လက်ကိုင်ထားသင့်တဲ့ အယူအဆ

၁။ Day Trading Attention
Day Trade လုပ်တယ်ဆိုတာ stock တွေကို ဝယ်ပြီးအမြတ်ရတာနဲ့ မြန်မြန်ပြန်ရောင်းတာလို့ အကြမ်းဖျင်းယူဆလို့ရတယ်။ ဒါကတော့ Garyvee ရဲ့ အယူအဆတစ်ခုဖြစ်တယ်။ လူတွေရဲ့ အာရုံကို day trade လုပ်နိုင်ဖို့ platform က social media (Facebook, Instagram, Linkedin, etc) နဲ့ video sharing site (Youtube, Tiktok) တွေဖြစ်တယ်။ Currency ကတော့ video, audio and written content ဖြစ်တယ်။ Seth Godin ကလဲ Content Marketing ဆိုတာတစ်ခုတည်းကျန်တဲ့ marketing လို့ဆိုခဲ့တယ်။
၂။ Media Company တစ်ခုလိုစဉ်းစားပါ။
ဒါကလဲ Garyvee ရဲ့ အယူအဆတစ်ခုပဲ။ သင့်ကိုယ်သင် media company တစ်ခုလိုယူဆဖို့လိုတယ်။ Media company ကဘာလုပ်သလဲ? Breaking news တွေထုတ်လွင့်တယ်။ သင်တင်လိုက်တဲ့ သတင်းတွေဟာ Breaking news ဖြစ်နေဖို့ သင့်ကိုယ်သင် media company တစ်ခုလိုစဥ်းစားရတယ်။ content တွေ ဖန်တီးရတယ်။ Podcast တွေ၊ Interview တွေလုပ်ရတယ်။
၃။ သင်ဟာ သင့်ရဲ့ Critical Success Factor ပါ။
သင့်ရဲ့ marketing competitive edge က သင်ကိုယ်တိုင်ပါပဲ။ Founder ကိုယ်တိုင်က media company တစ်ခုလို မစဥ်းစား၊ attention ကို day trade မလုပ်ပဲ operation ထဲမှာ နစ်မြုပ်နေတာဟာ နည်းနည်းအန္တရာယ်များပါတယ်။ စျေးကွက်က သင့်ကိုမသိရင် သင့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ဘယ်လောက်ကောင်းအောင်လုပ်ထားလုပ်ထား သတိပြုမိမှာမဟုတ်တဲ့အတွက် ဝယ်မှာမဟုတ်ပါဘူး။
၄။ Smallest Viable Market ကိုသွားပါ။
1000 true fans ဆိုတာ Kelly Kevin ရဲ့အယူအဆတစ်ခုပါ။ သင့်လုပ်ငန်းအောင်မြင်ဖို့ folllower million နဲ့ချီမလိုပါဘူး။ သင့် idea ကိုယုံကြည်ပြီး အားပေးတဲ့ 1000 raving fans ပဲလိုပါတယ်။ ဒါကိုတော့ Seth Godin က smallest viable market လို့ခေါ်ခဲ့ပါတယ်။ ဒီကမှ တဖြည်းဖြည်း innovator, early adoptor, early majority, late majority, laggards ကိုချဲ့သွားတာကို Roger’s diffusion of innovation လို့ခေါ်ပါတယ်။
၅။ Social Media follower 1 million Vs Key word search ဘာကိုရွေးမလဲ။
ဒီမေးခွန်းရဲ့အဖြေက နှစ်ခုစလုံးကိုသွားဖို့ content တွေ produce လုပ်ဖို့လိုပါတယ်။
၆။ Digital Assets
သင့်ရဲ့ Facebook Page က သင့်အတွက် Digital Asset တစ်ခုပါ။ သင်ဖန်တီးထားတဲ့ Online Course နဲ့ တင်ထားတဲ့ content တွေမှာ သင့်ရဲ့ digital asset တစ်ခုပါ။ personal brand ဟာ asset တစ်ခုပါ။ customer list ဟာ asset တစ်ခုပါ။ customer relationship ဟာ asset တစ်ခုပါ။ ဒီလို intangible asset တွေကို မြင်နိုင်ဖို့အရေးကြီးတယ်။
၇။ Sale fixes everything.
ကိုယ်ဘာကောင်ကြီးဖြစ်နေဖြစ်နေ အရောင်းမရှိက ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ Awareness ကိုပဲ run တဲ့ခေတ်ကုန်သွားပါပြီ။ Call to action မြန်မြန်လုပ်နိုင်ဖို့အတွက် Jab Jab Jab Right Hook ဆိုပြီး content marketing မှာ ပြောတဲ့ 4:1 strategy ကိုသွားဖို့လိုလာပါတယ်။ 4 contents + 1 copywriting.
အယူအဆမတူရင် direction မတူပါဘူး။ ဒါကတော့ ကျွန်တော်ယုံကြည်လက်ခံထားတဲ့ ဒီနေ့ခေတ်အယူအဆပါ။
Sapwar.com – Marketing System for Sustainable  Growth

Please Login to လက်ကိုင်ထားသင့်တဲ့ အယူအဆ

or