Challenger Brand ဆိုတာ

လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်က စီးပွားရေးသမားတစ်ယောက်ဟာ Puerto Rico ကနေ BVI (British Virgin Island) သွားဖို့ လေယာဉ်စောင့်တဲ့နေရာမှ လူမပြည့်လို့ flight canceled လုပ်ခံရတယ်။ ဒါနဲ့ ဒီလူငယ်စီးပွားရေးသမားဟာ ဘုတ်တစ်ခုပေါ်မှာ BVI သို့သွားမည် တစ်ယောက် $39 ဆိုတာရေးပြီးနောက်မှာ Virgin Airline ဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီလူကတော့ ကျွန်တော်တို့အားလုံးသိတဲ့ Richard Branson ပါ။
ဒီလိုပဲ စီးပွားရေးလုပ်ငန်းတွေမှာ Market Leader တွေဟာ တစ်ခါတရံမှာ အတိတ်ရဲ့အောင်မြင်မှုတွေမှာ ပျော်မွေ့နေတတ်ကြတယ်။ ဒီတော့ ဒီ Market Leader တွေကို Challenge လုပ်မည့် Challenger Brand တွေလိုလာတယ်။ Virgin Airline ဆိုတာကတော့ Challenger Brand တစ်ခုဖြစ်ခဲ့တယ်။ John Scully လက်ထက်မှာ Pepsi Generation Campaign ဆိုပြီး Coca Cola ကို အကြီးအကျယ် Challenge လုပ်ခဲ့တယ်။ Email အစားသုံးလာတဲ. Workplace Communication Platform Slack ဟာ challenger brand ပါ။ Snapchat, Tesla ဟာ challenger brand ပါ။ Uber ကို direct challenge လုပ်တဲ့ Lyft ဟာ Challenger Brand ပါ။ users တွေလုပ်တဲ့ #DeleteUber campaign အပြီးမှာ market share အကြီးအကျယ်တက်လာတယ်။
အများစုထင်နေကြတဲ့ Challenger Brand ဆိုတာ ……….. အများစုဟာ Market Leader ထက် ဈေးကွက်ဝေစုနည်းတဲ. တစ်နည်းအားဖြင်. textbook တွေမှာ ရေးထားတဲ. market follower နဲ့ မှတ်ကြပါတယ်။ အမှန်တော့ Challenger Brand တစ်ခုကို Adam Morgan ကတော့ criteria သုံးချက်နဲ့ သတ်မှတ်ပါတယ်။
  1. State of the Market – ဈေးကွက်ဝေစုအကြီးဆုံးရထားတဲ. market leader မဟုတ်သလို Nicher လည်းမဟုတ်ပါဘူး။
  2. State of Mind – အရေးအကြီးဆုံးဖြစ်ပါတယ်။ Challenger ဆိုတာ စိတ်အခြေအနေနဲ့ထားတဲ့စိတ်သဘောထားပေါ်မှာ မူတည်ပါတယ်။ David and Goliath ပုံပြင်အရဆိုရင် David လိုစိတ်ဓာတ်ရှိတဲ့Brand မျိုးပါ။ ရန်သူ ဘယ်လောက်ကြီးကြီး ရင်ဆိုင်မယ်ဆိုတဲ့ attitude မျိုးနဲ့ပါ။ Apple ရဲ့ 1984 Super Bowl Commercial မှာ Apple ရဲ့ state of mind ဟာ Challenger State of Mind ပါ။ ကိုယ့်မှာရှိတဲ့ရည်မှန်းချက်ဟာ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်ထက်ကြီးနေပြီး ဒါကို အဖြစ်ဖြစ်အောင် လုပ်နိုင်တဲ့ စိတ်ဓာတ်မျိုးပါ။ ဘုရင့်နောင်ဖောင်ဖျက်တဲ့စိတ်ဓာတ်မျိုးပါ။
  3. Rate of Success – အောင်မြင်မှုနှုန်းမြန်တာပါ။ တစ်ချိန်မှာ နှေးသွားတာဖြစ်နိုင်ပေမယ့် Market Leader ကို အချိန်တိုအတွင်းမှာ ဘယ်လို growth hacking လုပ်လို့ရတယ်ဆိုတာ ပြသွားတဲ့ brand မျိုးပါ။ ဥပမာ Jet
Challenger Brand ကို သတ်မှတ်တဲ. ဖြစ်အောင် လုပ်ဆောင်ကြတဲ့အချက် အများကြီးရှိပေမယ့် ကျွန်တော်အကြိုက်ဆုံးအချက် 2 ချက်ကတော့
  1. Lighthouse Identity – ဒီမှာတော့ Image ကို ပြောတာမဟုတ်ဘဲ Identity ကိုပြောဖြင်းဖြစ်ပါတယ်။ Identity ဆိုတာကတော့ ဥပမာ မြန်မာလိုပြောလိုက်ရင် ရှိတဲ့ အရည်အသွေးတွေဖြစ်ပြီး Image ကတော့ သူများကိုယ့်ကို မြင်တဲ.အမြင်တွေဖြစ်ပါတယ်။ Diesel Jeans Company မှာ ကိုယ့်ရဲ့ဘဝနေထိုင်မှုအတွေးအခေါ်ရှိပါတယ်။ Facebook ဟာ move fast and break things ဆိုပြီး သူ့ကိုယ်သူ Movement တစ်ခုလို.မြင်ပါတယ်။ ဥပမာ Apple မှာ Help Desk ဆိုတဲ့စကားလုံးအစား Genius Bar လိုမျိုးစကားလုံးသုံးတာ Identity တည်ဆောက်ထားတာတွေဟာ Challenger Brand တွေရဲ့ Identity ပါ။ နောက်ပြီး Snapchat မှာ Camera Company ဆိုတဲ့ Identity နဲ့ challenger brand တစ်ခုပါ။
  2. Thought Leadership – Follower တွေလို copy လုပ်တာထက် Idea Center ဖြစ်ဖို့ကြိုးစားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် Samsung ဟာ Follower ကနေ Challenger Status ကိုတက်လာတာ Samsung S8 ကို ကြည်.ခြင်းအားဖြင့် တွေ.နိုင်ပါတယ်။ Knox လိုမျိုး feature အပြင် DeX Station အသုံးပြုပြီး Computer နဲ့တွဲလာနိုင်တာတွေ။ ဥပမာအားဖြင့် Smartphone တစ်လုံးသို့မဟုတ် ကုန်ပစ္စည်းတစ်ခုရဲ့ definition ကို အသစ်ပြန် define လုပ်တာမျိုး။ ဥပမာ Xiaomi MIUI မှာ Redefining Android ဆိုတဲ့ slogan နဲ့ လာတာမျိုးဟာ Challenger Brand တစ်ခုမှာ ရှိတဲ.အချက်တွေဖြစ်ပါတယ်။
(P.S – Market Leader ဟာလည်း Challenger State of Mind ရှိရင် Challenger Brand ဖြစ်နိုင်ပါသည်။)
အောင်မြင်သော challenger brand များကိုမွေးထုတ်နိုင်သောစွန့်ဦးတီထွင်များဖြစ်ကြပါစေဆိုတာ မြန်မာပြည်ရဲ့ ပြည်တွင်း brand များစတင်ရာ မန္တလေးမှ ဆုတောင်းလိုက်ပါတယ်။
Sapwar.com
Marketing System for Sustainable Growth

Please Login to Challenger Brand ဆိုတာ

or