အမှန်တော့ Marketing ဆိုတာ ကျယ်ပြန်သလို၊ ရိုးလဲရိုးရှင်းတယ်။ မေးစရာရှိတာ လမ်းထိပ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ တရုတ်အဘိုးကြီးက marketing ပညာမသင်ဖူးပေမယ့် သူ့ဆိုင်ရောင်းနေရတယ်။ ဘာကြောင့်ပါလိမ့်။​ဘာကြောင့်လဲဆိုတော့ ဖောက်သည်အကြောင်းသူကောင်းကောင်းနားလည်လို့၊ ဖောက်သည်ဘာလိုချင်လဲဆိုတာသူသိလို့။ နောက်ဆိုင်ဖွင့်လာတာကြာပြီဖြစ်လို့။
ဒီနေ့ခေတ်က အရင်ခေတ်နဲ့စီးပွားရေးလုပ်ပုံကွာသွားပြီ။​ ဖောက်သည်လိုချင်တာတစ်ခုတည်းသိရုံနဲ့မရတော့ဘူး။ စျေးနှုန်းအပိုင်း၊ ကုန်ပစ္စည်း ဒီဇီုင်းအပိုင်း၊ ငွေပေးချေမှုအပိုင်း အစရှိတာတွေအပိုင်းမှာ ပြိုင်ရသလို အရေးအကြီးဆုံးအပိုင်းတစ်ခုမှာပါ ပြိုင်ရပါတယ်။ ဒါကတော့ idea ပါ။ အင်္ကျီပဲရောင်းရောင်း၊ cosmetic ပဲရောင်းရောင်း၊ ဖုန်းပဲရောင်းရောင်း ဘာပဲရောင်းရောင်း လူတွေက ကိုယ့် idea ကိုဝယ်ကြတာဖြစ်ပါတယ်။ လူတိုင်းကိုယ့် idea ကို heart ထိချင်မှထိလိမ့်မယ်။ တချို့တွေက ကိုယ်နဲ့ထပ်တူကျလိမ့်မယ်။ ဒီလူတွေက ကိုယ့်ဖောက်သည်ဖြစ်လာလိမ့်မယ်။​
စာရေးတယ်ဆိုတာ ကိုယ့် အတွေးကိုရှင်းအောင်လုပ်တာဖြစ်တယ်။​ စာရေးတာဟာ ကိုယ့်အတွေးကို တခြားသူတွေကို ချပြတာဖြစ်တယ်။ ကိုယ့်အတွေးကို စာရေးချပြဖို့အတွက် အတွေးရှင်းဖို့လိုတယ်။ စာရေးပြီးစာဖတ်သူတွေကိုချပြတာဟာ သူတိို့အသံကိုနားထောင်ရာလဲရောက်တယ်။ Content တစ်ခုလဲဖြစ်သွားတယ်။ ကိုယ့် audience တွေရဲ့အထင်အမြင်ကိုလဲ research လုပ်လို့ရတယ်။ ကိုယ့် idea ကိုလဲ test လုပ်လို့ရတယ်။
စာရေးပြီး personal branding လဲလုပ်လို့ရတယ်။ စာရေးပြီး written content တွေတည်ဆောက်လို့ရတဲ့အတွက် content marketing အတွက်လဲအဆင်ပြေတယ်။ စာရေးတဲ့အခါ ကိုယ်တင်ပြမည့်အကြောင်းအရာ၊​ အထင်အမြင်ကို backup လုပ်ဖို့ ရှာဖွေရတဲ့အတွက် ဗဟုသုတလဲတိုးစေတယ်။ ဒါကြောင့်ကိုယ့်အတွေးအခေါ်တွေကို ပြောပြရမှာမရှက်ပါနဲ့။ Idea အခိုးခံရမှာမကြောက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ idea ဆိုတာ muscle လိုပါပဲ။ လေ့ကျင့်လေပိုများများထွက်လာလေဖြစ်ပါတယ်။ စာရေးပါ။

Sapwar.com
Marketing System for Sustainable Growth

 

Please Login to စာရေးပါ။

or