ဆွဲဆောင်နည်း

Copywriting (ကြော်ငြာရေး) တဲ့အခါ ဆွဲဆောင်နည်း Persuasion techniques လိုပါတယ်။ နည်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁. Features Vs Benefits Features ပါကတော့ လုပ်ဆောင်နိုင်စွမ်း features တွေထက် အကျိုးရလဒ်တွေကို ပိုပြီး အာရုံစိုက်ရေးဖို့လိုပါတယ်။ ဥပမာ ဒီမျက်နှာသစ်ဆပ်ပြာမှာ Q10 ပါတယ် ဆိုတာထက် အသားအရည် အရေးအကြောင်းကို ဖယ်ရှားပြီး နုပျိုစေတယ်ဆိုတာမျိုးဖြစ်ပါတယ်။
၂. Emotion စိတ်ခံစားမှုကို အသုံးချခြင်း လူတွေမှာ left brain နဲ့right brain ရှိပါတယ်။ left brain ကတော့ ရုပ်တိဆန်တဲ့တွက်ချက်မှု အစရှိသည်များကို လုပ်ဆောင်ပြီး၊ right brain ကတော့ စိတ်ခံစားမှု ဆိုင်ရာအပိုင်းများနှင့် သက်ဆိုင်ပါသည်။ Right brain အလုပ်လုပ်ဖို့စိတ်ခံစားမှုကို အသုံးပြုဖို့လိုပါတယ်။ ဒါ့ကြောင့်Coca Cola ကြော်ငြာအများစုသည် Open Happiness ဆိုတဲ့ tagline နဲ့စိတ်ခံစားမှုကို နိုးဆွပါသည်။ Urgency အရင်လိုမှု၊ Scarcity ရှားပါးမှုကိုအသုံးချပြီးရောင်းပါ။
၃. တိကျသေချာခြင်း Being Specific ဒီ Shampoo တစ်ခုဖြစ်လာဖို့ အရွက်ပေါင်း 2421 ရွက်ကုန်ပြီးမှ ဖြစ်လာတယ် ဆိုတာမျိုး။ တိကျတဲ့အခါ ပိုမိုဆွဲဆောင်မှု ဖြစ်စေပါတယ်။ ကိန်းဂဏန်းတွေ တိတိကျကျနဲ့ပြောဆိုခြင်းဟာ ကြော်ငြာမှာ ဆွဲဆောင်မှုတစ်ခုဖြစ်စေပါတယ်။ ဥပမာ Blog တစ်ခုအနေနဲ့စခဲ့တဲ့ website တွေဖန်တီးတဲ့ WordPress အနေနဲ့Wordpress now empowers 25% of the internet ဆိုပြီးကြော်ငြာပါတယ်။
၄. ထောက်ခံချက်တွေ Testimonials ကိုယ့်ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုအကြောင်းရေးထားတဲ့ Customer တွေရဲ့စိတ်ကြေနပ်မှုတွေ၊ video တွေဟာ ကြော်ငြာမှာ များစွာထိရောက်စေပါတယ်။
၅. ထပ်ခါထပ်ခါပြောပါ။ Repetition ကြော်ငြာတစ်ခုထဲ မှာ ကိုယ်ဖြစ်စေချင်တဲ့အကြောင်းအရာကို လေးခါလောက်မသိမသာထည့်ရေးပါ။ ဥပမာ Video ကြော်ငြာတွေမှာ ဝယ်ယူတာဖြစ်စေဖို့ buy ဆိုတဲ့စကားလုံးကို လေးငါးကြိမ်းလောက်ေ အနည်းဆုံးပြောပါတယ်။ မသိစိတ်ကိုအသုံးချပြီး ရောင်းချတဲ့သဘောပါ။ Subliminal message ဆိုတဲ့ကြောင်းတွေလည်းရှိပြီး Obama မဲဆွဲတုန်းကလည်း I will be your president ကို ထပ်ခါထပ်ခါသုံးခဲ့တာတွေ့ရမှာပါ။

Sapwar.com
Marketing System for Sustainable Growth

 

Please Login to ဆွဲဆောင်နည်း

or