ဒီတလော Marketing Plan ကို ဘယ်လိုဆွဲမလဲ၊ Business Plan ကို ဘယ်လို ဆွဲမလဲမေးကြတယ်။
အမှန်တော့ Plan ဆွဲတယ်ဆိုတာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဆိုတာ သိဖို့လိုပါတယ်။ Marketing Plan လည်းအလားတူပါပဲ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ marketing activities တွေကို co-ordinate လုပ်ရပါတယ်။ တကယ်လို့ ကိုယ်က Company အတွက် Marketing Plan ဆွဲတယ်ဆို တခြား department တွေနဲ့တွဲအလုပ်လုပ်ရပြီ၊ Senior Management ကိုတင်ပြရပြီ။ ဒါကြောင့် အလွယ်ကူဆုံး ကျွန်တော် ကျောင်းသားဘဝက မှတ်ထားတဲ့ frame လေးနဲ့ပြသွားပါမယ်။
Marketing Plan ရေးနည်းမျိုးစုံရှိပါတယ်။ စာအုပ်အမျိုးမျိုးမှာ Format အမျိုးမျိုးနဲ့ပြောသလို၊ကိုယ့်လုပ်ငန်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်က SME လုပ်ငန်းပိုင်ရှင်ဆို Who, What, When လို မျိုး questions နဲ့တင် marketing plan တစ်ခုဖြစ်သွားနိုင်သလို စာရွက်တစ်ရွက်နဲ့လည်း marketing plan ကိုတည်ဆောက်နိုင်ပါတယ်။
အိမ်မှာ Facebook အရမ်းသုံးတဲ့ မမ များလို့ မှတ်ထားပါတယ်။ ဟုတ်ပါတယ်။ SISS MOST FB ဒီလိုအတိုကောက်မှတ်တာကို Mnemonics လို့ခေါ်ပါတယ်။ မှတ်ဉာဏ်နည်းစနစ်တစ်ခုပါ။
S – Summary (Executive Summary) သူကတော့ Plan တစ်ခုလုံးကို ခြုံပြီးရှင်းပြရတာပါ။ တစ်မျက်နှာနေ သုံးမျက်နှာလောက်ထိရှိနိုင်ပါတယ်။ ဈေးကွက်တစ်ခုလုံးအကြောင်း၊ Trend အကြောင်း၊ စားသုံးသူတွေရဲ့ပုံကို အကြမ်းဖျင်းဖော်ပြတာပါ။ Senior Management တွေက ဒီ session ကို အရင်ကြည့်ပြီးမှ ကျန်တာကိုဆက်ဖတ်ပါတယ်။
I – Introduction စားသုံးသူတွေရဲ့လိုအပ်ချက်၊ ကိုယ်လုပ်ငန်းဖြေရှင်းပေးပြီး ပေးနေတဲ့ product/services တွေ၊ အသစ်တွေ့ရှိချက်များ၊ ကိုယ်လုပ်ခဲ့တဲ့ campaign တွေနဲ့တွေ့ရှိချက်တွေ၊ ဒါတွေကို စတင်မိတ်ဆက်ပေးရတဲ့ session ပါ။
S – Situational Analysis
ကိုယ်သွားချင်တဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ လက်ရှိရောက်နေတဲ့အခြေအနေကို သုံးသတ်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်၊ ဖြစ်ပေါ်လာမည့် အခွင့်အလမ်းနဲ့ ချိန်းခြောက်မှုများကိုရေးပါ။ SWOT Analysis လုပ်ပါ။ Strength, Weakness, Opportunity & Threat. ရိုးရှင်းပေမယ့် အင်အတန်အသုံးဝင်ပါတယ်။ Strength & Weakness က company အတွင်းပိုင်းမှာပါတဲ့ လူသားအရင်းအမြစ်၊ ငွေအင်အား၊ နည်းပညာသုံးစွဲနိုင်မှု၊ ကုန်ကြမ်းရနိုင်မှု အစရှိတာတွေပါဝင်ပါတယ်။ Opportunity & Threat ကိုတော့ ပြောင်းလဲလာနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ဥပဒေရေးရာ နဲ့ သဘာဝပတ်ဝန်းကျင်အပြောင်းအလဲတွေပေါ်မူတည်ပြီး သုံးသတ်ပြီး Analysis ပြုလုပ်ရပါတယ်။ ဒီပေါ်မှာမူတည်ပြီး ဘယ်လို မဟာဗျူဟာသုံးမလဲ စဉ်းစားရပါတယ်။
ဈေးကွက်သုံးသပ်ချက်ကိုရေးရပါတယ်။ Market Analysis – ကျွန်တော်တို့ဆီဝယ်ယူတဲ့ဖောက်သည်တွေ၊ ပြိုင်ဖက်တွေဆီက ဝယ်ယူတဲ့သူတွေ၊ ဘယ်သူ့ဆီမှ မဝယ်ယူသေးသူတွေ။ ပြီးရင် Competitive Matrix တည်ဆောက်ရပါတယ်။ ဘယ်ပြိုင်ဖက်ဆိုရင်တော့ ဘယ်အပိုင်းမှာ ပိုအားသာတယ်ဆိုတာမျိုး ရေးပါမယ်။
ဒီပေါ်မှာ မူတည်ပြီး ဘယ် features တွေကိုပိုကောင်းအောင်လုပ်ရမယ်။ ဘာတွေပြင်ရမယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။
S – STP (Segmentation, Targeting, Positioning)
တူရာတူရာကိုစုလိုက်တာကို Segmentation လို့ခေါ်ပါတယ်။ အကြမ်းဖျင်းလေးမျိုးနဲ့ ခွဲလို့ရပါတယ်။
-Demographic – Income, Age, Gender, Height & Weight) -Geographic Segmentation – where they are physically -Behavioral segmentation – by the things they do, where, how, price sensitivity -Psychographic – Image or Prestige, Convenience
နောက်တစ်ခုကတော့ Targeting ပါ။ ဥပမာ ကိုယ်က Cosmetics ရောင်းတယ်ဆိုပါတော့
အသက် ၂၅ အသားညိုသူတွေနဲ့ဝက်ခြံပေါက်တဲ့အမျိုးသမီးများ နယ်မှာနေတဲ့သူများ နှစ်လတစ်ခါ မျက်နှာသစ်ဆပ်ပြာဝယ်တယ်။ Whitening ပါပြီး Acne remover ပါတဲ့ မျက်နှာသစ်ဆပ်ပြာကိုရွေးချယ်တယ်။
Positioning မှာတော့ Positioning Map ကိုတည်ဆောက်ပြီး Positioning statement ရေးရပါတယ်။ Message ကိုတည်ဆောက်ရပါတယ်။
Sapwar.com
Marketing System for Sustainable Growth
You don't permission to access this content. Please SUBSCRIBE here.