လို့ခေါ်ပါတယ်။ အစရှိတဲ့ စိတ်ခံစားမှုတွေပေါ်အောင်လုပ်ပါတယ်။ နောက်နည်းတစ်ခုက promise ကတိပေးတာဖြစ်ပါတယ်။ ဥပမာ ဘောက်ဆိုတာ မှိုရောဂါတစ်မျိုးပါဆိုတာမျိုးဟာ fear ကို provoke လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ GMP (Guerrilla Marketing Plan) မှာ အသုံးပြုခဲ့တာကတော့ “စရိတ်နည်းပါး၊ ထိရောက်မှုဆပွား” Guerrrilla ပါ။(တခြားဥပမာတွေလဲ အများကြီးရှိပါသေးတယ်။ စဥ်းစားမိတာတွေရှိရင် comment မှာ ရေးသွားနိုင်ပါတယ်။)
2. Open A Loop ပါ။
လူတွေစိတ်ဝင်စားအောင်၊ ထပ်ဖတ်ချင်အောင်လုပ်တာဖြစ်ပါတယ်။ လူတွေမှာ စူးစမ်းလေ့လာလိုစိတ် curosity ကိုအသုံးချတာဖြစ်ပါတယ်။
3. Target Your Audience
“ဘယ်သူတွေ” ကိုပြောနေတာလဲဆိုတာ သေချာသိဖို့လိုပါတယ်။ ကိုယ့်ကြော်ငြာဖတ်တဲ့သူတွေရဲ့ စိတ်ဆန္ဒတွေ၊ နာကျင်မှုနဲ့ သူတို့ဘယ်သူတွေဆိုတာသေချာသိမှု heart ထိတဲ့ကြော်ငြာတစ်ခုရေးနိုင်မှာဖြစ်ပါတယ်။
ဥပမာ 
 Marketing စတင်လေ့လာဖို့ လမ်းပျောက်ပြီး စိတ်ညစ်နေပြီလား? Marketing အခြေခံမှစ Diploma သင်တန်းများထိ Course ပေါင်း 20 ကျော်လေ့လာလို့ရတဲ့ ToeTet ရှိနေပါပြီ။ ဒါကြောင့် Marketing Professional တစ်ယောက်အနေနဲ့ရပ်တည်ဖို့ ယခုပဲ စတင်လေ့လာလိုက်ပါ။
Marketing စတင်လေ့လာဖို့ လမ်းပျောက်ပြီး စိတ်ညစ်နေပြီလား? Marketing အခြေခံမှစ Diploma သင်တန်းများထိ Course ပေါင်း 20 ကျော်လေ့လာလို့ရတဲ့ ToeTet ရှိနေပါပြီ။ ဒါကြောင့် Marketing Professional တစ်ယောက်အနေနဲ့ရပ်တည်ဖို့ ယခုပဲ စတင်လေ့လာလိုက်ပါ။
❤
www.toetet.com????HOT Framework ကိုအသုံးပြီး အထက်က ဥပမာကို ပိုကောင်းအောင် comment ပေးကြပါအုံး။
Sapwar.com
Marketing System for Sustainable Growth
 
				 
															 
								 
				 
								 
								
You don't permission to access this content. Please SUBSCRIBE here.