မားကတ်တင်းမှာ “အထာ” အရေးကြီးတာတယ်။ တစ်ခေါက်က စလုံးမှာ Cisco partner ပွဲတစ်ပွဲသွားတတ်တော့ ပန်းဆိုင်တစ်ဆိုင်က အစ်မနဲ့စကားပြောဖြစ်ပြီး သူ့လုပ်ငန်းကိုတိုးတက်အောင် social media အသုံးပြုပြီး ဘယ်လိုလုပ်သွားကြောင်းပြောတော့ ကျွန်တော်တို့နိုင်ငံရဲ့ SME တွေက သူတို့ level ရောက်ဖို့ နှစ်တချို့လိုသေးတယ်လို့ စဥ်းစားမိတယ်။ ဒါပေမယ့် mobile internet နဲ့အတူ ခဏအတွင်းရောက်ခဲ့တယ်။
B2B, B2C နဲ့ လုပ်ငန်းအလိုက် မားကတ်တင်းမှာ “အထာ” ရှိတယ်။ တခါတလေ Corporate လောကမှာ marketing လောကမှာကျင်လည်ခဲ့တဲ့သူတစ်ယောက်က ကိုယ်တိုင်လုပ်ငန်းစတင်တော့ မားကတ်တင်းလုပ်တဲ့အခါ ခက်တတ်သလို၊ SME အပိုင်းမှာလုပ်ကိုင်နေတဲ့သူတစ်ယောက်က Corporate marketing ပြောတဲ့ marketing metrics တွေကြားမှာ တိုင်ပတ်နေနိုင်တယ်။
လုပ်ငန်းတစ်ခုမှာ Marketing funnel ဆိုတာရှိပါတယ်။ ဖောက်သည်တကို ဘယ်လိုဆွဲဆောင်မလဲ၊ ရောင်းမလဲ၊ ထပ်ရောင်းမလဲ၊ တခြားသူတွေကိုယ့်လုပ်ငန်းမိတ်ဆက်ဖို့ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းပါ။
ငယ်ငယ်က သားအကြီးဆုံးဖြစ်တော့ စျေးထဲမှာစျေးရောင်းရင်းကြီးတယ်။ လူတွေကိုယ့်လုပ်ငန်းကို စိတ်ဝင်စားဖို့အတွက် အထည်အခင်းအကျင်းကို ဂရုစိုက်ရတယ်။ Appearance ကောင်းမှ စိတ်ဝင်စရာကောင်းပြီး လူတွေက ကိုယ့်ဆိုင်ကို သတိပြုမိမှာမဟုတ်လား။
နောက် ဆိုင်ရှေ့ကဖြတ်သွားတဲ့ ကိုယ့်ဆိုင်ကိုကြည့်တဲ့သူတွေကို “မင်္ဂလာပါ။ ဘာရှာလဲ အစ်ကို၊ အစ်မ ဆိုပြီး” ဆိုင်ထဲကို welcome လုပ်တယ်။ နောက်သူလိုအပ်တဲ့ ပစ္စည်းတွေမေးပြီးရောင်းတယ်။ ရောင်းပြီးဆက်စပ်ပစ္စည်းတွေ ထပ်ရောင်းတယ်။ ဥပမာ အင်္ကျီဝယ်တဲ့သူကို ပုဆိုးရောင်းတာမျိုး။ အဲ့အချိန်က ဒါကို cross-selling/ upselling လုပ်တယ်ဆိုတာမသိခဲ့ဘူး။ (Cross-selling ဆိုတာ အမျိုးမတူတဲ့ပစ္စည်းကိုရောင်းတာ၊ Upselling ဆိုတာ ၁ ခုဝယ်မည့်ပစ္စည်းကို ၂ ခု ၃ ခု အစရှိသည် ပိုဝယ်အောင်ရောင်းတာ)
နောက်ဆုံးငွေရှင်းပြီးသွားရင် ကျေးဇူးတင်ပါတယ်။ နောက်ကြုံလဲလာဝယ်ပါနော်။ တခြားမိတ်ဆွေတွေရှိရင်လဲ ပြောပြပေးပါနော်။ နှုတ်ဆက်တယ်။ ဒါကို referral လို့ခေါ်တာပေါ့။
၄ တန်းမှာ စရောင်းတဲ့ဆိုင်က ကိုယ့်အသက်ကြီးလေလေ ဆိုင်ကကြီးလေလေဖြစ်လာခဲ့တယ်။ မှတ်မှတ်ရရအဲ့ဒီအချိန် ဒွေးပုဆိုဆို ၃၈၀ ကျပ်၊ သောပုဆိုးဆို ၅၀၀ ခေတ်ကပေါ့။
အထက်ကအဆင့်တွေကို marketing funnel လို့ခေါ်တယ်။ ဒီနေ့ခေတ် ကိုယ့်ရဲ့ post ကိုလူတွေတွေ့အောင်လုပ်တာ (Reach)၊ လူတွေ စိတ်ဝင်စားပြီး click နှိပ်အောင်လုပ်တာ (engagement)၊ လူတွေ မေးမြန်းချင်အောင်လုပ်တာ (lead)၊ လူတွေဝယ်ဖို့လွယ်ကူအောင်စီစဥ်ပေးထားတာ (sales conversion)၊ နောက်လူတွေကိုယ်ဝယ်ကြောင်း social media မှာ share ချင်အောင်လုပ်တာ (referral) ဖြစ်ပါတယ်။ ခေတ်တွေပြောင်းသွားပေမယ့် အခြေခံသဘောတရားကတော့အတူတူပါပဲ။ ဒါပေမယ့် အထာလေးတွေပြောင်းသွားခဲ့တယ်။
ဒီစာလေးကို ဖတ်နေတဲ့မိတ်ဆွေအနေနဲ့ ကိုယ်လုပ်နေတဲ့ marketing ကိုအထာကို သိပြီလား။ စဥ်းစားမိတာလေးတွေ comment မှာ ရေးခဲ့ပါအုံး။
Sapwar – Marketing System for Sustainable Growth
You don't permission to access this content. Please SUBSCRIBE here.