Facebook ကြော်ငြာ

စရိတ်နည်းနည်းနဲ့ Facebook ကြော်ငြာလုပ်ဖို့ အချက် ၈ ချက်
၁။ Video တွေတင်ပါ။ ကိုယ့် Video ကြည့်တဲ့နှုန်းမများရင် Boost လုပ်ပါ။ နောက် ဒီ Video ကို ၂၅% နဲ့အထက် ကြည့်သွားတဲ့သူတွေကို retargeting ပြန်လုပ်ပါ။
၂။ Lead တွေကို Qualified လုပ်ပါ။ စုံစမ်းမေးမြန်းမှုတွေရောက်လာတိုင်း ဒီစုံစမ်းမေးမြန်းမှုတွေကို category ခွဲပါ။ ဥပမာ ကိုယ်က Business တွေကို service ပေးနေတဲ့သူဆို လုပ်ငန်းအခုမှ စတင်မှလား၊ လုပ်ငန်းစတင်ပြီးသားလား၊ ငါးနှစ်အထက်ရှိနေတဲ့လုပ်ငန်းလား။ နာမည်နဲ့ email ကို excel မှာမှတ် ပြီးရင် retargeting ပြန်လုပ်ပါ။
၃။ ကိုယ့်ရဲ့ ပေါက်တဲ့ Video နဲ့ Page Like run ပါ။ တချို့အရမ်းပေါက်တဲ့ Video နဲ့ Page Like run တဲ့အခါ Like 100,000 ကို သုံးလေးသောင်းလောက်နဲ့ရနိုင်ပါတယ်။ သူ့မှာလဲ saturated ဖြစ်တဲ့ point တစ်ခုရှိတာကိုတော့သတိထားပါ။
၄။ စကားပြောခိုင်းပါ။ Comment ထဲမှာ conversation ဖြစ်လေလေ အပေါ်ပြန်ရောက်လေလေ ဖြစ်တဲ့အတွက် comment session မှာ စကားပြောခိုင်းပါ။
၅။ စုံစမ်းမေးမြန်းမှုတိုင်းကို ရွှေလို့မှတ်ပါ။ နာမည်၊ ဖုန်းနံပတ်၊ email နဲ့ စုံစမ်းမေးမြန်မှုအကြောင်းသေချာမှတ်ထားပါ။ နောက် retargeting ပြန်လုပ်ပါ။
၆။ ကုန်ပစ္စည်းကြော်ငြာတဲ့အခါ ဘယ်သူတွေအတွက်လဲ၊ ဘယ်သူတွေအတွက်မဟုတ်ဘူးလဲ၊ ဘာတွေကောင်းသလဲ၊ ဘာတွေအားနည်းသလဲ သေချာပြောပြထားရင် expectation ကို manage လုပ်နိုင်တဲ့အတွက် ပြန်လာဝယ်နှုန်းများပါတယ်။
၇။ ကိုယ်ရောင်းချင်တဲ့ အရာကို ကြော်ငြာရေးတဲ့အခါ သုံးလေးခါလောက်အနည်းဆုံးထည့်ရေးပါ။ ဒါဟာ မသိစိတ်ကို လှုံ့ဆောက်တဲ့အတွက် ဝယ်နှုန်းပိုမြင့်ပါတယ်။
၈။ ပုံပြောပါ။​ Social Media storytelling အရေးကြီးပါတယ်။​ ပုံပြင်ဆိုတာ ဖောက်သည်အကြောင်း၊ ကိုယ့်ရဲ့ တစ်ရက်တာအကြောင်းဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Cold Customer ကနေ Warm Customer ကို တစ်ခါတည်းပြောင်းလာပါတယ်။
Sapwar.com 
Marketing Systemfor Sustainable  Growth

Please Login to Facebook ကြော်ငြာ

or