ဘာကြောင့် content marketing လုပ်သင့်သလဲ?

Content Marketing ဆိုတာ digital marketing ထဲက အလုပ်တစ်ခုဖြစ်ပါတယ်။ အများစုက content marketing ဆိုတာ စာရေးတာတစ်ခုလို့ပဲမြင်တတ်ကြတယ်။
Content ဆိုတာ ဓာတ်ပုံ၊ Video ဒါမှမဟုတ် စာတစ်ကြောင်းဖြစ်နိုင်သလို၊ design တစ်ခုဖြစ်နိုင်တယ်။ ကိုယ့် idea ကို အလားအလာရှိတဲ့ ဖောက်သည်တွေ၊ ရှိပြီးသားဖောက်သည်တွေနဲ့ communicate လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ Facebook ပေါ်မှာတင်လိုက်တာ စာသားတစ်ကြောင်းဟာ content တစ်ခုဖြစ်နိုင်သလို၊ ကိုယ့်ဆိုင်ရှေ့မှာ ချိပ်ထားတဲ့စာတစ်ကြောင်းဟာလဲ content ဖြစ်နိုင်ပါတယ်။
Content marketing လုပ်တဲ့ရည်ရွယ်ချက်က ခုနှစ်ချက်နဲ့ပြောလို့ရပါတယ်။ ၁။ လူသိအောင် ၂။ သဘောကျအောင် ၃။ ယုံကြည်အောင် ၄။ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို စမ်းကြည့်ချင်စိတ်ဖြစ်အောင် ၅။ ဝယ်ယူအောင် ၆။ ထပ်ဝယ်အောင် ၇။ တခြားသူတွေကို ပြောပြအောင် ဖြစ်ပါတယ်။
Content တိုင်းဟာ content marketing မဟုတ်ပါဘူး။ Content marketing တစ်ခုဖြစ်ဖို့ 1. Purpose 2. Audience 3. Message 4. Distribution platform 5. Review ဒီ ငါးချက်နဲ့ကြည့်ပါတယ်။ စာရေးသူရဲ့ business တစ်ဝက်လောက်ဟာ content marketing ပေါ်မူတည်ပြီး ပေါက်ဖွားလာတာဖြစ်တဲ့ အတွက် ဒီစာထဲမှာ ကိုယ့်အတွေ့အကြုံနဲ့ အတွေးအခေါ်ကို အဓိက share လုပ်ပေးသွားပါမယ်။
၁။ Purpose ကတော့ content တစ်ခုတည်ဆောက်တိုင်း အထက်ပါ ၇ ချက်ကို ဖြည့်ဆည်းပေးလားမေးကြည့်ရပါတယ်။ အရေးအကြီးဆုံးကတော့ trust and credibility အပိုင်းပါ။
၂။ လူတိုင်း ကိုယ့်ပရိသတ်မဟုတ်ပါဘူး။ ကိုယ့် audience ပေါ်မူတည်ပြီး အသုံးအနှုန်း၊ စကားပြေ၊ စကားပြောရွေးချယ်ရပါတယ်။
၃။ message အပိုင်းမှာတော့ content ရေးတဲ့အခါ စေတနာစစ်နဲ့ပေးဖို့ အရေးကြီးပါတယ်။ တခြား ကုန်ပစ္စည်းရောင်းတာတွေနဲ့ ရောလိုက်တဲ့အခါ ပေါ့သွားတတ်ပါတယ်။ (လူတွေဝယ်ချင်အောင်ရေးတာကို copywriting လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာလဲ ရေးပေးပါအုံးမယ်။)
၄။ Distribution လုပ်တဲ့အခါ Youtube မှာ တင်တဲ့ content နဲ့ facebook သို့ Tik Tok, Instagram, Linkedin အစရှိတဲ့ platform ပေါ်မူတည်ပြီး format နဲ့ context ကွာသွားနိုင်ပါတယ်။ ဒါကြောင့် distribution platform ပေါ်မူတည်ပြီး content ကို adjust ပြန်လုပ်ရပါတယ်။
၅။ Content တင်ပြီး ဒီအတိုင်းပစ်ထားလို့မရပါဘူး။ Review ပြန်လုပ်ဖို့လိုပါတယ်။ ကိုယ့်မှာ တိုင်းတာတဲ့ metrics တွေရှိရင် ဘာကြောင့် အလုပ်ဖြစ်တယ်၊ ဘာကြောင့် အလုပ်မဖြစ်ဘူး ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။
Content marketing လုပ်တဲ့အခါ အခြေခံ VCR လိုပါတယ်။ Valuable, Consistent and Relevant ပါ။ ကိုယ့် content ကို consume လုပ်တဲ့သူဟာ အကျိုးရှိသွားရမယ်။ branding and message consistent ဖြစ်ရမယ်။ နောက် ကိုယ့်အလုပ်နဲ့ content နဲ့ relevant ဖြစ်ရပါမယ်။
အရေးအကြီးဆုံး အချက်နှစ်ချက်ကတော့ Audience ကိုသေချာသိဖို့နဲ့ ကိုယ်ပြောမည့်အကြောင်းအရာ နှံ့နှံ့စပ်စပ် သုတသနလုပ်ထားဖို့၊ သိထားဖို့ဖြစ်ပါတယ်။ ဒီနှစ်ချက်မရှိရင် Trust and Credibility တည်ဆောက်လို့မလွယ်ကူပါဘူး။
Content Marketing လုပ်ကိုင်တဲ့အခါ လုပ်ငန်းအကြီး၊ အသေးပေါ်မူတည်ပြီး လိုအပ်ချက်ကွာပါတယ်။ Marketing Agency အကြီးတွေ မှာလုပ်တဲ့အခါ content ရေးတာ၊ idea generate လုပ်တာကိုပဲလုပ်ရတာရှိနိုင်သလို၊ SME လုပ်ငန်းအများစုမှာတော့ content plan, content idea နဲ့ ရေးတာအပြင် graphic အပိုင်းအတွက် သုံးရလွယ်ကူတဲ့ canva တို့လို software သုံးတတ်ဖို့လိုသလို၊ video editing မှာ အခြေခံလောက်တတ်ထားဖို့လိုပါတယ်။
Content အတွက် စာအုပ်ကောင်းကောင်းဖတ်ချင်တယ်ဆို Content Inc နဲ့ Epic content marketing ဆိုတဲ့ စာအုပ်တွေဖတ်ကြည့်ပါ။ Content strategy အကြောင်းကိုလဲ အချိန်ရရင် ရသလို share ပေးပါအုံးမယ်။
Sapwar.com – Marketing System for Sustainable Growth

Please Login to ဘာကြောင့် content marketing လုပ်သင့်သလဲ?

or