ကြော်ငြာပြီး အလုပ်မဖြစ်ဘူးလား?

ကြော်ငြာစရိတ်တွေ ကုန်ပြီး ခြေကုန်လက်ပန်းကျနေချိန်မှာ Marketing ကို တကယ်၊ တတ်သိနားလည်သူတွေက Organic reach တွေနဲ့ အလုပ်ဖြစ်နေကြပြီ။
Marketing မှာ အရေးအကြီးဆုံးထဲက တစ်ချက်က စျေးကွက်ထက်၊ ပြိုက်ဖက်ထက် ခြေလှမ်းစောနေဖို့ပဲဖြစ်တယ်။ လူအများစုက audience insight ရွေးနည်း၊ Facebook Manager သုံးနည်း၊ ကြော်ငြာရေးနည်း၊ Boost ထုနည်း အစရှိတာတွေ လူအများကြီးနဲ့ အတူတကွလေ့လာနေပြီဆို သင်နောက်ကျနေပြီလို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။
ဒီတော့ ဘာလုပ်ဖို့လိုသလဲဆို သူတို့လေ့လာနေတဲ့ အခြေခံကိုလဲလေ့လာ၊ နောက်အနာဂတ်မှာဖြစ်နိုင်ခြေကိုလဲ လေ့လာပြင်ဆင်ထားဖို့လိုပါတယ်။
Marketing မှာ ကြော်ငြာရေးနည်း copywriting တို့၊ content marketing တို့၊ SEO, SEM, social media marketing တို့ကို ပြောသူများပေမယ့် တကယ် မဟာဗျူဟာကျကျ လက်တွေ့အကောင်အထည်ဖော်တတ်သူ များများစားစားမရှိလှဘူးဆိုတာ မိတ်ဆွေသိပြီးဖြစ်မှာပါ။
ဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းကတော့ content marketing ပဲဖြစ်ပါတယ်။ မားတက်တင်းဆိုတာ ဖောက်သည်နဲ့ အကျိုးအမြတ်ရှိတဲ့ “ရေရှည်ဆက်ဆံရေး” ကိုတည်ဆောက်တာဖြစ်ပါတယ်။ ရေရှည်ဆက်ဆံရေးတည်ဆောက်တာဖြစ်တဲ့အတွက် ထိုးရောင်းဖို့၊ မတည်နိုင်တဲ့ ကတိတွေအကြီးကြီးပေးတာမျိုးတို့ ရှောင်ရှားရပါတယ်။ ကိုယ်ပြောတဲ့ ကတိကို တည်အောင်လုပ်ဖို့လိုသလို၊ ကိုယ့်ကိုကိုယ် ဖောက်သည်ရဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ media company တစ်ခုလိုစဥ်းစားဖို့လိုပါတယ်။
Jyske Bank ဆိုတဲ့ Denmark အခြေစိုက် bank က sport team တွေမှာ ငွေသန်းပေါင်းများစွာသုံးလာရာက content marketing မဟာဗျူဟာကိုပြောင်းခဲ့တယ်။ လူသန်းပေါင်းများစွာကို ကြော်ငြာစရိတ်မလိုပဲ ကိုယ့် ဖောက်သည်တွေဖြစ်စေခဲ့တယ်။ ဒါကြောင့် We are the only media company with its own bank တဲ့။
ကိုယ်က e-commerce (online shopping) ပဲလုပ်လုပ်၊ သင်တန်းလို information product ပဲရောင်းရောင်း၊ Consulting လို့ ဥာဏအလုပ်ပဲလုပ်လုပ် ကြော်ငြာတစ်ခုတည်းနဲ့ ရေရှည်ရပ်တည်ဖို့ မလွယ်ပါဘူး။ ကိုယ့် competitor လဲ ကိုယ့်လိုလိုက်ကြော်ငြာနိုင်ပါတယ်။ အထူးသဖြင့် ဒီနေ့လို Covid-19 နဲ့ coup ကာလမှာ အရင်ထက်ပိုခက်ခဲပါတယ်။
Content Marketing စတင်လုပ်ဆောင်ဖို့ ကိုယ့်လုပ်ငန်းရဲ့ content marketing mission statement ကို ရေးချထားဖို့လိုပါတယ်။ ဥပမာ ကျွန်တော့် Page ကိုစတုန်းက content marketing mission statement က company တွေနဲ့ working professional တွေရဲ့ productivity နဲ့ profit ကိုတိုးတက်အောင် bitesize contents တွေတင်ပြီးကူညီပေးဖို့ဖြစ်ပါတယ်။ ဒီပေါ်မှာမူတည်ပြီး business model နဲ့ business strategy တွေကို ရုပ်လုံးဖော်ပါတယ်။
jab, jab, jab, right hook ဆိုတဲ့ Garyvee ရဲ့ စာအုပ်လဲရှိပါတယ်။ Give, give, give, offer တဲ့။ လူတွေအကျိုးရှိစေတဲ့ contents တွေကိုစေတနာသန့်သန့်နဲ့ပေးပါ။ 4:1 ဆိုတဲ့ formula လဲအသုံးများကြပါတယ်။ contents လေးခုပြီးရင် ကြော်ငြာ copy တစ်ခုလာတာမျိုးကိုခေါ်တာပါ။ Facebook တောင်မှ ဒီနည်းကို အသုံးပြုထားတယ်။ ကိုယ့် newfeed မှာ ကြည့်ကြည့်ပါ။ သာမာန် post လေးခုပြီးရင် sponsored post တစ်ခုလာပါလိမ့်မယ်။
အခုအချိန်မှာ စလုပ်ရင် အချိန်မီပါသေးတယ်။ Content marketing မှာ မာရသွန်ပြေးရတဲ့ပွဲပါ။ ရေတိုအပြေးပြိုင်ပွဲမဟုတ်ပါဘူး။ ဒီ post လေးက မိတ်ဆွေအတွက်အကျိုးရှိစေတဲ့ မားကတ်တင်းအတွေးအခေါ်တစ်ခုရစေလိမ့်မယ်လို့ ယုံကြည်ပါတယ်။
Sapwar.com – Marketing System for Sustainable Growth

Please Login to ကြော်ငြာပြီး အလုပ်မဖြစ်ဘူးလား?

or