လုပ်ငန်းရှင်များ Marketing လုပ်ခိုင်းတဲ့အခါ

ဒီနေ့လို အပြောင်းလဲမြန်တဲ့ခေတ်မှာ SME လုပ်ငန်းတွေမှာ Guerrilla Marketer တစ်ယောက်လိုတယ်လို့မြင်တယ်။ Marketing Budget သတ်မှတ်ပေးလိုက်။ Agreed Goal သတ်မှတ်ပေးလိုက်။ ကျန်တာသူ Brainstrom လုပ်ရမယ်။
လုပ်ငန်းတွေမှာ အဓိကကျတဲ့အချက်တွေရှိတယ်။ ABCDEFGHI လို့မှတ်လို့ရတယ်။
  1. Aggressiveness လုပ်ငန်းတစ်ခုရဲ့ Marketing department က ဘယ်လောက် တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်သလဲ?
  2. Behavior ကိုယ့်ရဲ့အပြုအမူတိုင်းဟာ Marketing လို့နားလည်သလား? ဥပမာဗျာ Everything you do is marketing.
  3. Consistency လုပ်ချင်တဲ့အချိန်မှ ထလုပ်လို့မရဘူး။ အမြဲတစေ consistent ဖြစ်ဖြစ်လုပ်ဆောင်သွားရမယ်။ ကောက်ရိုးမီးမရဘူး။ Social Media မှာ Post တင်တယ်ဆိုပါတော့ တင်ချင်မှထတင်လို့မရဘူး။ တစ်ရက်တစ်ခုတင်မယ်ဆို အမြဲတင်နိုင်ရမယ်။
  4. Direction လမ်းကြောင်းဝေ့သွားလို့မရဘူး။ ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းဟာ ကိုယ့် organization သွားချင်တဲ့ direction အတိုင်းဖြစ်ရမယ်။
  5. Emotion တွေကိုအသားပေးရမယ်။ Customer Birthday မှာ personalized message ပို့နိုင်ရမယ်။ Customer ရဲ့ lifetime value ပိုများလေလေ အထိမ်းအမှတ်နေ့တွေ Relationship တည်ဆောက်ဖို့ ပိုအရေးကြီးလေလေပဲဆိုတာသိရမယ်။ ဖောက်သည်ဖက်ကနေပြီး အမြဲစဉ်းစားရမယ်။
  6. Follow-up လုပ်ဖို့လိုတယ်။ Money is in the follow-up လို့ပြောကြတယ်။ Sales funnel သိရမယ်။ In-up-max သိရမယ်။ ဖောက်သည်မဖြစ်သေးရင် Cold customer, Warm customer နဲ့ Hot Customer သိရမယ်။
  7. Goal မရှိလို့မရတဲ့အရာဖြစ်တယ်။ SMART ဖြစ်ရမယ်။ Begin with the end in mind ပါ။ Written ဖြစ်ရမယ်။
  8. High Energy မားကတ်တင်းလုပ်ပြီး ပျင်းနေတဲ့ပုံပေါက်နေလို့မရပါဘူး။ high level energy လိုတယ်။ ဒါရှိမှ new idea နဲ့ creation အသစ်တွေ lead generation ဘယ်လိုလုပ်ရမလဲသိမှာပါ။
  9. Intentional နောက်ဆုံး စင်ပေါ်ကစကားပြောရင်ဖြစ်ဖြစ်၊ လူတွေနဲ့စကားပြောရင်ဖြစ်ဖြစ် ကိုယ်ပေးချင်တဲ့ message ကိုသွေဖယ်သွားလို့မရဘူး။ ကိုယ့်လုပ်ငန်းက Project လုပ်ချင်တဲ့ message ကိုသိရမယ်။ စကားပြောတိုင်း ပြောတဲ့ရည်ရွယ်ချက်ကိုသိရမယ်။ Marketing Communication လုပ်တိုင်း ရည်ရွယ်ချင်ရှိရှိလုပ်ဖို့လိုတယ်။
Marketing သမားတစ်ယောက်အလုပ်လာလျှောက်ရင် CAC -customer acquisition cost နဲ့ lifetime value ကြားဖူးလားလောက်တော့မေးပါ။ မကြားဖူးရင် Marketing အလုပ်ခန့်ဖို့ တော်တော်စဉ်းစားရပါမယ်။
Marketing သမားတစ်ယောက်ရဲ့ အဓိက တာဝန်တစ်ခုတည်းကိုပြောပါဆိုရင် lead generation စုံစမ်းမေးမြန်းမှုတွေများလာဖို့ဖြစ်တယ်။
Sapwar.com
Marketing System for Sustainable Growth

Please Login to လုပ်ငန်းရှင်များ Marketing လုပ်ခိုင်းတဲ့အခါ

or