Marketing အလုပ်အကိုင်

ဒီနေ့လို အပြောင်းအလဲအရမ်းကြီးပြီး မသေချာမရေရာတဲ့ ကာလမှာ သေချာစဥ်းစားလို့ရအောင် ဒါလေးကို ရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။
Marketing ဆင်းတယ်။ Digital Marketing လုပ်တယ်။ Facebook က boost လုပ်တယ်။ ငါတို့က Marketing Diploma တန်းတွေတက်နေတယ်။ စသဖြင့် ကြားရတဲ့အခါ Marketing ဆိုတာ ဘာလဲပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။
ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်း၊ ကိုယ်အလုပ်လုပ်တဲ့ organization ပေါ်မူတည်ပြီး လုပ်ဆောင်ရတဲ့အချက်တွေ အများကြီး အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။
Marketing နယ်ပယ်ထဲမှာပါဝင်တဲ့ အလုပ်အကိုင်တွေကို မပြောခင် marketing ရဲ့ အဓိက တာဝန်ကိုသိထားဖို့လိုပါတယ်။ Marketing ရဲ့အဓိက တာဝန်က
၁။ ဖောက်သည်တွေကို ဂဂဏဏနားလည်ဖို့ (သူတို့ရဲ့ စဥ်းစားတွေးခေါ်ပုံ၊ ယဥ်ကျေးမှု၊ အပြုအမူ အစရှိတာတွေပါဝင်ပါတယ်။)၊
၂။ ဖောက်သည်တွေရဲ့ ပြဿနာ (လိုချင်မှု၊ လိုအပ်မှု) ကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုဖန်တီးနိုင်ဖို့၊
၃။ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့အားသာချက်တွေကို ဖောက်သည်တွေသိဖို့၊ ဝယ်ဖို့၊ ပြန်ဝယ်ဖို့၊ တခြားဖောက်သည်တွေကို ပြန်ပြောပြဖို့၊ ကိုယ့်ကုန်ပစ္စည်းကို ချစ်ဖို့ အစရှိတဲ့ လုပ်ငန်းစဥ်တွေပါဝင်ပါတယ်။
ဒါကြောင့်မို့ Seth Godin ကိုတွေ့တုန်း marketing မှာ အရေးအကြီးဆုံးစကားလုံးတစ်လုံးက ဘာဖြစ်မလဲမေးတော့၊ culture ယဥ်ကျေးမှုဆိုပြီး ပြန်ဖြေတာလေး တော်တော်သဘောကျပါတယ်။ ကာလ ဒေသပေါ်မူတည်ပြီး marketing ဆိုတာ ဖြစ်တည်နေတာဖြစ်ပါတယ်။ အရိပ်သုံးပါး နားလည်နှံ့စပ်ဖို့လိုပါတယ်။
ကျွန်တော်တို့ရဲ့ ယဥ်ကျေးမှုဆိုတာကို နားလည်ဖို့ ကိုယ် marketing လုပ်တဲ့နိုင်ငံမှာ သာမာန်လူတစ်ယောက်ရဲ့တစ်ရက်တာဖြတ်သန်းမှု day in the life ကို သိရပါတယ်။ နောက် ကိုယ့်ရဲ့အလားအလာရှိတဲ့ ဖောက်သည်ရဲ့ တစ်ရက်တာဖြတ်သန်းမှုကို သိရပါတယ်။ ဒီဖြတ်သန်းမှုပေါ်မှာမူတည်ပြီး marketing ဆိုတာ ဖြစ်ပေါ်လာပါတယ်။
Marketing/ market research, content marketing specialist, content curator, digital marketing specialist, marketing executive, marketing manager, product manager အစရှိတဲ့ traditional marketing အလုပ်အကိုင်တွေကို တွေ့နိုင်သလို နည်းပညာ company တွေမှာတော့ growth hacker, chief evangelist (Guy Kawasaki) အစရှိတဲ့ စကားလုံးတွေကိုလဲတွေ့ရမှာဖြစ်ပါတယ်။
တကယ်လို့ ကိုယ်က marketing agency လောကမှာဆိုရင်တော့ account manager, creative director, PR officer အစရှိတဲ့ post တွေနဲ့ တွေ့ရမှာဖြစ်ပြီး အခြေခံသဘောတရားတူပေမယ့် လုပ်ပုံကိုင်ပုံတော်တော်လေးကွဲပြားသွားပါမယ်။
Branding နဲ့ marketing ပြုလုပ်တဲ့ပုံ customer acquisition ပြုလုပ်ပုံတွေက B2B, B2C, product/ service သဘာဝပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။
မတူညီတဲ့ Marketing အလုပ်အကိုင်များစွာမှာ တူညီတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ Branding နဲ့ Marketing fundamentals တွေပါ။ Diploma သင်တန်းတွေစနစ်တကျလေ့လာကြတယ်ဆိုတာ ဒီ fundamentals တွေ၊ marketing framework တွေ၊ concept တွေကို လေ့လာကြတာဖြစ်ပါတယ်။ ဥပမာ new product development လုပ်တော့မယ်ဆို အစကနေတီထွင်စရာမလိုဘူး marketing framework ရှိပြီးသား၊ လုပ်ငန်းချဲ့ဖို့ growth strategies လိုတယ်၊ မတူညီတဲ့ product porfolio ကို စီမံခန့်ခွဲဖို့လိုတယ်ဆိုရင် အားလုံးအတွက် framework ရှိတယ်။ ဒါကြောင့် marketing fundamentals ကို စနစ်တကျလေ့လာဖို့ textbook တွေ theories တွေ၊ framework တွေလိုတာဖြစ်ပါတယ်။
Technical တွေကတော့ အမြဲပြောင်းနေပါလိမ့်မယ်။ email marketing လုပ်တဲ့ပုံစံ၊ messenger marketing နဲ့ အစအစရှိတာတွေပြောင်းလဲနေပါမယ်။ ကိုယ့်အလုပ်အတွက်လဲ အပြောင်းအလဲတွေကို သေချာလေ့လာနေရပါမယ်။
ဒါကြောင့်လဲ Marketing guru ကြီး Philip Kotler က marketing ကို လေ့လာဖို့ တစ်ရက်ပဲလိုတယ်။ ဆရာကျဖို့ တစ်သက်လိုတယ်လို့ ဥပမာပေးခဲ့ပါတယ်။
Sapwar – Marketing System for Sustainable Growth

Please Login to Marketing အလုပ်အကိုင်

or