CAC နဲ့ CLV ကိုသိပါ။

အရမ်းရိုးရှင်းပါတယ်။ customer မရှိရင် company မရှိပါဘူး။ Customer ရှိဖို့ ဖောက်သည်လိုချင်တာ၊ လိုအပ်တာသိရသလို ဖောက်သည်ရရှိဖို့ ငွေအနည်းနဲ့အများဆိုသလို အသုံးပြုရပါတယ်။ ဒါကို Customer acquistion cost (CAC) လို့ခေါ်ပါတယ်။ ဖောက်သည်တစ်ယောက်ရဖို့ ကုန်ကျငွေပေါ့။
အရင်က ဒီ CAC က အရမ်းနည်းတယ်။ အကြောင်းအရင်းက လူတွေ Facebook စသုံးတဲ့အခါ အသစ်ဖြစ်တော့ ရင်ခုန်တာရယ် ကြော်ငြာတွေအရမ်းကြီးမများနေသေးတာရယ်ကြောင့်ဖြစ်ပါတယ်။ နောက်ပိုင်း လူတွေက Facebook ကြော်ငြာတွေနဲ့ ရင်ပါးလာတယ်။ Facebook မှာ ကြော်ငြာအပြိုင်အဆိုင်လုပ်လာကြတော့ ကြော်ငြာစရိတ်မြင့်တက်လာတယ်။ ဒီတော့ CAC စရိတ်မြင့်တတ််လာတယ်။
အဲ့တော့လူတွေက CAC စရိတ်နည်းအောင် ကြော်ငြာရေးနည်းတွေ၊ ကြော်ငြာနည်းတွေလေ့လာကြတယ်။ ရေတိုအဆင်ပြေကြပေမယ့် ကိုယ့်ပြိုင်ဖက်တွေကလဲ ဒီနည်းကိုသိလာတော့ သူတို့လဲ ဒီအတိုင်းရေးလာနိုင်တယ်။ ဒီတော့ CAC က ပြန်တက်လာတယ်။ ဒါကြောင့် သုံးပွင့်ဆိုင် 3C ဖြစ်တဲ့ Customer, Company နဲ့ Competitor ကို ထည့်သွင်းစဥ်းစားရခြင်းဖြစ်ပါတယ်။
တစ်ချို့လုပ်ငန်းတွေက ဖောက်သည်တစ်ယောက်လာရင် လာလာချင်းအမြတ်ငွေများတယ်။ တချို့လုပ်ငန်းတွေက နည်းတယ်။ များတဲ့ လုပ်ငန်းတွေအတွက် ဒီ ဖောက်သည်တစ်ယောက်ရဖို့ ကုန်ကျစရိတ် CAC က ပထမဝယ်ယူမှု first time purchase မှာတင်အမြတ်ရတယ်။ တချို့က အမြတ်နည်းတယ်။ တချို့က မရဘူး။ တချို့က ရှုံးတယ်။ ဥပမာ online shop တချို့အတွက် ဖောက်သည်အသစ်တစ်ယောက်ရဖို့ $3 ကုန်သွားတယ်ဆိုပါစို့။ တစ်ခါဝယ်တဲ့အတွက် အမြတ်ငွေက ၄ ထောင်ရရင်ကိုရှုံးတယ်။ ဒီတော့ မကိုက်ဘူးဆိုတာဖြစ်သွားတယ်။
ဒီတော့ ကျွန်တော်တို့စဥ်းစားရမှာ ရေတိုအတွက် CAC ကိုဘယ်လိုလျော့ချမလဲ။ ကြော်ငြာတဲ့ပုံစံကို ပိုကောင်းအောင်လုပ်မလား။ ရှိပြီးသားဖောက်သည်တွေကို မိတ်ဆက်ခိုင်းတဲ့အတွက် discount ပဲပေးလိုက်မလား။ Content Marketing ကိုစလုပ်မလား။ ဒါမှမဟုတ် ကုန်ပစ္စည်းနောက်တစ်ခုကို upsell/cross-sell လုပ်မလား။ ဒါမှ မဟုတ် ပထမတစ်ခါအရှုံးခံပြီး second time purchase ဖြစ်အောင်လုပ်မလား။ ဒါတွေစဥ်းစားဖို့လိုလာပြီ။
ထပ်ပြီးပြန်သုံးသပ်လို့ရတာ ကိုယ်ရောင်းတဲ့ပစ္စည်းက ဖောက်သည်တွေအတွက် မလိုအပ်လို့များလား၊ မလိုချင်လို့များလား၊ ဒါမှမဟုတ် ငါလုပ်တဲ့ business model မှားနေလို့လား၊ ငါနဲ့ လုပ်ငန်းတူတွေကော လက်ရှိမှာ ကြော်ငြာနေလား၊ အလုပ်ဖြစ်နေလားပြန်စဥ်းစားရပါတယ်။
တကယ်လို့ ကိုယ့်ဆီမှာ တစ်ခါဝယ်ပြီး ထပ်ခါထပ်ခါ ပြန်ဝယ်တဲ့ repeated purchase များတယ်ဆို first time ကြော်ငြာမှာရှုံးပေမယ့် ကြော်ငြာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ customer lifetime value ကြောင့်ဖြစ်ပါတယ်။
Ok.. ဒီစာလေးကိုဖတ်နေတဲ့မိတ်ဆွေကို အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ ဒါလေးဖတ်ပြီး ဘာတွေစဥ်းစားမိလဲ comment မှာမျှဝေခဲ့ပါအုံး။
Sapwar.com – Marketing System for Sustainable Growth

Please Login to CAC နဲ့ CLV ကိုသိပါ။

or